ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၉ သိဂီ ၤ(VOM) ပြည်သူကို အကာအကွယ်ပေးနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်တိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကိုချိုးဖောက်ပြီး နစ်နာသူဗစ်တိုးရီးယားအမည်ရင်းနဲ့ မိဘအမည်တွေကို ထုတ်ပြန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ရပ်ကို ရှုံ့ချကြောင်းနဲ့အရေးယူပေးဖို့ မကွေးတိုင်းထဲက အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၃ ဖွဲ့ က ဒီကနေ့မနက်ပိုင်းက သဘောထားကြေငြာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ပါတယ်။ “ ဥပဒေကိုနားမလည်ဘဲ လုပ်တာဖြစ်စေ၊ သိပါရဲ့နဲ့လုပ်ခဲ့တာဖြစ်စေ ၊ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေမှာ အဓိက သက်ငယ်မုဒိန်းအပါအဝင် စတဲ့ဘယ်လိုအမှုမျိုးမှာဖြစ်စေ၊ ကလေးသူငယ်နာမည်ထုတ်ဖော်ပြောတာ တရားခွင်မှာ မသက်ဆိုင်သူတွေကြား စစ်ဆေးတာတွေကို ကလေးတစ်ယောက်ရဲ့အနာဂတ် ဂုဏ်သိက္ခာအပေါ် လေးစားတဲ့အနေနဲ့ လုပ်လို့မရတာကို ရဲတပ်ဖွဲ့က လုပ်ခဲ့တာကြောင့် ဒီလုပ်ရပ်အပေါ် လိုအပ်သလိုအရေးယူဖို့ နဲ့ ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုတည်းအတွက် ပြောတာမဟုတ်ဘူး ။ တခြားကလေးသူငယ်တွေ အားလုံးအတွက်ပါ ဒါမျိုးထပ်မဖြစ်ဖို့ပါ။ ကလေးတွေအပေါ် ခုလိုပြောတာ အဆင်မပြေဘူး။ ရဲတပ်ဖွဲဆိုတာ…
Read MoreYear: 2019
ကချင်ပြည်နယ်မှာ မဲစာရင်းမကောင်ယူနိုင်တဲ့ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိနေ
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁-၂၀၁၉ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်မှာ မဲစာရင်းမကောင်ယူနိုင်တဲ့ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိနေတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရသိရပါတယ်။ မကောက်ယူနိုင်တဲ့ အရေအတွက်ကို အမျိူအစားခွဲထားရာမှာတော့ ကျေးရွာအုပ်စုပျက်သွားတဲ့ ရွာအုပ်စု (၁၁၃) အုပ်စု ၊ လက်နက်ကိုင်အဖွဲ့တွေ စုဝေးနေတဲ့ နယ်မြေမှာ ကျေးရွာအုပ်စု (၅၀) အုပ်စု၊ တိမ်းရှောင်အုပ်စု (၁၉) အုပ်စု ၊ လုံခြုံရေးကန့်သတ်နယ်မြေက ကျေးရွာအုပ်စု (၂၀) ရှိပါတယ်။ ” (၂၀၁၅) ခုနှစ်က (၂၁၂) အုပ်စုစာရင်ထက်တော့ လျော့သွားပါတယ် နောက်ပိုင်းတော့ ငြိမ်းချမ်းရေး ရရှိမှုအပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်တယ် ” လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဒေါ်မေရီမီနန်ကပြောပါတယ်။ ပြည်နယ် (လဝက) ဝန်ကြီး ဦးဇော်ဝင်းကတော့ လာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ဖို့ ” စစ်ရှောင်စခန်းတွေ…
Read Moreဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနအနေနဲ့ (၄) နှစ်အတွင်း ဘာတွေလုပ်ခဲ့သလဲ ?
Unicode ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနအနေနဲ့ (၄) နှစ်အတွင်း ဘာတွေလုပ်ခဲ့သလဲ ? အန်အယ်လ်ဒီအစိုးရတက်ပြီး ၄နှစ်တာအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်ခဲ့တာတွေကို ပြည်သူတွေသိရှိအောင်တင်ပြပေးတာဖြစ်ပြီး မိမိတို့နေထိုင်တဲ့ နေရာတွေမှာ ဘာတွေအရေးပေါ်လုပ်ဖို့ လိုအပ်နေသလဲဆိုတာ သက်ဆိုင်ရာကိုတင်ပြနိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနရဲ့ ဆောင်ရွက်ခဲ့သမျှနဲ့ ဆောင်ရွက်နေဆဲ လုပ်ငန်းတွေကို တင်ပြပေးခြင်းဖြစ်ပါတယ်။ ၁။ အဆောက်အဦ ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ခဲ့မှုများကို တင်ပြရလျှင် ရခိုင်ပြည်နယ်တွင် ပြန်လည်ဝင်ရောက်လာသူများ အတွက် Assemble Board အလုံး (၉၀) ကို တည်ဆောက်ပြီးစီးခဲ့ပါသည်။ Assemble Board House (၄၃) လုံး ကို ကျေးရွာ (၄) ရွာမှာ တည်ဆောက်လျက်ရှိပါတယ်။ ပြည်ထောင်စုဆင့်အဖွဲ့အစည်းများ ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အပ်နှံသော တရားလွှတ်တော်များ၊ ဆေးရုံကြီးများ၊ တက္ကသိုလ် ကောလိပ်များ(၃၈၄) ခု တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ (၃၁၉) ခုအား တည်ဆောက်လျက်ရှိပါတယ်။ အရည်အသွေးထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်း…
Read Moreပြည်သူလူထုကို ICJ ရင်ဆိုင်ခဲ့တဲ့အခြေအနေတွေ ပြန်လည် အစီရင်ခံတာက နိုင်ငံအတွက် ကြီးမားတဲ့ အချိုးအကွေ့ဖြစ်
ရန်ကုန်၊ ဒီဇင်ဘာ – ၂၀ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် သွားရောက်ရင်ဆိုင်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံခေါင်းဆောင်တစ်ယောက်က ပြည်သူလူထုကို ပြန်လည်အစီရင်ခံတာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့အချိုးအကွေ့ကြီး တစ်ခုဖြစ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့ကနေ သိရပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့က သဆဘာထားရပ်တည်ချက်နဲ့ ဆောင်ရွက်ထားမှုအခြေအနေ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးစိုးဌေးက ရှင်းလင်းရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “ဒါဟာ ဒီမိုကရေစီရဲ့ စံနှုန်းလို့လည်း ကျွန်တော်တို့ ယူဆပါတယ်”လို့ ဦးစိုးဌေးက ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့ရဲ့ သဘောထားကြေညာချက်မှာ အချက် (၉) ချက်ပါဝင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကြိုဆိုထောက်ခံတယ်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်စေမယ့် နိုင်ငံတကာရဲ့…
Read Moreမန္တလေး အရိုးအထူးကုဆေးရုံကြီးက ဆေးရုံအုပ်ကြီးနဲ့ ဌာနခွဲစာရေးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်အရေးယူ
မန္တလေး၊ ဒီဇင်ဘာ ၂၀-၂၀၁၉ မန္တလေးမြို့၊ အရိုးအထုကုဆေးရုံးကြီး (ခုတင်-၅၀၀)က ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် နဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)တို့နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင်ြအရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေသိရပါတယ်။ ဒီကနေ့ညနေပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC MYANMAR)ရဲ့ တရား၀င် Facebook စာမျက်နှာမှာ ထုတ်ပြန်ချက်ထုတ်ထားတာဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး(ကုတင် ၅၀၀)မှ ဆေးရုံအုပ်ကြီး ဦးကြည်လွင် နှင့်အဖွဲ့သည် ရာထူးတာဝန်များကို အလွဲသုံးစားပြု၍ ဆေးရုံအတွင်း လုပ်ကိုင်လျက်ရှိသည့် တင်ဒါလုပ်ငန်းရှင်များထံမှ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေခြင်းအား အရေးယူပေးပါရန် ကော်မရှင်ကို တိုင်ကြားထားတယ်လို့သိရပါတယ်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် သည် အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ တင်ဒါရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုနှစ်နှင့်…
Read Moreကာကွယ်ရေးအသုံးစရိတ် (၅၀)ဘီလီယံနီးပါး စံချိန်တင်အသုံးပြုဖို့ ဂျပန်အစိုးရခွင့်ပြု
တိုကျို၊ ဒီဇင်ဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့ စစ်ရေးတိုးမြင့်တည်ဆောက်ခြင်းတွေကို တန်ပြန်ဖို့ အမေရိကန်ရဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ကြားဖြတ်ဒုံးပျံတွေနဲ့ အခြားပစ္စည်းကိရိယာတွေကို ဝယ်ယူဖို့ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်အသုံးပြုခြင်းကို ရှစ်ကြိမ်မြောက်အဖြစ် ဂျပန်ပန်အစိုးရက ဒီဇင်ဘာ ၂၀ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ ဂျပန်ကာကွယ်ရေးအသုံးစရိတ်ဟာ ဧပြီ ၁ ရက်မှစတင်ပြီး ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးမြင့်ကာ ဒေါ်လာ ၄၈ ဒသမ ၅၆ ဘီလီယံအထိ အသုံးပြုသွားမှာဖြစ်ပါတယ်။ အသုံးစရိတ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီလွှမ်းမိုးထားတဲ့ ဂျပန်ပါလီမန်က လာမယ့်နှစ်ကာကွယ်ရေး အသုံးစရိတ်အပေါ် မဲခွဲဆုံးဖြတ်ကြဦးမှာဖြစ်ပါတယ်။ ထိုးစစ်ဆင်နွှဲနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ခြင်းကို တားမြစ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ရှိနေပေမယ့်လည်း ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း စစ်ရေးအသုံးစရိတ် ၁၅ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာနေပါတယ်။…
Read Moreရိုးရာလက်မှု ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ သစ်သားပန်းပုဈေးကွက် တဖြည်းဖြည်းကျဆင်းလာ
မန္တလေး ဒီဇင်ဘာ ၂၀-၂၀၁၉ ဖြူဖြူ(VOM ) ရိုးရာလက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ သစ်သားပန်းပုဈေးကွက်ဟာ တဖြည်းဖြည်းကျဆင်းလာနေပြီး ပြည်ပအနေနဲ့အားကိုးနေရတဲ့ တရုတ်ဈေးကွက်မှာလည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သစ်သားပန်းပုလုပ်ငန်းရှင်အချို့ကနေ သိရပါတယ်။ “ကျနော်တို့မှာ ပြည်တွင်းဈေးကွက်ပ ဲအားကိုးနေရတာ။ ပြည်ပကလည်း ထွက်ချင်တိုင်းထွက်လို့မရ။ အရင်ကထက်တော့ အတော်လေး အရောင်းအဝယ်ကျတယ်။ ဘယ်လောက်ကျလဲဆိုတော့ ထက်ဝက်လောက်ထိကျတယ်။”လို့ ပန်းပုလုပ်ငန်းရှင် ဦးဇော်ဇော်မိုးက ပြောပါတယ်။ သစ်ကုန်ကြမ်းရှားပါးလာပြီး ဝယ်ရဈေးမြင့်လာပေမယ့် ပြည်တွင်းရော တရုတ်ဈေးကွက်မှာပါ အရောင်းအဝယ်အေးနေတာဖြစ်တယ်လို့ သိရပါတယ်။ အတားအဆီး အကန့်အသတ်တွေကြောင့် တရုတ်တင်ပို့မယ့် ပန်းပုတွေကို နယ်စပ်ဂိုထောင်တွေမှာ လှောင်ထားရတဲ့ အနေအထားအထိရှိတယ်လို့ ပန်းပုလုပ်ငန်းရှင် ဦးစိုးစိုးဝင်းကလည်း ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာ့ပန်းပုကို အခြားနိုင်ငံတွေမှာပါ တင်ပို့နိုင်အောင် ပံ့ပိုးပေးစေချင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပန်းပုအရောင်းအဝယ်ဈေးကွက်ကျဆင်းမှုရဲ့နောက်ဆက်တွဲအနေနဲ့ ပန်းပုပညာရပ်ကို သင်ယူသူနည်းပါးလာတဲ့အကြောင်း ပန်းပုလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက “လုပ်ငန်းရှင်တွေကလည်း ထိုက်သင့်တဲ့ သူတို့ဝမ်းစာအတွက် မပေးနိုင်ဘူး။…
Read Moreကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တစ်နှစ်ပတ်လုံး ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး
သူရဟိန်း ရာသီတုပ်ကွေးဆိုတာ လူတစ်ဦးကနေ တစ်ဦးဆီကို လွယ်ကူစွာကူးစက်နိုင်တဲ့ ပြင်းထန်သောဗိုင်းရပ်ကူးစက်မှှု ဖြစ်ပါတယ်။ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုပြင်းထန်ပြီး ကူးစက်ခံရတဲ့သူ အများစုဟာ ဆေးရုံ၊ဆေးခန်းမှာ ဆေးကုသမှုခံယူရတဲ့အထိ ဖြစ်ပွားနိုင်ကာ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူတိုင်း အလွယ်တကူ ဖျားနာတတ်ကြတာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ မှ သြဂုတ်လ ၁၀ရက်နေ့အထိ ပြည်သူများအကြား တုပ်ကွေးကူးစက်မှှုဟာ ၁၃,၀၄၈ ဖြစ်ပြီး သေဆုံးသူ ၆၈ဦး ရှိခဲ့ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးသည် ကူးစက်မှှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှာ ကူးစက်မှုခံရမှုဒုတိယအများဆုံး ဖြစ်ပါတယ်။ WHO ရဲ့ ထုတ်ပြန်ကြေညာချက်အရ ဗိုင်းရပ်စ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ မည်သည့် အသက်အရွယ် အပိုင်းအခြားမဆို ကူးစက်နိုင်ပြီး နားမကျန်း ဖြစ်နိုင်တဲ့အပြင် သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။…
Read Moreအိန္ဒိယမှာ နိုင်ငံသားဥပဒေဆန္ဒပြပွဲအတွင်း သေဆုံးသူ ကိုးဦးရှိလာ
ဒေလီ၊ ဒီဇင်ဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်တဲ့ ဥပဒေလို့ရှုမြင်ရတဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို ဆန္ဒပြမှုတွေ သီတင်းနှစ်ပတ်ကြာဖြစ်ပွားပြီးနောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင် အဓိကရုဏ်းတွေ ထပ်မံဖြစ်ပေါ်နေပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာတော့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ကိုးဦးအထိရှိလာပြီဖြစ်ပါတယ်။ ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့က ဝင်ရောက်လာတဲ့ မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ကန့်သတ်ထားပြီး ကျန်ဘာသာဝင်တွေကို နိုင်ငံသားဖြစ်ခွင့်ပြုထားပါတယ်။ သောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၁၉ ရက်မှာ နိုင်ငံတစ်ဝန်းဆန္ဒပြခဲ့ကြပြီး မြောက်ပိုင်းတွင် လပ်နောင်း၊ တောင်ပိုင်းတွင် မန်ဂါလိုရီနဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိမြေဖြစ်တဲ့ ဂူဂျာရက်တို့မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ မငြိမ်မသက်အခြေအနေတွေကို ထိန်းသိမ်းဖို့ အရေးပေါ်ဥပဒေတွေပြဌာန်းခြင်း၊ အင်တာနက်ဆက်သွယ်မှုတွေဖြတ်တောက်ခြင်းနဲ့ နိုင်ငံတစ်ဝန်းရှိ အကဲဆတ်တဲ့နေရာတွေက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားခြင်းတွေကိုအလျင်အမြန်လုပ်ဆောင်နေကြပါတယ်။ ဒီဥပဒေဟာ မွတ်စလင်တွေကို…
Read MoreGrade 10 သင်ရိုးသစ်မှာ ပေါင်းစပ်ဘာသာရပ်တွေ ထပ်တိုးမယ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၀-၂၀၁၉ စွဲ့ဝတီ(VOM) ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်မှာပြောင်းလဲမဲ့ Grade 10 သင်ရိုးသစ်မှာ ပေါင်းစပ်ဘာသာရပ်တွေ ထပ်တိုးမှာဖြစ်ပြီး သိပ္ပံသမားဟာ ဝိဇ္ဇာတွဲဖက်ဘာသာရပ်နဲ့ ဝိဇ္ဇာသမားဟာ သိပ္ပံတွဲဖက်ဘာသာရပ်ကိုပါ သင်ရမယ်လို့ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနကနေ သိရပါတယ်။ Grade 10 သင်ရိုးသစ်မှာ ဓာတု၊ရူပ၊ ဇီ၀ စတဲ့ဘာသာရပ်တွေပါတဲ့ သိပ္ပံတွဲသမားဟာ ပထဝီ၊ သမိုင်း ၊ ဘောဂ သုံးခုတွဲထားတဲ့ လူမူရေးသိပ္ပံ ဘာသာရပ်ကိုပါ သင်ယူရမှာဖြစ်ပြီး ပထဝီ၊ သမိုင်း ၊ ဘောဂ စတဲ့ ဘာသာရပ်တွေပါတဲ့ ဝိဇ္ဇာတွဲသမားတွေဟာ ဓာတု၊ ရူပ ၊ ဇီ၀ ပေါင်းစပ်ထားတဲ့ သိပ္ပံ ဘာသာရပ်ကိုပါ သင်ယူရမှာဖြစ်တဲ့အပြင် ဓာတု၊ ရူပ၊ ဘောဂ စတဲ့ ဘာသာရပ်တွေပါတဲ့ ဝိပ္ပံဘာသာတွဲသမားဟာလည်း ပထဝီ၊ သမိုင်းဘာသာရပ်တွဲဖက်တွေကိုပါ တွဲပြီးသင်ရမယ်လို့…
Read More