လူ ၃၈ ဦး တင်ဆောင်ထားတဲ့ ချီလီစစ်လေယာဉ်တစ်စင်း ပျောက်ဆုံး

ဆန်တီယာဂို၊ ဒီဇင်ဘာ-၁၀-၂၀၁၉
မျိုးဆက် (VOM)

အန္တာတိကရှိ ချီလီလေတပ်အခြေစိုက်စခန်းကို သွားရောက်မယ့် ခရီးသည် ၃၈ ဦးတင်ဆောင်ထားတဲ့ သယ်ယူပို့ဆောင်ရေး စစ်ဘက်လေယာဉ်တစ်စင်းဟာ ဒီဇင်ဘာ ၉ ရက်က အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးနေတယ်လို့ ချီလီလေတပ်က ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးသွားတဲ့ လေယာဉ်နဲ့ပတ်သက်လို့ ချီလီစစ်ဘက်က တပ်လှန့်ထားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။

C-130 Hercules အမျိုးအစားလေယာဉ်ဟာ လေယာဉ်အမှုထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၁ ဦးလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့အတူ အခြေအနေတိုးတက်မှုရှိမရှိ လေတပ်အခြေစိုက်ဌာနချုပ်ကနေ စောင့်ကြည့်နေတယ်လို့ ချီလီသမ္မတ ဆီဘတ်စတိန်းပင်နီရာက ပြောပါတယ်။

အဲ့ဒီလေယာဉ်ဟာ မြို့တော်ဆန်တီယာဂိုကနေ ကီလိုမီတာ ၃၀၀၀ ကွာဝေးတဲ့ ပန်တာအရီနာမြို့လေဆိပ်ကနေ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ပျံတက်ခဲ့ပြီး ညနေ ၆ နာရီကျော်မှာ အဆက်အသွယ်ပြတ်သွားတယ်လို့ ချီလီလေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားချိန်မှာ ရာသီဥတုအခြေအနေ ကောင်းမွန်ပြီး မောင်းနှင်တဲ့ လေယာဉ်မှူးတွေဟာလဲ အတွေ့အကြုံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

လက်ရှိအချိန်ထိ ရှာဖွေမှုတွေ လုပ်ဆောင်နေပြီး အရေးပေါ် အချက်ပြမှု တစ်စုံတစ်ရာမရှိသေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။

Ref & Photo : AP
#voiceofmyanmar #ဆန်တီယာဂို #ချီလီ #စစ်လေယာဉ်ပျောက်

Zawgyi

လူ ၃၈ ဦး တင္ေဆာင္ထားတဲ႔ ခီ်လီစစ္ေလယာဥ္တစ္စင္း ေပ်ာက္ဆံုး

ဆန္တီယာဂို၊ ဒီဇင္ဘာ-၁၀-၂၀၁၉
မ်ိဳးဆက္ (VOM)

အႏၱာတိကရိွ ခ်ီလီေလတပ္အေျခစိုက္စခန္းကို သြားေရာက္မယ္႔ ခရီးသည္ ၃၈ ဦးတင္ေဆာင္ထားတဲ႔ သယ္ယူပို႔ေဆာင္ေရး စစ္ဘက္ေလယာဥ္တစ္စင္းဟာ ဒီဇင္ဘာ ၉ ရက္က အဆက္အသြယ္မရေတာ႔ပဲ ေပ်ာက္ဆံုးေနတယ္လို႔ ခ်ီလီေလတပ္က ထုတ္ျပန္ပါတယ္။

ေပ်ာက္ဆံုးသြားတဲ႔ ေလယာဥ္နဲ႔ပတ္သက္လို႔ ခ်ီလီစစ္ဘက္က တပ္လွန္႔ထားျပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြ စတင္လုပ္ေဆာင္ေနပါတယ္။

C-130 Hercules အမ်ိဳးအစားေလယာဥ္ဟာ ေလယာဥ္အမႈထမ္း ၁၇ ဦးနဲ႔ ခရီးသည္ ၂၁ ဦးလိုက္ပါသြားခဲ႔တာျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး ကာကြယ္ေရးဝန္ၾကီး၊ ျပည္ထဲေရးဝန္ၾကီးတို႔နဲ႔အတူ အေျခအေနတိုးတက္မႈရိွမရိွ ေလတပ္အေျခစိုက္ဌာနခ်ဳပ္ကေန ေစာင္႔ၾကည္႔ေနတယ္လို႔ ခ်ီလီသမၼတ ဆီဘတ္စတိန္းပင္နီရာက ေျပာပါတယ္။

အ့ဲဒီေလယာဥ္ဟာ ျမိဳ႕ေတာ္ဆန္တီယာဂိုကေန ကီလိုမီတာ ၃၀၀၀ ကြာေ၀းတဲ႔ ပန္တာအရီနာျမိဳ႕ေလဆိပ္ကေန ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီ ၅၅ မိနစ္မွာ ပ်ံတက္ခဲ႔ျပီး ညေန ၆ နာရီေက်ာ္မွာ အဆက္အသြယ္ျပတ္သြားတယ္လို႔ ခ်ီလီေလတပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေလယာဥ္နဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခ်ိန္မွာ ရာသီဥတုအေျခအေန ေကာင္းမြန္ျပီး ေမာင္းနွင္တဲ႔ ေလယာဥ္မွဴးေတြဟာလဲ အေတြ႔အၾကံဳရိွသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ဆိုပါတယ္။

လက္ရိွအခ်ိန္ထိ ရွာေဖြမႈေတြ လုပ္ေဆာင္ေနျပီး အေရးေပၚ အခ်က္ျပမႈ တစ္စံုတစ္ရာမရိွေသးဘူးလို႔ တာ၀န္ရိွသူေတြကေျပာပါတယ္။

Ref & Photo : AP
#voiceofmyanmar #ဆန္တီယာဂို #ခ်ီလီ #စစ္ေလယာဥ္ေပ်ာက္

 

Related posts

Leave a Comment

VOM News

FREE
VIEW