Read MoreDay: December 29, 2019
သရေခေတ္တရာပျုမြို့ဟောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ လူ၁၀၀၀ခန့်က ပြည်မြို့ကနေ မြို့ဟောင်းထိစက်ဘီးစီး
ပြည်၊ ဒီဇင်ဘာ ၂၉-၂၀၁၉ လပြည့်(VOM) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ သရေခေတ္တရာပျူမြို့ဟောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့နဲ့ စက်ဘီးစီးအားကစား တွင်ကျယ်လာစေဖို့အတွက် လူတစ်ထောင်ခန့်စုပြီး ဒီကနေ့မနက်ပိုင်းက ပြည်မြို့မှာ စက်ဘီးစီးနင်းခဲ့ကြပါတယ် ။ “ကမ္ဘာ့အမွေအနစ်စာရင်းဝင်ဖြစ်တဲ့ ကျွန်တော်တို့ပြည်က ပျုမြို့ဟောင်းကို တချို့သူတွေမရောက်ဘူးကြပါဘူး။ အဲ့ဒီအတွက် ဒီမြို့ဟောင်းကိုမရောက်ဖူးကြတဲ့သူတွေရောက်ဖူးအောင် ကျယ်ကျယ်ပြန့်ပြန့်သိဖို့အတွက်ရယ်၊ စက်ဘီးစီးတာကိုလည်း တွင်တွင်ကျယ်ကျယ်ဖြစ်ဖို့အတွက် ဒီလူထုစက်ဘီးစီးပွဲကိုလုပ်တာပါ” လို့ ပြည်မြို့မှာရှိတဲ့ သရေခေတ္တရာစက်ဘီးစီးအဖွဲ့က အတွင်းရေးမှူးကိုဉာဏ်လင်းအောင်ကပြောပါတယ်။ လူထုစက်ဘီးစီးပွဲကို ပြည်မြို့မှာနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေအပြင် ကလေးသူငယ်များနဲ့ ပြည်မြို့အနီးတဝိုက်က ဥသျှစ်ပင် ၊ အောင်လံ ၊ ပုတီးကုန်းစတဲ့ မြို့တွေကလည်း လာရောက်စီးနင်းကြပါတယ် ။ “ကျွန်တော်က အောင်လံကနေလာစီးတာပါ၊ အောင်လံမှာက စက်ဘီးစီးအဖွဲ့ရှိတယ်လေ၊ အောင်လံကနေ ကျွန်တော်တို့အဖွဲ့ စက်ဘီးနင်းထွက်လာခဲ့တာပါ ၊ဒီမှာ လူထု့စက်ဘီးစီးပွဲဆိုတော့ ဘာဘဲဖြစ်ဖြစ် ကျန်းမာရေးအရ ပြည်မြို့မှာရှိတဲ့ စက်ဘီးစီးပါတနာတွေနဲ့ ခင်မင်ရင်းနှီးမှုတွေရစေဖို့လာစီးတာပါ။ စက်ဘီးစီးတာက ကျန်းမာရေးကို အများကြီးအထောက်အကူပြုတယ်လေ နောက်ထပ်စက်ဘီးစီးတာကို…
Read Moreအမေရိကန်မှာ၂၀၁၉ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စံချိန်တင်
ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နိုင်ငံမှာ အခြားနှစ်တွေထက် ၂၀၁၉ ခုနှစ်အတွင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ စံချိန်တင်ဖြစ်ပွားခဲ့တယ်လို့ သုတေသီတွေကပြောပါတယ်။ ယခုနှစ်အတွင်း အမေရိကန်မှာ မတော်တဆမှု ၄၁ ခုဖြစ်ပွားခဲ့ရာ လူ ၂၁၁ ဦးသေဆုံးခဲ့တယ်လို့ အေပီသတင်းဌာန၊ ယူအက်စ်အေတူဒေးနှင့် အရှေ့မြောက်တက္ကသိုလ်တို့မှ စုဆောင်းထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြစ်မှုကျူးလွန်သူမှအပ တူညတဲ့ မတော်တဆမှုဖြစ်စဉ်တွေမှာ လူလေးဦး သို့မဟုတ် လေးဦးထက်ပိုပြီး သေဆုံးမှုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အသေအပျောက်အများဆုံးဖြစ်ရပ်တွေကတော့ ဗာဂျီးနီယားကမ်းခြေမှာ မေလအတွင်း လူ ၁၂ ဦးအသတ်ခံရခြင်းနဲ့ သြဂုတ်လအတွင်း အယ်လ်ပါဆိုမှာ လူ ၂၂ ဦးအသတ်ခံရတဲ့ ဖြစ်စဉ်တို့ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၁ ခုအနက် ၃၃ ခုမှာ သေနတ်နဲ့တိုက်ခိုက်မှုတွ ပါဝင်တယ်လို့ သုတေသီတွေကပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး…
Read Moreကြက်ဝိုင်း ဝင်ဖမ်းရာမှာ ဆိုင်ကယ် အစီး ၆၀ခန့်သာဖမ်းဆီးရမိပြီး လောင်းကစားလုပ်နေသူတွေ ထွက်ပြေး
တိုက်ကြီး၊ ဒီဇင်ဘာ ၂၉-၂၀၁၉ မိုးယံ(VOM) တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ ဂေါ့ကျေးရွာရှိလယ်ကွင်းထဲမှာ မနေ့ ဒီဇင်ဘာ(၂၈)ရက်နေ့ညနေ (၄)နာရီဝန်းကျင် ရဲတပ်ဖွဲ့ကကြက်ဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးရာ ကြက်နဲ့လောင်းကစားလုပ်နေသူတွေ လွတ်မြောက်သွားပြီး ကျန်ရစ်တဲ့ ဆိုင်ကယ် အစီး( ၆၀)ခန့်ကိုသာ ဖမ်းဆီးရမိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းကနေ သိရပါတယ်။ ‟ကြက်တိုက်လောင်းကစားတဲ့ လူတွေနဲ့ ကြက်တွေက မမိလိုက်ဘူး။ လောင်းကစားဥပဒေနဲ့အမှုဖွင့်လို့မရဘူး။ မြို့နယ်ထွေအုပ်ကိုတော့ ဘယ်လိုစီမံခန့်ခွဲမလည်းဆိုတာတင်ပြထားတယ်။ ဖမ်းမိတဲ့ ဆိုင်ကယ် အစီး ၆၀ နဲ့ စက်ဘီးတစ်စီးကိုတော့ ကျနော်တို့စခန်းမှာထိန်းသိမ်းထားတယ်လို့ ”ဥက္ကံမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းမင်းဇော်ကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ မော်တော်ဆိုင်ကယ် အမျိုးအစားမျိုးစုံ (၆၀)စီးနဲ့ စက်ဘီးတစ်စီးတို့ကို ဂေါ့ကျေးရွာအုပ်ချုပ်ရေမှူး ဦးသိန်ထွန်း၊ သပြေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်တို့ရဲ့ ရှေ့မှာသိမ်းဆည်းခဲ့ပြီး ဥက္ကံရဲစခန်းတွင်းသိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်တွေကို ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနကို လိုင်စင်ရှိ/မရှိ မေးမြန်းဆောင်ရွက်ပြီး တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန…
Read Moreရသေ့တောင်မြို့နယ် မယူကမ်းတောင်ဦးအနီး တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရ ထခိုက်မှုရှိ
ရသေ့တောင်၊ ဒီဇင်ဘာ ၂၉၊ ၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ တောင်ဦးအနီးမှာ မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး၊ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နံနက် ၇ နာရီကျော်ကနေ စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၃နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ တောင်ဦးနားမှာဖြစ်တယ်။ မနက်ကတည်းက လက်နက်ကြီးနဲ့မဟုတ်ဘဲ ရိုးရိုးတိုက်ပွဲဖြစ်တယ်လို့ပြောတယ်။ လက်နက်ကြီးက ၃နာရီ ၄နာရီလောက်မှာထုတယ်။ ကျွန်တော်က စစ်တွေရောက်နေလို့ အတိကျမသိသေးဘူး။” လို့ အငူမော်ဒေသခံ ဦးအောင်ဇော်ဝင်းကပြောပါတယ်။ အဲ့ဒီယာဉ်တန်းဟာ တပ်မတော်က ထောက်ပို့ယာဉ်တန်းဖြစ်တဲ့အတွက် အေအေဘက်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက အတည်ပြုပြောဆိုပါတယ်။ “မနေ့က ရသေ့တာင်မြို့နယ် အငူမော်အနီးမှာ တပ်မတော်က ထောက်ပို့ယာဉ်တန်းတစ်ခုကို ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ဧရိယာထဲကို စစ်ဆင်ရေးပုံစံမျိုးနဲ့…
Read Moreတရုတ်နိုင်ငံမှာ ပြည့်တန်ဆာတွေကို အပြစ်ပေးတဲ့စနစ် ရပ်ဆိုင်း
ပေကျင်း၊ ဒီဇင်ဘာ-၂၉-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ပြည့်တန်ဆာတွေနဲ့ သူတို့ရဲ့ဖောက်သည်တွေကို ရဲတပ်ဖွဲ့က ပညာပေးစင်တာတွေမှာ နှစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားခြင်းကို ခွင့်ပြုထားတဲ့ ပြည်တန်ဆာလုပ်ငန်းဆိုင်ရာအပြစ်ပေးတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံထားသူတွေကို အရုပ်တွေ၊ အိမ်သုံးပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းတွေမှာ အတင်းအကြပ် စေခိုင်းကြောင်း စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ပြည်တန်ဆာလုပ်ငန်းနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းတဲ့ စနစ်ကို ဒီဇင်ဘာ ၂၉ ရက်မှာ အဆုံးသတ်လိုက်တာဖြစ်ပြီး ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးမယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ အပြစ်ပေးမှုတွေကတော့ ၁၅ ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ ဒါဏ်ငွေ ယွမ် ၅၀၀၀ ကျော်ပေးဆောင်ရတာတွေပါဝင်ပါတယ်။ ထိန်းသိမ်းထားပြီး ပညာပေးတဲ့စနစ်ဟာ လွန်ခဲ့သည့်နှစ် ၂၀ ကျော်ကာလမှာ စတင်ကတည်းက ကောင်းမွန်တဲ့ လူမှုဝန်းကျင်နဲ့ ပြည်သူ့စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ ကူညီပေးခဲ့တယ်လို့…
Read More