တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်က ကျေးရွာသား ၃၀၀ ကျော် စစ်တွေမြို့ကို လာရောက်ခိုလှုံ

ရသေ့တောင်၊ ဒီဇင်ဘာ ၃၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအုပ်စု၊ ကုန်တန်း၊ မကျည်းချောင်း၊ အငူမော် အစရှိတဲ့ ကျေးရွာ ၆ ရွာက ဒေသခံ ၃၀၀ ကျော်တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရသေ့တောင်မြို့နယ်၊ တောင်ဦးအနီး တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်ကြောက်လန့်ပြီး စစ်တွေမြို့ ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလံှုနေကြရပါတယ်။

အဲ့ဒီကျေးရွာသားတွေဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မနက်ပိုင်းက အငူမော်ကျေးရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ တောင်ဦးအနီးမှာ တပ်မတော်ကားတန်းတစ်ခုကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်တွေတပ်နယ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာတွေအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

“တိုက်ပွဲက ဘယ်ကနေဘယ်လိုပြစ်တာလဲမသိဘူး။ လက်နက်ကြီးတွေက ကျနော်တို့ရွာနဲ့ ကိုက် ၅၀ လောက်အကွာမှာ ကျတယ်။ အဲ့ဒီလက်နက်ကြီးတွေက တဒုန်းဒုန်း တဒိုင်းဒိုင်းနက် အဲ့နေရာမှာလာကျတယ်။ ဒါကြောင့်မနေရဲတော့ဘူးပေါ့။ တကယ်လို့ရွာထဲမှာကျမယ်ဆိုရင် အိုးအိမ်ရော၊ လူတွေရောနစ်နာနိုင်တယ်။ ဒါကြောင့် တစ်ရွာလုံးထွက်ပြေးလာကြတယ်။”လို့ အငူမော်ကျေးရွာမှ ဦးမောင်သိန်းကပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာ နေရတာဟာ ကိုယ့်အိမ်လိုမဟုတ်တဲ့အတွက် ကလေးတွေရဲ့စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေပါ ရည်ရှည်မှာ အစစအရာရာ အဆင်မပြေနိုင်တာတွေဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ သူကပြောပါတယ်။

စစ်ရှောင်အဖြစ် အခုလို နေရပ်စွန့်ခွာထွက်ပြေးရတဲ့အတွက် ရပ်ရွာမှာ ကျွဲတွေ၊ နွားတွေ၊ စပါးတွေကအစ အကုန်လုံးကို စွန့်ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်ဒုက္ခသည်တစ်ဦးကပြောပါတယ်။

“လက်နက်ကြီးတွေက အရှေ့ဖက်ကပစ်တာ။ ရေချမ်းပြဖက်ကပြစ်တာလို့လည်းပြောကြတယ်။ သူတို့က နည်းနည်းလေး ဖြစ်တာနဲ့ရွာကိုလာတယ်။ တပ်မတော်ဘက်က ဒါကြောင့်ရွာသားတွေကစိုးရိမ်ကြတယ်။ ရိတ်သိမ်းနေတဲ့ စပါးတွေရော၊ ကျွဲနွားတွေကိုလည်း ဒီတိုင်းထားပြီးတော့ ထွက်ပြေးလာခဲ့ကြတာပါ။”လို့ ရသေ့တောင်မြို့နယ်၊ အငူမော်အုပ်စု မကျည်းချောင်းကျေးရွာက ဒေါ်ဝေမာဦးကပြောပါတယ်။

တပ်မတော်နဲ့ အေအေတို့ကြားတိုက်ပွဲတွေဟာ ယခုနှစ်ကုန်းပိုင်းတွေမှာ ပိုမိုပြင်းထန်လာပြီးတော့ အခုလိုမျိုးနေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း တစ်သိန်းကျော် ရှိနေပြီဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကရဲ့ စာရင်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #စစ်ရှောင် #တိုက်ပွဲ

Zawgyi

တုိက္ပြဲေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္က ေက်းရြာသား ၃၀၀ ေက်ာ္ စစ္ေတြၿမိဳ႕ကို လာေရာက္ခိုလံႈ

ရေသ့ေတာင္၊ ဒီဇင္ဘာ ၃၀-၂၀၁၉
ခိုင္လင္းစံ (VOM)

ရေသ့ေတာင္ၿမိဳ႕နယ္၊ အငူေမာ္ေက်းရြာအုပ္စု၊ ကုန္တန္း၊ မက်ည္းေခ်ာင္း၊ အငူေမာ္ အစ႐ွိတဲ့ ေက်းရြာ ၆ ရြာက ေဒသခံ ၃၀၀ ေက်ာ္တုိ႔ဟာ ဒီဇင္ဘာလ ၂၈ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္၊ ေတာင္ဦးအနီး တပ္မေတာ္နဲ႔ ေအေအတို႔တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ စိုးရိမ္ေၾကာက္လန္႔ၿပီး စစ္ေတြၿမိဳ႕ ဓမၼာရာမ ဘုန္းေတာ္ႀကီးေက်ာင္းမွာ လာေရာက္ခိုလံွုေနၾကရပါတယ္။

အဲ့ဒီေက်းရြာသားေတြဟာ ဒီဇင္ဘာ ၂၈ ရက္ေန႔မနက္ပိုင္းက အငူေမာ္ေက်းရြာနဲ႔ တစ္မိုင္ခန္႔ေဝးတဲ့ ေတာင္ဦးအနီးမွာ တပ္မေတာ္ကားတန္းတစ္ခုကို ေအေအက မိုင္းဆြဲတုိက္ခိုက္ခဲ့ၿပီး ညေနပိုင္းအထိ တုိက္ပြဲေတြျပင္းထန္ခဲ့သလို စစ္ေတြတပ္နယ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ေက်းရြာေတြအနီး က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ စိုးရိမ္ေၾကာက္လန္႔ၿပီး ထြက္ေျပးလာခဲ့ၾကတာျဖစ္ပါတယ္။

“တိုက္ပြဲက ဘယ္ကေနဘယ္လိုျပစ္တာလဲမသိဘူး။ လက္နက္ႀကီးေတြက က်ေနာ္တို႔ရြာနဲ႔ ကိုက္ ၅၀ ေလာက္အကြာမွာ က်တယ္။ အဲ့ဒီလက္နက္ႀကီးေတြက တဒုန္းဒုန္း တဒိုင္းဒိုင္းနက္ အဲ့ေနရာမွာလာက်တယ္။ ဒါေၾကာင့္မေနရဲေတာ့ဘူးေပါ့။ တကယ္လို႔ရြာထဲမွာက်မယ္ဆိုရင္ အိုးအိမ္ေရာ၊ လူေတြေရာနစ္နာႏိုင္တယ္။ ဒါေၾကာင့္ တစ္ရြာလံုးထြက္ေျပးလာၾကတယ္။”လို႔ အငူေမာ္ေက်းရြာမွ ဦးေမာင္သိန္းကေျပာပါတယ္။

စစ္ေဘးေ႐ွာင္စခန္းမွာ ေနရတာဟာ ကိုယ့္အိမ္လိုမဟုတ္တဲ့အတြက္ ကေလးေတြရဲ႕စားဝတ္ေနေရး၊ ပညာေရး၊ က်န္းမာေရးေတြပါ ရည္ရွည္မွာ အစစအရာရာ အဆင္မေျပႏိုင္တာေတြျဖစ္လာမွာကို စိုးရိမ္မိတယ္လို႔ သူကေျပာပါတယ္။

စစ္ေ႐ွာင္အျဖစ္ အခုလို ေနရပ္စြန္႔ခြာထြက္ေျပးရတဲ့အတြက္ ရပ္ရြာမွာ ကၽြဲေတြ၊ ႏြားေတြ၊ စပါးေတြကအစ အကုန္လံုးကို စြန္႔ပစ္ထားခဲ့ရတယ္လို႔ စစ္ေ႐ွာင္ဒုကၡသည္တစ္ဦးကေျပာပါတယ္။

“လက္နက္ႀကီးေတြက အေ႐ွ႕ဖက္ကပစ္တာ။ ေရခ်မ္းျပဖက္ကျပစ္တာလို႔လည္းေျပာၾကတယ္။ သူတို႔က နည္းနည္းေလး ျဖစ္တာနဲ႔ရြာကိုလာတယ္။ တပ္မေတာ္ဘက္က ဒါေၾကာင့္ရြာသားေတြကစိုးရိမ္ၾကတယ္။ ရိတ္သိမ္းေနတဲ့ စပါးေတြေရာ၊ ကၽြဲႏြားေတြကိုလည္း ဒီတုိင္းထားၿပီးေတာ့ ထြက္ေျပးလာခဲ့ၾကတာပါ။”လို႔ ရေသ့ေတာင္ၿမိဳ႕နယ္၊ အငူေမာ္အုပ္စု မက်ည္းေခ်ာင္းေက်းရြာက ေဒၚေဝမာဦးကေျပာပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ၾကားတိုက္ပြဲေတြဟာ ယခုႏွစ္ကုန္းပိုင္းေတြမွာ ပိုမိုျပင္းထန္လာၿပီးေတာ့ အခုလိုမ်ိဳးေနရပ္စြန္႔ခြာထြက္ေျပးရတဲ့ စစ္ေဘးေ႐ွာင္ဒုကၡသည္ေတြလည္း တစ္သိန္းေက်ာ္ ႐ွိေနၿပီျဖစ္တယ္လို႔ အရပ္ဖက္အဖြဲ႔အစည္းေတြကရဲ႕ စာရင္းေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #စစ္ေရွာင္ #တိုက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW