ဟောင်ကောင် မငြိမ်မသက်မှုတွေဖြေရှင်းရေး အစိုးရအဖွဲ့ အပြောင်းလဲလုပ်ဖွယ်ရှိနေ

ဟောင်ကောင် မငြိမ်မသက်မှုတွေဖြေရှင်းရေး အစိုးရအဖွဲ့ အပြောင်းလဲလုပ်ဖွယ်ရှိနေ

ဟောင်ကောင်၊ ဒီဇင်ဘာ-၁၀-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လကျော်ကြာဖြစ်ပွားနေချိန်မှာ ဟောင်ကောင်အစိုးရအဖွဲ့အပြောင်းအလဲလုပ်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီ အုပ်ချုပ်ရေးမှူး ကာရီလမ်းက ငြင်းဆိုခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပထမဦးစားပေးကတော့ တရားဥပဒေစိုးမိုးမှုပြန်လည် ရရှိရေးပင်ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေမှာ ဒီမိုကရေစီလိုလားသူတွေကို ထောက်ခံကြောင်းပြသခဲ့ပြီးကတည်းက ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးအကြီး အကျယ်ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်အကြာမှာ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အုပ်ချုပ်ရေးမှူးကာရီလမ်းက ယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

သူ့ရဲ့ဟောင်ကောင်အစိုးမှာ ဖိအားတွေ များပြားလာခြင်းနဲ့ အတူ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကို ဖြေရှင်းဖို့ ယခုနှစ်ကုန်မှာ ဟောင်ကောင်အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ တရုတ်ဗဟိုအစိုးရက စဉ်းစားနေကြောင်း အက်ပဲဒေးလီးသတင်းစာက ဒီဇင်ဘာ ၁၀ ရက်မှာဖော်ပြထားပါတယ်။
အုပ်ချုပ်ရေးမှူး ကာရီလမ်းဟာ ဆယ်စုနှစ်များစွာအတွင်း ဟောင်ကောင်ရဲ့ အကြီးမားဆုံး နိုင်ငံရေး အကြပ်အတည်းနဲ့ ပတ်သက်လို့ တရုတ်အစိုးရတာဝန်ရှိသူတွေကို တင်ပြဖို့ ဒီဇင်ဘာ ၁၄ ရက်မှာ ပေကျင်းကို သွားရောက်မှာဖြစ်ပါတယ်။

မိမိရဲ့ ပထမဦးစားပေးလုပ်ငန်းကတော့ တရားဥပဒေစိုးမိုးရေးပြန်လည်ထူထောင်ဖို့ဖြစ်ပြီး ဟောင်ကောင်ရဲ့ စီးပွားရေးနဲ့ လူမှုရေးရာတွေ ဆက်လက်ရှေ့ဆက်သွားနိုင်ရေး သေချာအောင် လုပ်သွားမယ်လို့ ကာရီလမ်းက ပြောပါတယ်။

Ref : CNA
Photo: Reuters
#voiceofmyanmar #ဟောင်ကောင်မငြိမ်မသက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW