အရေးယူဆောင်ရွက်မှု ပျက်ကွက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို နှုတ်ထွက်ပေးရေး တောင်သူတွေ ဆန္ဒပြ

ပဲခူး ဒီဇင်ဘာ ၁၀-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက မြေနုကျွန်းမြေပေါ် ဥပဒေမဲ့ ကျူးကျော်စိုက်ပျိုးနေသူတွေကို အရေးယူဆောင်ရွက်မှု ပျက်ကွက်တယ်လို့ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို နှုတ်ထွက်ပေးဖို့အတွက် တောင်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

‟ဒီပုံစံ (၇)အတု ထုတ်ပေးတဲ့ မြေစာရင်းဝန်ထမ်းတွေကို အရေးယူပေးပါ၊ ဒီပုံစံ(၇)က ဘယ်နည်းနဲ့မှ ထုတ်ပေးလို့မရပါဘူး။ သူတို့တွေသိပါတယ်၊ မသိနားမလည်တဲ့ တောင်သူတွေကို ဘာကြောင့် ခုလိုလုပ်တာလဲ၊ ကျမတို့က ဘယ်သူ့ထဲကမှ တောင်းထားတာ မဟုတ်ပါဘူး။ ဘယ်သူ့ဆီကမှ မတရား ယူထားတာလည်း မဟုတ်ပါဘူး။ တရားသဖြင့် ဥပဒေဘောင်အတွင်းက ခရိုင်ကလာချပေးထားတာပါ၊ ဒါတွေကို မြို့နယ်၊ တိုင်း၊ ခရိုင်၊ လယ်/ဆည် ဝန်ကြီး၊ ပဲခူးတိုင်းဝန်ကြီးချုပ် အားလုံးတိုင်ထားပါတယ်။ ဘယ်သူမှ ဒီနေ့အထိ ဆောင်ရွက်ပေးခြင်းမရှိလို့ အခုလိုဆန္ဒဖော်ထုတ်ရတာပါ”လို့ ဆန္ဒပြသူ မယုနန္ဒာနိုင် ကပြောပါတယ်။

ဆန္ဒပြရာမှာ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာက မြေနုကျွန်းခွဲဝေချထားပေးတဲ့ မြေမှာ ပုံစံ(၇)အတု ပြုလုပ်ထားတဲ့ မြေစာရင်းဝန်ထမ်းတွေကို အရေးယူပေးရေး။ ဥပဒေနှင့်အညီအမြန်ဆုံးလုပ်ကိုင်ခွင့်ချထားပေးရေး။ မြေနုကျွန်းမြေ၌ ဥပဒေမဲ့ ကျူးကျော်စိုက်ပျိုးနေသူများအား အရေးယူဆောင်ရွက်မှု ပျက်ကွက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား အရေးယူပေးရေး။ တာဝန်ယူမှု တာဝန်ခံမှုမရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး နုတ်ထွက်ပေးရေး စတဲ့စာသားပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

‟ဒီမြေနုကျွန်းကို ကျွန်တော အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၅တုန်းက မြေစာရင်းနဲ့အတူ တိုင်းတာတယ်၊ အကွက်ရိုက်တယ်၊ (၂၀၁၇)မှာ ဦးစိုးနိုင်တာဝန်ယူတော့ မဲနှိုက်ပြီး တစ်ဦးချင်းချပေးတယ်။ နောက်နှစ်ကျတော့ ပုံစံ(၇)ထွက်တယ်ဆိုပြီးပြောတယ်။ အဲဒါနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြေစာရင်းနဲ့ဆင်းတိုင်းပြီး ပုံစံ(၇)နဲ့ မြေနုကျွန်းသက်ဆိုင်မှု မရှိဘူးဆိုပြီး လယ်ယာမဲ့အမျိုးသမီး (၇)ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရှင်းပြပြီး လယ်ယာမဲ့တွေကို ပြန်ချပေးခဲ့ပါတယ်။ (၂၆)ဦးကလည်း ပုံစံ(၇)ထွက်တယ်ဆိုပြီး ကန့်ကွက်လွှာတွေ တင်ကြတယ်လို့”အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဇော်ဝင်းကပြော ပါတယ်။

၂၀၁၇ခုနှစ်မှာ ယင်းမြေနုကျွန်းကို ခရိုင်က မဲစနစ်နဲ့ဝေပေးခဲ့ရာ (၂၀၀)ဦးမဲနှိုက်ရာ (၇၀) ရရှိခဲ့ပြီး၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် တောင်သူ(၇၀)ဦးမှတာဝန်ကျေစွာစိုက်ပျိုးခဲ့ကြကာ ၂၀၁၉ခုနှစ် မေလ ၁၃ရက်နေ့မှာ ပုံစံ(၇)ရှိနေတဲ့အတွက် မစိုက်ပါနဲ့ဆိုပြီး အုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့တာဖြစ်ပါတယ်။

တားမြစ်မှုကို လေးစားလိုက်နာတဲ့အနေနဲ့ စိုက်ပျိုးတာတွေမပြုလုပ်ခဲ့ဘဲ ၂၀၁၉ အောက်တိုဘာလ ၂၆ရက်နေ့မှာ မြေနုကျွန်းတောင်သူ(၇၀)နဲ့ ကန့်ကွက်လွှာတင်ထားတဲ့ တောင်သူ(၂၆)ဦးကို နှစ်ဖက်တွေ့ဆုံပြီး မည်သူမျှမစိုက်ပျိုးကြရန် စိုက်ပျိုးပါက ဉပဒေအရ ထိရောက်စွာအရေးယူမယ်လို့ လက်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိုးနိုင်က ခေါ်ပြောခဲ့သော်လည်း တောင်သူ(၂၆)ဦး စိုက်ပျိုးနေသည်ကို အရေးယူဆောင်ရွက်မှု ပျက်ကွက်နေတဲ့အတွက် ယခုလို ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

“မြို့နယ်ကတော့ လက်ပန်ကျေးရွာကို မြေနုကျွန်းလုပ်ကိုင်ခွင့်ပေးဖို့ တန်းစီဇယား လျှောက်ထားခိုင်းပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကလည်းက လုပ်ကိုင်ခွင့်ပြုပေးခဲ့ပါပြီ ရပ်/ကျေးလယ်စီက တန်းစီဇယားရေးဆွဲရာမှာ အဲဒီလယ်တွေကို ပုံစံ(၇)ရှိတယ်ဆိုပြီး ကန့်ကွက်ထားတဲ့အတွက် ရပ်ကျေးလယ်စီက တန်းစီဇယားမရေးဆွဲနိုင်ဘူး ဖြစ်နေတာပါ။ မြို့နယ်လယ်စီကတော့ တန်းစီဇယားရေးဆွဲပြီး တင်ပြဖို့ပြောထားပါတယ်။ မြေပုံအရ လယ်သမား(၂၆)ဦးရဲ့လုပ်ကိုင်မှုမှာ မြေနုကျွန်းနဲ့ ဦးတိုက်ဖြစ်နေတယ်၊ သို့သော်၂၀၁၄ခုနှစ်တုံးက ဦးတိုက်တွေကို လုပ်ထားကြောင်းမတွေ့ရဘူး၊ ပုံစံ(၇)ကိစ္စကတော့ စစ်ဆေးနေပါတယ်၊ လယ်နဲ့ဆက်စပ်နေလို့ ပါတယ်ဆိုပီးကန့်ကွက်တာပါလို့”ဝေါမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဖြိုးသော်ကပြောပါတယ်။

ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ကို ဆက်သွယ်မေးမြန်းကြည့်ရာ ‟လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးနိုင် မရှိပါဘူး၊ ကျွန်တော့ကို ယာယီအုပ်ချုပ်ရေးမှူး ၅ရက်လုပ်ဖို့ တာဝန်ပေးပြီး ခရီးထွက်သွားပါတယ်၊ အခုလိုဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်ပြီး ကျနော်ဘာမှမသိပါဘူးလို့”ရာအိမ်မှူးဦးအောင်တင်ကပြောပါတယ်။

ဆန္ဒဖော်ထုတ်ပြီး (၁၅)ရက်အတွင်း ဆောင်ရွက်မှုတွေလုပ်ဆောင်မပေးခဲ့ရင် နေပြည်တော်အထိ တက်ရောက်ကြမှာဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောဆိုကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #ဝေါမြို့ #အုပ်ချုပ်ရေးမှူး #ဆန္ဒပြ

Zawgyi

အေရးယူေဆာင္႐ြက္မႈ ပ်က္ကြက္တဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ႏႈတ္ထြက္ေပးေရး ေတာင္သူေတြ ဆႏၵျပ

ပဲခူး ဒီဇင္ဘာ ၁၀-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ လက္ပန္ေက်း႐ြာမွာ ဒီကေန႔မနက္ပိုင္းက ေျမႏုကြၽန္းေျမေပၚ ဥပေဒမဲ့ က်ဴးေက်ာ္စိုက္ပ်ိဳးေနသူေတြကို အေရးယူေဆာင္႐ြက္မႈ ပ်က္ကြက္တယ္လို႔ဆိုကာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ႏႈတ္ထြက္ေပးဖို႔အတြက္ ေတာင္သူေတြက ဆႏၵျပခဲ့ၾကပါတယ္။

‟ဒီပုံစံ (၇)အတု ထုတ္ေပးတဲ့ ေျမစာရင္းဝန္ထမ္းေတြကို အေရးယူေပးပါ၊ ဒီပုံစံ(၇)က ဘယ္နည္းနဲ႔မွ ထုတ္ေပးလို႔မရပါဘူး။ သူတို႔ေတြသိပါတယ္၊ မသိနားမလည္တဲ့ ေတာင္သူေတြကို ဘာေၾကာင့္ ခုလိုလုပ္တာလဲ၊ က်မတို႔က ဘယ္သူ႔ထဲကမွ ေတာင္းထားတာ မဟုတ္ပါဘူး။ ဘယ္သူ႔ဆီကမွ မတရား ယူထားတာလည္း မဟုတ္ပါဘူး။ တရားသျဖင့္ ဥပေဒေဘာင္အတြင္းက ခ႐ိုင္ကလာခ်ေပးထားတာပါ၊ ဒါေတြကို ၿမိဳ႕နယ္၊ တိုင္း၊ ခ႐ိုင္၊ လယ္/ဆည္ ဝန္ႀကီး၊ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ အားလုံးတိုင္ထားပါတယ္။ ဘယ္သူမွ ဒီေန႔အထိ ေဆာင္႐ြက္ေပးျခင္းမရွိလို႔ အခုလိုဆႏၵေဖာ္ထုတ္ရတာပါ”လို႔ ဆႏၵျပသူ မယုနႏၵာႏိုင္ ကေျပာပါတယ္။

ဆႏၵျပရာမွာ ေဝါၿမိဳ႕နယ္၊ လက္ပန္ေက်း႐ြာက ေျမႏုကြၽန္းခြဲေဝခ်ထားေပးတဲ့ ေျမမွာ ပုံစံ(၇)အတု ျပဳလုပ္ထားတဲ့ ေျမစာရင္းဝန္ထမ္းေတြကို အေရးယူေပးေရး။ ဥပေဒႏွင့္အညီအျမန္ဆုံးလုပ္ကိုင္ခြင့္ခ်ထားေပးေရး။ ေျမႏုကြၽန္းေျမ၌ ဥပေဒမဲ့ က်ဴးေက်ာ္စိုက္ပ်ိဳးေနသူမ်ားအား အေရးယူေဆာင္႐ြက္မႈ ပ်က္ကြက္သည့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအား အေရးယူေပးေရး။ တာဝန္ယူမႈ တာဝန္ခံမႈမရွိေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ႏုတ္ထြက္ေပးေရး စတဲ့စာသားပါ ဗီႏိုင္းေတြကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

‟ဒီေျမႏုကြၽန္းကို ကၽြန္ေတာ အုပ္ခ်ဳပ္ေရးမႉးတာဝန္ထမ္းေဆာင္ခဲ့တဲ့ ၂၀၁၅တုန္းက ေျမစာရင္းနဲ႔အတူ တိုင္းတာတယ္၊ အကြက္႐ိုက္တယ္၊ (၂၀၁၇)မွာ ဦးစိုးႏိုင္တာဝန္ယူေတာ့ မဲႏႈိက္ၿပီး တစ္ဦးခ်င္းခ်ေပးတယ္။ ေနာက္ႏွစ္က်ေတာ့ ပုံစံ(၇)ထြက္တယ္ဆိုၿပီးေျပာတယ္။ အဲဒါနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေျမစာရင္းနဲ႔ဆင္းတိုင္းၿပီး ပုံစံ(၇)နဲ႔ ေျမႏုကြၽန္းသက္ဆိုင္မႈ မရွိဘူးဆိုၿပီး လယ္ယာမဲ့အမ်ိဳးသမီး (၇)ဦးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံရွင္းျပၿပီး လယ္ယာမဲ့ေတြကို ျပန္ခ်ေပးခဲ့ပါတယ္။ (၂၆)ဦးကလည္း ပုံစံ(၇)ထြက္တယ္ဆိုၿပီး ကန႔္ကြက္လႊာေတြ တင္ၾကတယ္လို႔”အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးေအာင္ေဇာ္ဝင္းကေျပာ ပါတယ္။

၂၀၁၇ခုႏွစ္မွာ ယင္းေျမႏုကြၽန္းကို ခ႐ိုင္က မဲစနစ္နဲ႔ေဝေပးခဲ့ရာ (၂၀၀)ဦးမဲႏႈိက္ရာ (၇၀) ရရွိခဲ့ၿပီး၊ ၂၀၁၇-၂၀၁၈ခုႏွစ္တြင္ ေတာင္သူ(၇၀)ဦးမွတာဝန္ေက်စြာစိုက္ပ်ိဳးခဲ့ၾကကာ ၂၀၁၉ခုႏွစ္ ေမလ ၁၃ရက္ေန႔မွာ ပုံစံ(၇)ရွိေနတဲ့အတြက္ မစိုက္ပါနဲ႔ဆိုၿပီး အုပ္ခ်ဳပ္ေရးမႉးက တားျမစ္ခဲ့တာျဖစ္ပါတယ္။

တားျမစ္မွဳကို ေလးစားလိုက္နာတဲ့အေနနဲ႔ စိုက္ပ်ိဳးတာေတြမျပဳလုပ္ခဲ့ဘဲ ၂၀၁၉ ေအာက္တိုဘာလ ၂၆ရက္ေန႔မွာ ေျမႏုကြၽန္းေတာင္သူ(၇၀)နဲ႔ ကန႔္ကြက္လႊာတင္ထားတဲ့ ေတာင္သူ(၂၆)ဦးကို ႏွစ္ဖက္ေတြ႕ဆုံၿပီး မည္သူမွ်မစိုက္ပ်ိဳးၾကရန္ စိုက္ပ်ိဳးပါက ဉပေဒအရ ထိေရာက္စြာအေရးယူမယ္လို႔ လက္ပန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဦးစိုးႏိုင္က ေခၚေျပာခဲ့ေသာ္လည္း ေတာင္သူ(၂၆)ဦး စိုက္ပ်ိဳးေနသည္ကို အေရးယူေဆာင္႐ြက္မႈ ပ်က္ကြက္ေနတဲ့အတြက္ ယခုလို ဆႏၵျပတာျဖစ္တယ္လို႔ ဆႏၵျပသူေတြကေျပာပါတယ္။

“ၿမိဳ႕နယ္ကေတာ့ လက္ပန္ေက်း႐ြာကို ေျမႏုကြၽန္းလုပ္ကိုင္ခြင့္ေပးဖို႔ တန္းစီဇယား ေလွ်ာက္ထားခိုင္းပါတယ္။ ၿပီးခဲ့တဲ့တစ္ႏွစ္ကလည္းက လုပ္ကိုင္ခြင့္ျပဳေပးခဲ့ပါၿပီ ရပ္/ေက်းလယ္စီက တန္းစီဇယားေရးဆြဲရာမွာ အဲဒီလယ္ေတြကို ပုံစံ(၇)ရွိတယ္ဆိုၿပီး ကန္႔ကြက္ထားတဲ့အတြက္ ရပ္ေက်းလယ္စီက တန္းစီဇယားမေရးဆြဲႏိုင္ဘူး ျဖစ္ေနတာပါ။ ၿမိဳ႕နယ္လယ္စီကေတာ့ တန္းစီဇယားေရးဆြဲၿပီး တင္ျပဖို႔ေျပာထားပါတယ္။ ေျမပုံအရ လယ္သမား(၂၆)ဦးရဲ႕လုပ္ကိုင္မႈမွာ ေျမႏုကြၽန္းနဲ႔ ဦးတိုက္ျဖစ္ေနတယ္၊ သို႔ေသာ္၂၀၁၄ခုႏွစ္တုံးက ဦးတိုက္ေတြကို လုပ္ထားေၾကာင္းမေတြ႕ရဘူး၊ ပုံစံ(၇)ကိစၥကေတာ့ စစ္ေဆးေနပါတယ္၊ လယ္နဲ႔ဆက္စပ္ေနလို႔ ပါတယ္ဆိုပီးကန္႔ကြက္တာပါလို႔”ေဝါၿမိဳ႕နယ္၊ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိဦးေအာင္ၿဖိဳးေသာ္ကေျပာပါတယ္။

ဆႏၵျပတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး လက္ပန္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုးႏိုင္ကို ဆက္သြယ္ေမးျမန္းၾကည့္ရာ ‟လက္ပန္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးစိုးႏိုင္ မရွိပါဘူး၊ ကၽြန္ေတာ့့ကို ယာယီအုပ္ခ်ဳပ္ေရးမႉး ၅ရက္လုပ္ဖို႔ တာဝန္ေပးၿပီး ခရီးထြက္သြားပါတယ္၊ အခုလိုဆႏၵေဖာ္ထုတ္တာနဲ႔ ပတ္သက္ၿပီး က်ေနာ္ဘာမွမသိပါဘူးလို႔”ရာအိမ္မႉးဦးေအာင္တင္ကေျပာပါတယ္။

ဆႏၵေဖာ္ထုတ္ၿပီး (၁၅)ရက္အတြင္း ေဆာင္႐ြက္မႈေတြလုပ္ေဆာင္မေပးခဲ့ရင္ ေနျပည္ေတာ္အထိ တက္ေရာက္ၾကမွာျဖစ္တယ္လို႔လည္း ဆႏၵျပသူေတြက ေျပာဆိုၾကတာ ျဖစ္ပါတယ္။

#voiceofmyanmar #ေဝါၿမိဳ႕ #အုပ္ခ်ဳပ္ေရးမွဴး #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW