အရေးယူဆောင်ရွက်မှု ပျက်ကွက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို နှုတ်ထွက်ပေးရေး တောင်သူတွေ ဆန္ဒပြ

ပဲခူး ဒီဇင်ဘာ ၁၀-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက မြေနုကျွန်းမြေပေါ် ဥပဒေမဲ့ ကျူးကျော်စိုက်ပျိုးနေသူတွေကို အရေးယူဆောင်ရွက်မှု ပျက်ကွက်တယ်လို့ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို နှုတ်ထွက်ပေးဖို့အတွက် တောင်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။ ‟ဒီပုံစံ (၇)အတု ထုတ်ပေးတဲ့ မြေစာရင်းဝန်ထမ်းတွေကို အရေးယူပေးပါ၊ ဒီပုံစံ(၇)က ဘယ်နည်းနဲ့မှ ထုတ်ပေးလို့မရပါဘူး။ သူတို့တွေသိပါတယ်၊ မသိနားမလည်တဲ့ တောင်သူတွေကို ဘာကြောင့် ခုလိုလုပ်တာလဲ၊ ကျမတို့က ဘယ်သူ့ထဲကမှ တောင်းထားတာ မဟုတ်ပါဘူး။ ဘယ်သူ့ဆီကမှ မတရား ယူထားတာလည်း မဟုတ်ပါဘူး။ တရားသဖြင့် ဥပဒေဘောင်အတွင်းက ခရိုင်ကလာချပေးထားတာပါ၊ ဒါတွေကို မြို့နယ်၊ တိုင်း၊ ခရိုင်၊ လယ်/ဆည် ဝန်ကြီး၊ ပဲခူးတိုင်းဝန်ကြီးချုပ် အားလုံးတိုင်ထားပါတယ်။ ဘယ်သူမှ ဒီနေ့အထိ ဆောင်ရွက်ပေးခြင်းမရှိလို့ အခုလိုဆန္ဒဖော်ထုတ်ရတာပါ”လို့ ဆန္ဒပြသူ မယုနန္ဒာနိုင် ကပြောပါတယ်။ ဆန္ဒပြရာမှာ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာက မြေနုကျွန်းခွဲဝေချထားပေးတဲ့…

Read More

မသန်စွမ်းသူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းမယ်

မသန်စွမ်းသူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းမယ်   ရန်ကုန်၊ ဒီဇင်ဘာ ၁၀-၂၀၁၉ စွဲ့ဝတီ(VOM) လာမယ့္ ၂၀၂၀ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအနေနဲ့ အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲ လွတ်လပ်စွာ မဲပေးနိုင်ဖို့ ပြန်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေသိရပါတယ်။   “ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း မသန်စွမ်းတွေ မဲပေးဖို့အတွက် ရသင့်သလောက်ရတာရှိပါတယ်။ အပြည့်အဝမဖြစ်ဘူး။ လွတ်လွတ်လပ်လပ်ဖြစ်ဖို့ အရေးကြီးတာပေါ့။ မျက်မမြင်တို့ ၊ နားမကြားတို့ ၊ ကိုယ်ပိုင်လွတ်လပ်စွာ မဲပေးနိုင်အောင်လို့ အထောက်အကူပြုပုဂ္ဂိုလ်ပါတဲ့ အခါကျတော့ အထောက်အကူပြုပုဂ္ဂိုလ်က လွှမ်းမိုးတတ်တယ်။ အဲလို အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲနဲ့ မဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုပြီးတော့ ဆောင်ရွက်ပေးမယ်။ သူတို့ကလည်း လုပ်ပေးမယ်ဆိုတဲ့ လိုလိုလားလား ပြန်ကြားမူရှိပါတယ်။ တိုးတက်မူစောင့်ကြည့်ရမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က…

Read More

ရုရှားနိုင်ငံကို ကမ္ဘာ့ဖလားအပါအဝင် နိုင်ငံတကာအားကစားပွဲတွေမှာ ယှဉ်ပြိုင်ခွင့်လေးနှစ်ပိတ်

ရုရှားနိုင်ငံကို ကမ္ဘာ့ဖလားအပါအဝင် နိုင်ငံတကာအားကစားပွဲတွေမှာ ယှဉ်ပြိုင်ခွင့်လေးနှစ်ပိတ် မော်စကို၊ ဒီဇင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ဟာ ရုရှားနိုင်ငံကို အဓိကယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေ အားလုံးမှာ ပါဝင်ခြင်းကို တားမြစ်လိုက်ပါတယ်။ ဒီလိုတားမြစ်လိုက်တာကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်နဲ့ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေမှာ ရုရှားအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် တားမြစ်ဆေးအရှုပ်တော်ပုံမှာ မပါဝင်ကြောင်း သက်သေပြနိုင်သူ အားကစားသမားတွေကတော့ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အရေးအချို့ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ အယူခံဝင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဟာ ဆွစ်ဇာလန်နိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှားအပေါ်တားမြစ်ပိတ်ပင်တဲ့ အဲဒီဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်ထား ချခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စုံစမ်းစစ်ဆေးသူတွေထံလွှဲပြောင်းပေးခဲ့တဲ့ ဓါတ်ခွဲခန်း အချက်အလက်တွေကို ကြိုးကိုင်ချယ်လှယ်မှုတွေအတွက် ရုရှားတားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီက…

Read More

နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (မန္တလေး)

မန္တလေး ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ ဟိန်းကို(VOM) ICJ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခံရတာနဲ့ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသောအားဖြင့် ဒီကနေ့ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ လူထုထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့ပါတယ်။ လူထုထောက်ခံပွဲကို လူအင်အား (၁)သိန်း၀န်းကျင်နဲ့ပြုလုပ်ခဲ့ပြီး ထောက်ခံပွဲကို ဌာနဆိုင်ရာ၀န်ထမ်းများ၊ တက္ကသိုလ်အသီးသီးက ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်သူများ၊ ရဟန်းသံဃာတော်များ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #ICJ #မန္တလေး #ထောက်ခံပွဲ Zawgyi နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (မန္တလေး) မန္တလေး ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ ဟိန်းကို(VOM) ICJ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခံရတာနဲ့ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသောအားဖြင့် ဒီကနေ့ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ လူထုထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့ပါတယ်။…

Read More

ဟောင်ကောင် မငြိမ်မသက်မှုတွေဖြေရှင်းရေး အစိုးရအဖွဲ့ အပြောင်းလဲလုပ်ဖွယ်ရှိနေ

ဟောင်ကောင် မငြိမ်မသက်မှုတွေဖြေရှင်းရေး အစိုးရအဖွဲ့ အပြောင်းလဲလုပ်ဖွယ်ရှိနေ ဟောင်ကောင်၊ ဒီဇင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လကျော်ကြာဖြစ်ပွားနေချိန်မှာ ဟောင်ကောင်အစိုးရအဖွဲ့အပြောင်းအလဲလုပ်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီ အုပ်ချုပ်ရေးမှူး ကာရီလမ်းက ငြင်းဆိုခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပထမဦးစားပေးကတော့ တရားဥပဒေစိုးမိုးမှုပြန်လည် ရရှိရေးပင်ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေမှာ ဒီမိုကရေစီလိုလားသူတွေကို ထောက်ခံကြောင်းပြသခဲ့ပြီးကတည်းက ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးအကြီး အကျယ်ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်အကြာမှာ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အုပ်ချုပ်ရေးမှူးကာရီလမ်းက ယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ဟောင်ကောင်အစိုးမှာ ဖိအားတွေ များပြားလာခြင်းနဲ့ အတူ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကို ဖြေရှင်းဖို့ ယခုနှစ်ကုန်မှာ ဟောင်ကောင်အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ တရုတ်ဗဟိုအစိုးရက စဉ်းစားနေကြောင်း အက်ပဲဒေးလီးသတင်းစာက ဒီဇင်ဘာ ၁၀ ရက်မှာဖော်ပြထားပါတယ်။ အုပ်ချုပ်ရေးမှူး ကာရီလမ်းဟာ ဆယ်စုနှစ်များစွာအတွင်း ဟောင်ကောင်ရဲ့ အကြီးမားဆုံး နိုင်ငံရေး အကြပ်အတည်းနဲ့…

Read More

နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်)

Unicode နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်) ရန်ကုန် ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ သူရိန် (VOM) ICJ တွင်တရားစွဲဆိုခံရမှုနှင့်ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံသောအားဖြင့် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လူထုထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့သည်။ ယနေ့ပြုလုပ်မည့် လူထုထောက်ခံပွဲသို့ “နိုင်ငံ့ဂုဏ်သိက္ခာ ကာကွယ်ဖို့ အမေစုနဲ့ရပ်တည်စို့” ကြွေးကြော်သံများဖြင့် လူထုသောင်းနှင့်ချီသောပြည်သူများမှ မဟာဗန္ဓုလပန်းခြံသို့ လမ်း လျှောက်ချီတက်ခဲ့ကြသည်။ #voiceofmyanmar #ICJ #ထောက်ခံပွဲ #ရန်ကုန် Zawgyi နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်) ရန်ကုန် ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ သူရိန် (VOM) ICJ တွင်တရားစွဲဆိုခံရမှုနှင့်ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော…

Read More

လူ ၃၈ ဦး တင်ဆောင်ထားတဲ့ ချီလီစစ်လေယာဉ်တစ်စင်း ပျောက်ဆုံး

ဆန်တီယာဂို၊ ဒီဇင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) အန္တာတိကရှိ ချီလီလေတပ်အခြေစိုက်စခန်းကို သွားရောက်မယ့် ခရီးသည် ၃၈ ဦးတင်ဆောင်ထားတဲ့ သယ်ယူပို့ဆောင်ရေး စစ်ဘက်လေယာဉ်တစ်စင်းဟာ ဒီဇင်ဘာ ၉ ရက်က အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးနေတယ်လို့ ချီလီလေတပ်က ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးသွားတဲ့ လေယာဉ်နဲ့ပတ်သက်လို့ ချီလီစစ်ဘက်က တပ်လှန့်ထားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ C-130 Hercules အမျိုးအစားလေယာဉ်ဟာ လေယာဉ်အမှုထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၁ ဦးလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့အတူ အခြေအနေတိုးတက်မှုရှိမရှိ လေတပ်အခြေစိုက်ဌာနချုပ်ကနေ စောင့်ကြည့်နေတယ်လို့ ချီလီသမ္မတ ဆီဘတ်စတိန်းပင်နီရာက ပြောပါတယ်။ အဲ့ဒီလေယာဉ်ဟာ မြို့တော်ဆန်တီယာဂိုကနေ ကီလိုမီတာ ၃၀၀၀ ကွာဝေးတဲ့ ပန်တာအရီနာမြို့လေဆိပ်ကနေ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ပျံတက်ခဲ့ပြီး ညနေ ၆ နာရီကျော်မှာ…

Read More
VOM News

FREE
VIEW