ဆီးရီးယားနဲ့အီရတ်ရှိ အီရန်ထောက်ခံပေးထားတဲ့သူပုန်တွေကို အမေရိကန်လေကြောင်းတိုက်ခိုက်

ဝါရှင်တန်၊ ဒီဇင်ဘာ-၃၀-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်စစ်ဘက်တာဝန်ရှိသူတစ်ဦး သေဆုံးပြီးနောက် ဆီးရီးယားနဲ့ အီရန်ရှိ အီရန်ထောက်ခံပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်မှုပြုလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်ကပြုလုပ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေမှာ ဟစ်ဘိုလာအုပ်စုက တိုက်ခိုက်ရေးသမား ၂၅ ဦးထက်မနည်းသေဆုံးသွားပြီး ၅၀ ကျော်ဒါဏ်ရာရရှိသွားတယ်လို့ အီရတ်လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကာကွပ်မှာရှိတဲ့ စစ်အခြေစိုက်စခန်းကို သောကြာနေ့ကဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုမှာ အမေရိကန်စစ်ဘက်တာဝန်ရှိသူတစ်ဦးသေဆုံးသွားပြီး အခြားသူတွေလည်း ဒါဏ်ရာရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာမယ်ဆိုရင် လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်ကို သတိပေးပြောဆိုထားပါတယ်။

အက်ဖ်-၁၅ ဂျက်တိုက်လေယာဉ်တွေဟာ ဟစ်ဘိုလာတွေနဲ့ ဆက်နွယ်နေတဲ့ ပစ်မှတ်ငါးခုကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက ပြောဆိုပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာတွေကတော့ အီရတ်အနောက်ပိုင်းမှာ သုံးနေရာနဲ့ ဆီးရီးယားအရှေ့ပိုင်းမှာ နှစ်နေရာလို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဝါရှင်တန် #အမေရိကန်လေကြောင်း #အီရန်

Zawgyi

ဆီးရီးယားနဲ႔အီရတ္ရိွ အီရန္ေထာက္ခံေပးထားတဲ႔သူပုန္ေတြကို အေမရိကန္ေလေၾကာင္းတိုက္ခိုက္

၀ါရွင္တန္၊ ဒီဇင္ဘာ-၃၀-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္စစ္ဘက္တာ၀န္ရိွသူတစ္ဦး ေသဆံုးျပီးေနာက္ ဆီးရီးယားနဲ႔ အီရန္ရိွ အီရန္ေထာက္ခံေပးထားတဲ႔ ျပည္သူ႔စစ္အဖြဲ႔ေတြကို အေမရိကန္က ေလေၾကာင္းကေန တိုက္ခိုက္မႈျပဳလုိက္ပါတယ္။

ဒီဇင္ဘာ ၂၉ ရက္ကျပဳလုပ္ခဲ႔တဲ႔ အဲဒီတိုက္ခိုက္မႈေတြမွာ ဟစ္ဘိုလာအုပ္စုက တိုက္ခိုက္ေရးသမား ၂၅ ဦးထက္မနည္းေသဆံုးသြားျပီး ၅၀ ေက်ာ္ဒါဏ္ရာရရိွသြားတယ္လို႔ အီရတ္လံုျခံဳေရးသတင္းရင္းျမစ္ေတြက ေျပာပါတယ္။

ကာကြပ္မွာရိွတဲ႔ စစ္အေျခစိုက္စခန္းကို ေသာၾကာေန႔ကဒံုးက်ည္နဲ႔ တိုက္ခိုက္ခံရမႈမွာ အေမရိကန္စစ္ဘက္တာ၀န္ရွိသူတစ္ဦးေသဆံုးသြားျပီး အျခားသူေတြလည္း ဒါဏ္ရာရရိွခဲ႔ပါတယ္။

အေမရိကန္နုိင္ငံသားေတြရဲ႕ အသက္အႏၱရာယ္ကို ျခိမ္းေျခာက္လာမယ္ဆိုရင္ လက္တံု႕ျပန္သြားမွာျဖစ္တယ္လို႔ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုက အီရန္ကို သတိေပးေျပာဆိုထားပါတယ္။

အက္ဖ္-၁၅ ဂ်က္တိုက္ေလယာဥ္ေတြဟာ ဟစ္ဘိုလာေတြနဲ႔ ဆက္ႏြယ္ေနတဲ႔ ပစ္မွတ္ငါးခုကို ေလေၾကာင္းတိုက္ခိုက္ခဲ႔တယ္လို႔ အေမရိကန္ကာကြယ္ေရး၀န္ၾကီး မာ႔ခ္အက္စပါက ေျပာဆိုျပီး တိုက္ခိုက္မႈျပဳလုပ္ခဲ႔တဲ႔ေနရာေတြကေတာ႔ အီရတ္အေနာက္ပိုင္းမွာ သံုးေနရာနဲ႔ ဆီးရီးယားအေရွ႕ပိုင္းမွာ နွစ္ေနရာလို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္က ထုတ္ျပန္ပါတယ္။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဝါရွင္တန္ #အေမရိကန္ေလေၾကာင္း #အီရန္

Related posts

Leave a Comment

VOM News

FREE
VIEW