မသန်စွမ်းသူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းမယ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀-၂၀၁၉
စွဲ့ဝတီ(VOM)
လာမယ့္ ၂၀၂၀ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအနေနဲ့ အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲ လွတ်လပ်စွာ မဲပေးနိုင်ဖို့ ပြန်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေသိရပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း မသန်စွမ်းတွေ မဲပေးဖို့အတွက် ရသင့်သလောက်ရတာရှိပါတယ်။ အပြည့်အဝမဖြစ်ဘူး။ လွတ်လွတ်လပ်လပ်ဖြစ်ဖို့ အရေးကြီးတာပေါ့။ မျက်မမြင်တို့ ၊ နားမကြားတို့ ၊ ကိုယ်ပိုင်လွတ်လပ်စွာ မဲပေးနိုင်အောင်လို့ အထောက်အကူပြုပုဂ္ဂိုလ်ပါတဲ့ အခါကျတော့ အထောက်အကူပြုပုဂ္ဂိုလ်က လွှမ်းမိုးတတ်တယ်။ အဲလို အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲနဲ့ မဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုပြီးတော့ ဆောင်ရွက်ပေးမယ်။ သူတို့ကလည်း လုပ်ပေးမယ်ဆိုတဲ့ လိုလိုလားလား ပြန်ကြားမူရှိပါတယ်။ တိုးတက်မူစောင့်ကြည့်ရမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။
လွတ်လပ်စွာမဲပေးခွင့်မှာ မျက်မမြင်တွေအတွက် လက်နဲ့ စမ်းရတဲ့စာများ ဆောင်ရွက်ပေးပါက သူတို့မဲပေးချင်တဲ့ ပါတီကိုသိရှိပြီး အထောက်အကူပြု ပုဂ္ဂိုလ်မလိုတော့ဘဲ မဲပေးနိုင်မှာဖြစ်ပြီး နားမကြားတွေ မဲပေးနိုင်ဖို့အတွက် သတင်းအချက်အလက် လုံလောက်စွာရှိဖို့လိုတယ်လို့ သိရပါတယ်။
“အဲသတင်းအချက်အလက်တွေကို ရဖို့အတွက်လိုတယ်။ ကျွန်တော်တို့ ညှိုထားတာရှိတယ်။ ဒါကတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့လည်းဆိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း ဆိုင်တယ်။ သူတို့ဆောင်ရွက်ပေးမယ်ပြန်ကြားမူရှိပါတယ်”လို့ ဦးစစ်မြိုင်ကပြောပါတယ်။
လက်ရှိ မဲဆန္ဒရှင်ကောက်တဲ့စာရင်းတွေမှာ မသန်စွမ်းဦးရေအချက်အလက်တွေ ထည့်ကောက်ပေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမူတွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မူတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က အမူဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောပါတယ်။ “ရွေးကောက်ပွဲမှာမဲပေးတာနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးလုပ်ငန်းတွေကို ဆက်လုပ်ဖို့ ၊ မဲရုံတွေမှာ ဝှီးချဲနဲ့လည်း တက်လို့ရအောင် မသန်စွမ်းတွေ အဆင်ပြေပြေ မဲပေးနိုင်တဲ့ မဲရုံတွေ ဖြစ်ပေါ်လာအောင်လို့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိတယ်”လို့ ဦးစစ်မြိုင်ကပြောပါတယ်။
၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ ၂ဒသမ ၃သန်းရှိပြီးတော့ စိတ်ကျန်းမာရေးကောင်းမွန်ပြီး အရွယ်ရောက်ပြီးသူတိုင်း မဲပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #ရန်ကုန် #မသန်စွမ်း #ရွေးကောက်ပွဲကော်မရှင်
Zawgyi