ရုရှားနိုင်ငံကို ကမ္ဘာ့ဖလားအပါအဝင် နိုင်ငံတကာအားကစားပွဲတွေမှာ ယှဉ်ပြိုင်ခွင့်လေးနှစ်ပိတ်

ရုရှားနိုင်ငံကို ကမ္ဘာ့ဖလားအပါအဝင် နိုင်ငံတကာအားကစားပွဲတွေမှာ ယှဉ်ပြိုင်ခွင့်လေးနှစ်ပိတ်

မော်စကို၊ ဒီဇင်ဘာ-၁၀-၂၀၁၉
မျိုးဆက် (VOM)

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ဟာ ရုရှားနိုင်ငံကို အဓိကယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေ အားလုံးမှာ ပါဝင်ခြင်းကို တားမြစ်လိုက်ပါတယ်။

ဒီလိုတားမြစ်လိုက်တာကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်နဲ့ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေမှာ ရုရှားအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် တားမြစ်ဆေးအရှုပ်တော်ပုံမှာ မပါဝင်ကြောင်း သက်သေပြနိုင်သူ အားကစားသမားတွေကတော့ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အရေးအချို့ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ အယူခံဝင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဟာ ဆွစ်ဇာလန်နိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှားအပေါ်တားမြစ်ပိတ်ပင်တဲ့ အဲဒီဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်ထား ချခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စုံစမ်းစစ်ဆေးသူတွေထံလွှဲပြောင်းပေးခဲ့တဲ့ ဓါတ်ခွဲခန်း အချက်အလက်တွေကို ကြိုးကိုင်ချယ်လှယ်မှုတွေအတွက် ရုရှားတားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီက ပူးပေါင်းလုပ်ဆောင်မှုမရှိဘူးလို့ ကြေညာခံလိုက်ရပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ယခင်ကလည်းတားမြစ်ဆေးသုံးစွဲမှု အရှုပ်တော်ပုံကြောင့် အားကစားလောကကနေ သုံးနှစ်ပတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #ရုရှား #ကမ္ဘာ့ဖလား #မော်စကို

Zawgyi

ရုရွားနုိင္ငံကို ကမၻာ႔ဖလားအပါအ၀င္ နုိင္ငံတကာအားကစားပြဲေတြမွာ ယွဥ္ျပိဳင္ခြင္႔ေလးနွစ္ပိတ္

ေမာ္စကို၊ ဒီဇင္ဘာ-၁၀-၂၀၁၉
မ်ိဳးဆက္ (VOM)

ကမၻာ႔တားျမစ္ေဆးတိုက္ဖ်က္ေရးအဖြဲ႔ဟာ ရုရွားနိုင္ငံကို အဓိကယွဥ္ျပိဳင္ရမယ္႔ နုိင္ငံတကာ အားကစားျပိဳင္ပြဲေတြ အားလံုးမွာ ပါ၀င္ျခင္းကို တားျမစ္လိုက္ပါတယ္။

ဒီလိုတားျမစ္လိုက္တာေၾကာင္႔ ၂၀၂၀ တိုက်ိဳအိုလံပစ္နဲ႔ မသန္စြမ္းအားကစားျပိဳင္ပြဲ၊ ကာတာနုိင္ငံမွာက်င္းပမယ္႔ ၂၀၂၂ ခုနွစ္ ကမၻာ႔ဖလားေဘာလံုးျပိဳင္ပြဲေတြမွာ ရုရွားအားကစားသမားေတြ ပါ၀င္ယွဥ္ျပိဳင္ခြင္႔ ဆံုးရံႈးရေတာ႔မွာျဖစ္ပါတယ္။

ဒါေပမယ္႔ တားျမစ္ေဆးအရႈပ္ေတာ္ပံုမွာ မပါ၀င္ေၾကာင္း သက္ေသျပနုိင္သူ အားကစားသမားေတြကေတာ႔ ပါ၀င္ယွဥ္ျပိဳင္ဖို႔ အခြင္႔အေရးအခ်ိဳ႕ရိွေနပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး လက္ခံနိုင္ဖြယ္မရိွေၾကာင္းနဲ႔ အယူခံ၀င္သြားမယ္လို႔ ရုရွားသမၼတ ဗလာဒီမာပူတင္က ေျပာပါတယ္။ ကမၻာ႔တားျမစ္ေဆးတိုက္ဖ်က္ေရးအဖြဲ႔ အလုပ္အမႈေဆာင္ေကာ္မတီဟာ ဆြစ္ဇာလန္နိုင္ငံမွာ ဒီဇင္ဘာ ၉ ရက္ကေတြ႔ဆံုေဆြးေႏြးခဲ႔ျပီး ရုရွားအေပၚတားျမစ္ပိတ္ပင္တဲ႔ အဲဒီဆံုးျဖတ္ခ်က္ကို တစ္ညီတစ္ညြတ္ထား ခ်ခဲ႔တာျဖစ္ပါတယ္။

ဒီဆံုးျဖတ္ခ်က္ဟာ ၂၀၁၉ ခုနွစ္ ဇန္န၀ါရီလမွာ စံုစမ္းစစ္ေဆးသူေတြထံလႊဲေျပာင္းေပးခဲ႔တဲ႔ ဓါတ္ခြဲခန္း အခ်က္အလက္ေတြကုိ ၾကိဳးကိုင္ခ်ယ္လွယ္မႈေတြအတြက္ ရုရွားတားျမစ္ေဆးတိုက္ဖ်က္ေရးေအဂ်င္စီက ပူးေပါင္းလုပ္ေဆာင္မႈမရိွဘူးလိ္ု႔ ေၾကညာခံလိုက္ရျပီးေနာက္ ထြက္ေပၚလာတာျဖစ္ပါတယ္။

ရုရွားနုိင္ငံဟာ ယခင္ကလည္းတားျမစ္ေဆးသံုးစြဲမႈ အရႈပ္ေတာ္ပံုေၾကာင္႔ အားကစားေလာကကေန သံုးနွစ္ပတ္ပင္ျခင္းခံခဲ႔ရဖူးပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #ရုုရွား #ကမၻာ့ဖလား #ေမာ္စကိုု

Related posts

Leave a Comment

VOM News

FREE
VIEW