အကျဉ်းသားတွေ တောင်းဆိုတဲ့အချက်တွေကို အကျဉ်းထောင်ဘက်က လိုက်လျောပေးမယ်

မန္တလေး၊ ဒီဇင်ဘာ ၃၀-၂၀၁၉ လင်းခိုင်(VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ မြင်းခြံထောင်တွင်းမှာ ဒီကနေ့မနက်ပိုင်းက အကျဉ်းသားတွေဟာ ထောင်ပိုင်ကို အလိုမရှိတဲ့အတွက် ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပါတယ်။ ဆူပူမူဖြစ်ပွားနေ့ချိန် နေ့လည်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့များ ၊ အကျဉ်းထောင်အရာရှိ‌တွေနဲ့ အကျဉ်းသားတွေ တွေ့ဆုံမှုပြုလုပ်ခဲ့ရာ အကျဉ်းသားတွေ တောင်းဆိုတဲ့ အချက်တွေကို အကျဉ်းထောင်ဘက် လိုက်လျောပေးခဲ့တယ်လို့ သိရပါတယ်။ ” သူတို့တောင်းဆိုတဲ့ အချက်(၁၁)ချက်ရှိတယ်၊ နံပါတ်(၁)အချက်က သူတို့အိပ်တဲ့နေရာကို နေ့အချိန်ဖြုတ်ထားပြီး ညအချိန်လုံခြုံရေးအရ သံဆူးကြိုးကာဖို့ ၊ နံပါတ်(၂)အချက်က အကိုက်အခဲပျောက်ဆေးကို အလုံး(၂၀)ယူဆောင်ခွင့်ပြုဖို့၊ နံပါတ်(၃)အချက်က အဝေးကလာတဲ့ ထောင်၀င်စာတွေကို များများသွင်းပေးဖို့၊ နံပါတ်(၄)အချက်က ‌ဆောင်းတွင်းရောက်ပြီ ဖြစ်တဲ့အတွက် စောင်များကို လိုအပ်သလိုယူဆောင်ခွင့်ပြုဖို့၊ နံပါတ်(၅)အချက်က ဈေးကားနဲ့ ဈေး၀ယ်ရင် ပစ္စည်းတွေကို ဈေးအများကြီးတင်တာကို ရာခိုင်နူန်းလျှော့ပေးဖို့၊ နံပါတ်(၆)စောင်တို့ ၊ အနွေးထည်တို့ရေစိုနေရင် အ၀တ်လှန်းခွင့်ကို ထောင်ပိတ်တဲ့အချိန်ထိ တိုးပေးဖို့၊ နံပါတ်(၇)က…

Read More

ဆီးရီးယားနဲ့အီရတ်ရှိ အီရန်ထောက်ခံပေးထားတဲ့သူပုန်တွေကို အမေရိကန်လေကြောင်းတိုက်ခိုက်

ဝါရှင်တန်၊ ဒီဇင်ဘာ-၃၀-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်စစ်ဘက်တာဝန်ရှိသူတစ်ဦး သေဆုံးပြီးနောက် ဆီးရီးယားနဲ့ အီရန်ရှိ အီရန်ထောက်ခံပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်မှုပြုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်ကပြုလုပ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေမှာ ဟစ်ဘိုလာအုပ်စုက တိုက်ခိုက်ရေးသမား ၂၅ ဦးထက်မနည်းသေဆုံးသွားပြီး ၅၀ ကျော်ဒါဏ်ရာရရှိသွားတယ်လို့ အီရတ်လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကာကွပ်မှာရှိတဲ့ စစ်အခြေစိုက်စခန်းကို သောကြာနေ့ကဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုမှာ အမေရိကန်စစ်ဘက်တာဝန်ရှိသူတစ်ဦးသေဆုံးသွားပြီး အခြားသူတွေလည်း ဒါဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာမယ်ဆိုရင် လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်ကို သတိပေးပြောဆိုထားပါတယ်။ အက်ဖ်-၁၅ ဂျက်တိုက်လေယာဉ်တွေဟာ ဟစ်ဘိုလာတွေနဲ့ ဆက်နွယ်နေတဲ့ ပစ်မှတ်ငါးခုကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက ပြောဆိုပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာတွေကတော့ အီရတ်အနောက်ပိုင်းမှာ သုံးနေရာနဲ့ ဆီးရီးယားအရှေ့ပိုင်းမှာ နှစ်နေရာလို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ Ref : BBC Photo:…

Read More

တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်က ကျေးရွာသား ၃၀၀ ကျော် စစ်တွေမြို့ကို လာရောက်ခိုလှုံ

ရသေ့တောင်၊ ဒီဇင်ဘာ ၃၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအုပ်စု၊ ကုန်တန်း၊ မကျည်းချောင်း၊ အငူမော် အစရှိတဲ့ ကျေးရွာ ၆ ရွာက ဒေသခံ ၃၀၀ ကျော်တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရသေ့တောင်မြို့နယ်၊ တောင်ဦးအနီး တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်ကြောက်လန့်ပြီး စစ်တွေမြို့ ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလံှုနေကြရပါတယ်။ အဲ့ဒီကျေးရွာသားတွေဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မနက်ပိုင်းက အငူမော်ကျေးရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ တောင်ဦးအနီးမှာ တပ်မတော်ကားတန်းတစ်ခုကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်တွေတပ်နယ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာတွေအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ “တိုက်ပွဲက ဘယ်ကနေဘယ်လိုပြစ်တာလဲမသိဘူး။ လက်နက်ကြီးတွေက ကျနော်တို့ရွာနဲ့ ကိုက် ၅၀ လောက်အကွာမှာ ကျတယ်။ အဲ့ဒီလက်နက်ကြီးတွေက တဒုန်းဒုန်း တဒိုင်းဒိုင်းနက် အဲ့နေရာမှာလာကျတယ်။…

Read More

YBS ကဒ်စနစ်ကို သက်မှတ်ထားတဲ့ရက်မှာ အသုံးပြုနိုင်မှာမဟုတ်

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀-၂၁၀၉ သူရိန်(VOM) YBS သုံးနှစ်ပြည့်အခမ်းအနားမတိုင်ခင် လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှာ YBS ကဒ်စနစ်အသုံးပြုဖို့ ဆောင်ရွက်ထားပေမယ့်လည်း အဲ့ဒီနေ့တွေမှာ အသုံးပြုနိုင်မှာမဟုတ်‌သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ကနေ သိရပါတယ်။ “ကဒ်စနစ်ကို လူတိုင်းကသုံးချင်တယ်။ ကျွန်တော်တို့လည်း သုံးချင်တယ်။ ဒါပေမဲ့အခု တပ်ဆင်ပြီးတဲ့ ယာဉ်လိုင်းတွေမှာ စမ်းသပ်နေတယ်။ ဘဏ်တွေနဲ့ချိတ်ဆက်မှု၊ ရေးဆွဲထားတဲ့ Software တွေ ဆန်းစစ်နေတယ်။ လာမယ့်ဇန်နဝါရီလ ၁၆ ရက်မတိုင်ခင် အသုံးပြုနိုင်ဖို့ခက်ခဲတယ်။ မမှန်ကန်ဘဲသုံးရင် အကျိုးထက် အပြစ်ကပိုဖြစ်မယ်။ အတိမ်းအစောင်းမခံဘူး။ အစိုးရကို ပြန်ပြီးတင်ပြရအုံးမယ်”လို့ YRTA ကတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ဒီ YBS ကဒ်စနစ်ကို YBS သုံးနှစ်ပြည့်အခမ်းအနားမတိုင်ခင် အသုံးပြုသွားမယ်လို့ ပြောဆိုထားပေမယ့်လည်း နည်းပညာပိုင်းဆိုင်ရာပြန်လည်ဆန်းစစ်မှု၊ ဘဏ်စနစ်ချိတ်ဆက်မှု အစရှိတာတွေကို စမ်းသပ်ရမှာဖြစ်တဲ့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း…

Read More

မြင့်ခြံအကျဥ်းထောင်မှာ ထောင်ဆူမှုဖြစ်ပွားနေ

မန္တလေး၊ ဒီဇင်ဘာ ၃၀-၂၀၁၉ လင်းခိုင်(VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က မြင်းခြံထောင်အတွင်းမှာ အကျဉ်းသားတွေနေတဲ့ ထောင်အတွင်းတံခါးတွေကို သံဆူးကြိုးခတ်ပြီး ရဲစခန်းတွေအချုပ်သားတစ်ယောက်စာသာထွက်ရမယ့် တံခါးပေါက်ပြုလုပ်မှာကို အကျဉ်းသားတွေက မကျေနပ်တဲ့အတွက် ဒီကနေ့မနက်ပိုင်းကတည်းက ထောင်ဆူမှု စတင်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ ” အကျဉ်းသားတွေ၀င်မယ့်အပေါက်ကို ခွေးတိုးပေါက်သာသာ လုပ်မယ့်အတွက် ထောင်ဆူနေတာပါ၊ ဒီကနေ့မနက်(၁၀)နာရီလောက်က စပြီး ထောင်ဆူနေတာပါ၊ ခုလက်ရှိ ထောင်ပိုင်နဲ့ကျမှ ခုလိုလုပ်တာပါ၊ ထောင်၀င်စာတွေ့ရတဲ့ မိသားစုတွေလည်း လွတ်လပ်မှုမရှိတော့ဘူး”လို့ ထောင်၀င်စာလာတွေ့သူ တစ်ဦးက VOMကို အတည်ပြုပြောပါတယ်။ ခုလက်ရှိချိန်ထိ အမျိုးသား၊အမျိုးသမီး အကျဉ်းသားတွေ အားလုံးက ထောင်ဆူမှုကို ဆက်လက်လုပ်နေပြီး အဲ့ဒီလိုလုပ်မယ့် အကြောင်းအရာတွေကို ထောင်တွင်းက အကျဉ်းသား/သူတွေအားလုံးက လက်မခံနိုင်တဲ့အတွက် ထောင်ဆူမှုကို စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရင်ထောင်ပိုင်လက်ထက်တုန်းက နိုင်ငံရေးအခြေအနေမကောင်းရင်တောင် ထောင်သားတွေဟာ ဆူပူမှုမပြုလုပ်ဘဲ ယခုလက်ရှိ ထောင်ပိုင်ဟာ အကျဉ်းသား အခွင့်အရေးတွေကို တားဆီးပိတ်ပင်တာတွေများတဲ့အတွက် ခုလိုထောင်ဆူမှုဖြစ်ပွားရတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

အခြေခံပညာသင်ကာလ တိုးမြှင့်တာကို ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ နဲ့ပညာရေး တက္ကသိုလ်များက ကန့်ကွက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀-၂၀၁၉ စွဲ့ဝတီ(VOM) အခြေခံပညာကျောင်းများရဲ့ ပညာသင်ကာလကို မတ်လ ၃၁ရက်အထိ တိုးမြှင့်တဲ့အပေါ် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီ နဲ့ပညာရေး တက္ကသိုလ်များ ကန့်ကွက်တဲ့အတွက် ဒီဇင်ဘာ၂၈ရက်နေ့ကနေစတင်ပြီး ကြေညာချက် အသီးသီးကို တက္ကသိုလ်အများစုက ထုတ်ပြန်ခဲ့ပါတယ်။ အခြေခံပညာအတန်းများရဲ့ ကျောင်းတွင်းစစ်စာမေးပွဲတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြီးဆုံးတဲ့အချိန်မှာ စစ်ဆေးရမယ်လို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားစာထုတ်ပြန်ခဲ့တဲ့အပေါ်မှာ ပညာရေးကောလိပ် ၂၃ခု ပါဝင်ဖွဲ့စည်းထားတဲ့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား များသမဂ္ဂတို့က ကန့်ကွက်စာအသီးသီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ အဓိကဖြစ်စေချင်တာကတော့ အခြေခံပညာက ဆရာ၊ဆရာမတွေရဲ့ အသံကို ပြန်ပြီးတော့ နားထောင်စေချင်တာပေါ့။ မတ်လကုန်အထိ ကျောင်းဖွင့်ရင် ကလေးတွေအတွက် ဘာတွေရသွားနိုင်လဲ။ သူတို့ရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့ ဖွင့်တယ်ဆိုရင် လက်ခံပေးလို့ရတယ်။ အခြေခံပညာက ဆရာ၊ဆရာမတွေရဲ့ အသံကို သေချာပြန်နားထောင်စေချင်တယ်။…

Read More
VOM News

FREE
VIEW