ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်၊ အရပ်သား ၄ ဦးဒဏ်ရာရ

ကျောက်တော်၊ ဒီဇင်ဘာ ၂၈၊၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်တော်မြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်း ၉ နာရီခွဲလောက်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ ကျောက်တော်မြို့ပေါ်က မြို့အဝင်လမ်းဘေးမှာတည်ရှိတဲ့ မဟာကံကြီးရှင်ဘုရားဝင်းအတွင်း တပ်မတော်စစ်ကြောင်းက စခန်းချနေတဲ့တပ်စခန်းကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လု့ိ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်မှုကြောင့် အဲ့ဒီအနီးဝန်းကျင်မှာ ဆိုင်ရောင်းနေသူတွေ၊ သွားလာနေသူတွေနဲ့ မြို့ပေါ်နေရာတော်တော်များများက လှုပ်ရှားသွားလာနေသူတွေကို ထိမှန်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

“မနက်ပိုင်း ၉ နာရီကျော်လောက်မှာပေါ့။ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ အဲ့ဒီမှာ မြို့ခံ ၄ ယောက်ကျည်ထိမှန်ခဲ့တယ်။ မျက်လုံးတစ်ဦးထိတယ်။ ခါးတစ်ဦးထိတယ်။ လက်မောင်းမှာတစ်ဦး၊ ပေါင်မှာတစ်ဦးထိတယ်။ မြို့အဝင်မှာရှိတဲ့ မဟာကံကြီးရှင်ဘုရားမှာရှိနေတဲ့ စခန်းကနေ ပစ်တာပါ။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ ၄ ဦးထဲက မျက်လုံးကျည်ထိသူူနဲ့ လက်မောင်းကျည်ထိသူနှစ်ဦးကိုတော့ ကျောက်တော်ကနေ စစ်တွေဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး နေ့လည်ပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။

“ကျွန်မယောက်ျားက မနက်ပိုင်း ၉ နာရီကျော်လောက်မှာ အိမ်ရှေ့မှာ ရပ်ပြီးတော့ လူသုံးယောက်စကားပြောနေကြတာပါ။ အဲ့ဒီမှာ ပစ်ခတ်သံတွေကိုကြားလိုက်ရတယ်။ ကျွန်မယောကျ်ားရဲ့ မျက်လုံးမှာ ကျည်ထိသွားပါတယ်။”လို့ ထိခိုက်ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံကိုရောက်နေတဲ့ ဦကျော်စိန်ဝင်းရဲ့ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။

ပစ်ခတ်မှုဟာ မိနစ်နှစ်ဆယ်လောက်သာဖြစ်ပွားခဲ့ပြီး မြို့တွင်းနေရာတွေမှာ ကျည်တွေကျရောက်ခဲ့ကာ လူတွေကိုထိမှန်ခဲ့တဲ့အတွက် ကျောက်တော်မြို့ခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြပြီး လူနေရပ်ကွက်တစ်ခုအတွင်းမှာလည်း မပေါက်ကွဲသေးဆဲ့ လက်နက်ကြီးကျည်တစ်လုံး ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်မှာ အခုလိုမျိုး ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ ကလေးတစ်ဦးကျည်ထိမှန်ရင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #ပစ်ခတ်မှု

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕ေပၚ ပစ္ခတ္မႈျဖစ္၊ အရပ္သား ၄ ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ ဒီဇင္ဘာ ၂၈၊၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသက တုိက္ပြဲေတြျဖစ္ပြားေနတဲဲ့ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ဒီကေန႔မနက္ပို္င္း ၉ နာရီခြဲေလာက္မွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီးတစ္ဦးအပါအဝင္ အရပ္သား ၄ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၾကပါတယ္။

အဲ့ဒီပစ္ခတ္မႈဟာ ေက်ာက္ေတာ္ၿမိဳ႕ေပၚက ၿမိဳ႕အဝင္လမ္းေဘးမွာတည္ရွိတဲ့ မဟာကံႀကီးရွင္ဘုရားဝင္းအတြင္း တပ္မေတာ္စစ္ေၾကာင္းက စခန္းခ်ေနတဲ့တပ္စခန္းကေန ပစ္ခတ္ခဲ့တာျဖစ္တယ္လု႔ိ ေဒသခံေတြကေျပာပါတယ္။

ပစ္ခတ္မႈေၾကာင့္ အဲ့ဒီအနီးဝန္းက်င္မွာ ဆိုင္ေရာင္းေနသူေတြ၊ သြားလာေနသူေတြနဲ႔ ၿမိဳ႕ေပၚေနရာေတာ္ေတာ္မ်ားမ်ားက လႈပ္ရွားသြားလာေနသူေတြကို ထိမွန္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

“မနက္ပိုင္း ၉ နာရီေက်ာ္ေလာက္မွာေပါ့။ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တယ္။ အဲ့ဒီမွာ ၿမိဳ႕ခံ ၄ ေယာက္က်ည္ထိမွန္ခဲ့တယ္။ မ်က္လံုးတစ္ဦးထိတယ္။ ခါးတစ္ဦးထိတယ္။ လက္ေမာင္းမွာတစ္ဦး၊ ေပါင္မွာတစ္ဦးထိတယ္။ ၿမိဳ႕အဝင္မွာရွိတဲ့ မဟာကံႀကီးရွင္ဘုရားမွာရွိေနတဲ့ စခန္းကေန ပစ္တာပါ။”လို႔ ေက်ာက္ေတာ္ေဒသခံတစ္ဦးက ေျပာပါတယ္။

အဲ့ဒီက်ည္ထိမွန္ဒဏ္ရာရရွိခဲ့သူ ၄ ဦးထဲက မ်က္လံုးက်ည္ထိသူူနဲ႔ လက္ေမာင္းက်ည္ထိသူႏွစ္ဦးကိုေတာ့ ေက်ာက္ေတာ္ကေန စစ္ေတြေဆးရံုကို ပို႔ေဆာင္ေပးခဲ့ၿပီး ေန႔လည္ပိုင္းမွာ ေရာက္ရွိခဲ့ပါတယ္။

“ကၽြန္မေယာက္်ားက မနက္ပိုင္း ၉ နာရီေက်ာ္ေလာက္မွာ အိမ္ေရွ႕မွာ ရပ္ၿပီးေတာ့ လူသံုးေယာက္စကားေျပာေနၾကတာပါ။ အဲ့့ဒီမွာ ပစ္ခတ္သံေတြကိုၾကားလိုက္ရတယ္။ ကၽြန္မေယာက်္ားရဲ႕ မ်က္လံုးမွာ က်ည္ထိသြားပါတယ္။”လို႔ ထိခိုက္ဒဏ္ရာရရွိၿပီး စစ္ေတြေဆးရံုကိုေရာက္ေနတဲ့ ဦေက်ာ္စိန္ဝင္းရဲ႕ဇနီးျဖစ္သူ ေဒၚေဌးေဌးဝင္းက ေျပာပါတယ္။

ပစ္ခတ္မႈဟာ မိနစ္ႏွစ္ဆယ္ေလာက္သာျဖစ္ပြားခဲ့ၿပီး ၿမိဳ႕တြင္းေနရာေတြမွာ က်ည္ေတြက်ေရာက္ခဲ့ကာ လူေတြကိုထိမွန္ခဲ့တဲ့အတြက္ ေက်ာက္ေတာ္ၿမိဳ႕ခံေတြအေနနဲ႔ စိုးရိမ္မႈေတြရွိေနၾကၿပီး လူေနရပ္ကြက္တစ္ခုအတြင္းမွာလည္း မေပါက္ကြဲေသးဆဲ့ လက္နက္ႀကီးက်ည္တစ္လံုး ရွိေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၆ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ အခုလိုမ်ိဳး ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေတာ့ ကေလးတစ္ဦးက်ည္ထိမွန္ရင္း ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #ပစ္ခတ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW