မြင့်ခြံအကျဥ်းထောင်မှာ ထောင်ဆူမှုဖြစ်ပွားနေ

မန္တလေး၊ ဒီဇင်ဘာ ၃၀-၂၀၁၉
လင်းခိုင်(VOM)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က မြင်းခြံထောင်အတွင်းမှာ အကျဉ်းသားတွေနေတဲ့ ထောင်အတွင်းတံခါးတွေကို သံဆူးကြိုးခတ်ပြီး ရဲစခန်းတွေအချုပ်သားတစ်ယောက်စာသာထွက်ရမယ့် တံခါးပေါက်ပြုလုပ်မှာကို အကျဉ်းသားတွေက မကျေနပ်တဲ့အတွက် ဒီကနေ့မနက်ပိုင်းကတည်းက ထောင်ဆူမှု စတင်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

” အကျဉ်းသားတွေ၀င်မယ့်အပေါက်ကို ခွေးတိုးပေါက်သာသာ လုပ်မယ့်အတွက် ထောင်ဆူနေတာပါ၊ ဒီကနေ့မနက်(၁၀)နာရီလောက်က စပြီး ထောင်ဆူနေတာပါ၊ ခုလက်ရှိ ထောင်ပိုင်နဲ့ကျမှ ခုလိုလုပ်တာပါ၊ ထောင်၀င်စာတွေ့ရတဲ့ မိသားစုတွေလည်း လွတ်လပ်မှုမရှိတော့ဘူး”လို့ ထောင်၀င်စာလာတွေ့သူ တစ်ဦးက VOMကို အတည်ပြုပြောပါတယ်။

ခုလက်ရှိချိန်ထိ အမျိုးသား၊အမျိုးသမီး အကျဉ်းသားတွေ အားလုံးက ထောင်ဆူမှုကို ဆက်လက်လုပ်နေပြီး အဲ့ဒီလိုလုပ်မယ့် အကြောင်းအရာတွေကို ထောင်တွင်းက အကျဉ်းသား/သူတွေအားလုံးက လက်မခံနိုင်တဲ့အတွက် ထောင်ဆူမှုကို စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အရင်ထောင်ပိုင်လက်ထက်တုန်းက နိုင်ငံရေးအခြေအနေမကောင်းရင်တောင် ထောင်သားတွေဟာ ဆူပူမှုမပြုလုပ်ဘဲ ယခုလက်ရှိ ထောင်ပိုင်ဟာ အကျဉ်းသား အခွင့်အရေးတွေကို တားဆီးပိတ်ပင်တာတွေများတဲ့အတွက် ခုလိုထောင်ဆူမှုဖြစ်ပွားရတာဖြစ်တယ်လို့ သိရပါတယ်။

မြင်းခြံအကျဉ်းထောင်မှာ လက်ရှိ အကျဉ်းသား/သူဦးရေ ၄၀၀၀ခန့်ရှိတယ်လို့လည်း သိရပြီး VOMကဆက်သွယ်မေးမြန်တဲ့အချိန်ထိ ထောင်ဆူမူရပ်တန့်မှုမရှိသေးဘူးလို့ သိရပါတယ်။

#VOM #voiceofmyanamr #မြင်းခြံ #ထောင်ဆူမှုဖြစ်

Zawgyu

ျမင့္ၿခံအက်ဥ္းေထာင္မွာ ေထာင္ဆူမႈျဖစ္ပြားေန

မႏၲေလး၊ ဒီဇင္ဘာ ၃၀-၂၀၁၉
လင္းခိုင္(VOM)

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္က ျမင္းၿခံေထာင္အတြင္းမွာ အက်ဥ္းသားေတြေနတဲ့ ေထာင္အတြင္းတံခါးေတြကို သံဆူးႀကိဳးခတ္ၿပီး ရဲစခန္းေတြအခ်ဳပ္သားတစ္ေယာက္စာသာထြက္ရမယ့္ တံခါးေပါက္ျပဳလုပ္မွာကို အက်ဥ္းသားေတြက မေက်နပ္တဲ့အတြက္ ဒီကေန႔မနက္ပိုင္းကတည္းက ေထာင္ဆူမႈ စတင္ျဖစ္ပြားေနတယ္လို႔သိရပါတယ္။

” အက်ဥ္းသားေတြ၀င္မယ့္အေပါက္ကို ေခြးတိုးေပါက္သာသာ လုပ္မယ့္အတြက္ ေထာင္ဆူေနတာပါ၊ ဒီကေန႔မနက္(၁၀)နာရီေလာက္က စၿပီး ေထာင္ဆူေနတာပါ၊ ခုလက္ရွိ ေထာင္ပိုင္နဲ႔က်မွ ခုလိုလုပ္တာပါ၊ ေထာင္၀င္စာေတြ႕ရတဲ့ မိသားစုေတြလည္း လြတ္လပ္မႈမရွိေတာ့ဘူး”လို႔ ေထာင္၀င္စာလာေတြ႕သူ တစ္ဦးက VOMကို အတည္ျပဳေျပာပါတယ္။

ခုလက္ရွိခ်ိန္ထိ အမ်ိဳးသား၊အမ်ိဳးသမီး အက်ဥ္းသားေတြ အားလုံးက ေထာင္ဆူမႈကို ဆက္လက္လုပ္ေနၿပီး အဲ့ဒီလိုလုပ္မယ့္ အေၾကာင္းအရာေတြကို ေထာင္တြင္းက အက်ဥ္းသား/သူေတြအားလုံးက လက္မခံႏိုင္တဲ့အတြက္ ေထာင္ဆူမႈကို စတင္ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အရင္ေထာင္ပိုင္လက္ထက္တုန္းက ႏိုင္ငံေရးအေျခအေနမေကာင္းရင္ေတာင္ ေထာင္သားေတြဟာ ဆူပူမႈမျပဳလုပ္ဘဲ ယခုလက္ရွိ ေထာင္ပိုင္ဟာ အက်ဥ္းသား အခြင့္အေရးေတြကို တားဆီးပိတ္ပင္တာေတြမ်ားတဲ့အတြက္ ခုလိုေထာင္ဆူမႈျဖစ္ပြားရတာျဖစ္တယ္လို႔ သိရပါတယ္။

ျမင္းၿခံအက်ဥ္းေထာင္မွာ လက္ရွိ အက်ဥ္းသား/သူဦးေရ ၄၀၀၀ခန႔္ရွိတယ္လို႔လည္း သိရၿပီး VOMကဆက္သြယ္ေမးျမန္တဲ့အခ်ိန္ထိ ေထာင္ဆူမူရပ္တန႔္မႈမရွိေသးဘူးလို႔ သိရပါတယ္။

#VOM #voiceofmyanamr #ျမင္းၿခံ #ေထာင္ဆူမႈျဖစ္

Related posts

Leave a Comment

VOM News

FREE
VIEW