ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနအနေနဲ့ (၄) နှစ်အတွင်း ဘာတွေလုပ်ခဲ့သလဲ ?

Unicode

ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနအနေနဲ့ (၄) နှစ်အတွင်း ဘာတွေလုပ်ခဲ့သလဲ ?

အန်အယ်လ်ဒီအစိုးရတက်ပြီး ၄နှစ်တာအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်ခဲ့တာတွေကို ပြည်သူတွေသိရှိအောင်တင်ပြပေးတာဖြစ်ပြီး မိမိတို့နေထိုင်တဲ့ နေရာတွေမှာ ဘာတွေအရေးပေါ်လုပ်ဖို့ လိုအပ်နေသလဲဆိုတာ သက်ဆိုင်ရာကိုတင်ပြနိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနရဲ့ ဆောင်ရွက်ခဲ့သမျှနဲ့ ဆောင်ရွက်နေဆဲ လုပ်ငန်းတွေကို တင်ပြပေးခြင်းဖြစ်ပါတယ်။

၁။ အဆောက်အဦ ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ခဲ့မှုများကို တင်ပြရလျှင် ရခိုင်ပြည်နယ်တွင် ပြန်လည်ဝင်ရောက်လာသူများ အတွက် Assemble Board အလုံး (၉၀) ကို တည်ဆောက်ပြီးစီးခဲ့ပါသည်။

Assemble Board House (၄၃) လုံး ကို ကျေးရွာ (၄) ရွာမှာ တည်ဆောက်လျက်ရှိပါတယ်။

ပြည်ထောင်စုဆင့်အဖွဲ့အစည်းများ ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အပ်နှံသော တရားလွှတ်တော်များ၊ ဆေးရုံကြီးများ၊ တက္ကသိုလ် ကောလိပ်များ(၃၈၄) ခု တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။
(၃၁၉) ခုအား တည်ဆောက်လျက်ရှိပါတယ်။

အရည်အသွေးထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အဆောက်အဦသုတေသန ဓါတ်ခွဲခန်းများရုံး(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်) (၂) ခု ရှိသလို ပြီးခဲ့သည့် ၂၀၁၈ခုနှစ်(၆)လတာ ကာလအတွင်းမှာ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူဦးစီးဆောက်လုပ်သော
တည်ဆောက်ရေးလုပ်ငန်း(၆၁)ခုအပြင် ကျန်တဲ့လုပ်ငန်း (၃၃) ခု တို့၏ အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အဆောက်အဦသုတေသနဓါတ်ခွဲခန်းများရုံး(ရန်ကုန်)ကို ISO/IEC 17025 အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်နေပါတယ်။

အဆောက်အဦ ဦးစီးဌာနအနေဖြင့် Field Engineer’s Manualşę Third Party
Inspector’s Manual တို့ကို ရေးဆွဲထုတ်ဝေခဲ့ပြီး ဖြစ်သလို Myanmar
Standards For Materials ကို ကိုရီးယားနိုင်ငံ KCL နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

၂။ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနအနေဖြင့် ပြောရလျင် ကချင်ပြည်နယ်တွင် မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းပိုင်းအား ကွန်ကရစ်လမ်းခင်းခြင်း ၊ ကတ္တရာလမ်းခင်းခြင်း ၊ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းနှင့် လိုအပ်သော နေရာများတွင် ကျောက်စီမြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းများအား တစ်လမ်းလုံး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ၊
ဆောင်ရွက်လျက်ရှိပါတယ်။

အဲ့လမ်းပေါ်မှာ ရှိတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပေါ်ရှိ တီယာန်ဇွပ်တံတား ၊ ဒရုခတံတား တို့အား လည်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကယားပြည်နယ်အနေဖြင့် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း၊ တောင်ငူ-မော်ချီး-လွိုင်ကော်လမ်း၊ ဖားဆောင်း- မယ်ဆည်နန်-မယ်စဲ-နန်းမန်းလမ်း များအား အပိုင်းလိုက် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးနိုင်ခဲ့သလို၊ အချို့အပိုင်းများကိုလည်း JICA ချေးငွေဖြင့်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သလို၊ လွိုင်ကော်မြို့ပေါ်ရှိ ဒေါနိုးကူးတံတားပေ(၂၀၀)အား တည်ဆောက်ပြီးစီးနိုင် ခဲ့ပါတယ်။

၃။ ကရင်ပြည်နယ်အနေဖြင့် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်း တွင်( ၄ )လမ်းသွား ကတ္တရာလမ်းတိုးချဲ့ခြင်း နှင့် သံဖြူဇရပ် – ဘုရားသုံးဆူလမ်းတွင်RC တံတား တည်ဆောက်ခြင်း (၇) စင်း ၊ တောင်ငူ- လိပ်သို- ဟိုပုံး လမ်းတွင် JICA ဖြင့်လည်းကောင်း ၊ အိန္ဒု – ကော့ကရိတ်လမ်းတွင် ADB ချေးငွေဖြင့်လည်းကောင်း လမ်းအဆင့်မြှင့်တင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။

သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းမှာ BOT ကုမ္ပဏီနဲ့ဆောင်ရွက်တဲ့ လမ်းပိုင်းတွေကို ပဲခူးတိုင်းအပိုင်း နှင့် မွန်ပြည်နယ်အပိုင်းဘားအံအထိ ( ၄ ) လမ်းသွား တိုးချဲ့ပြီးသလို ကျန်အပိုင်းတွေမှာ ADBချေးငွေဖြင့် အဆင့်မြှင့်တင်ဖို့ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။

 

 

၄။ ချင်းပြည်နယ်အနေဖြင့် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်း ၊ သိုင်းငင်း-တီးတိန်လမ်း ၊ ဟားခါး-မတူပီလမ်းပိုင်းများအား အပိုင်းလိုက်အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မတူပီ-ပလက်ဝလမ်း ၊ တီးတိန်-တွန်းဇံ-ကျီခါးလမ်း၊ဒီလမ်းပိုင်းတွေကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ် ။ ကုလားတန်တံတား (ပလက်ဝ)ကို ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၊ ၂၀၁၉ – ၂၀၂၀ဘဏ္ဍာနှစ်တွင် ပြီးစီးရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

 

၅။ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မုံရွာ- ပုလဲ- ဂန့်ဂေါလမ်း ၊ ရွှေဘို-မြစ်ကြီးနားလမ်း၊ ရောင်ဟီး -ပင်လည်ဘူးလမ်း ၊ သက္ကယ်ကျင်း- ဖောင်းပြင်-ဟုမ္မလင်း-ခန္တီလမ်း ၊ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း အစရှိတဲ့ လမ်းပိုင်းတွေကို အပိုင်းလိုက်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သလိုမန္တလေး-တကောင်း၊ ဗန်းမော်-မြစ်ကြီးနားလမ်းအား JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ ချင်းတွင်းမြစ်ကူးတံတားကြီးများ ဖြစ်သည့် ချင်းတွင်းတံတား(ခန္တီး)နှင့် ချင်းတွင်းတံတား (ဟုမ္ပလင်း) တို့အား ပြီးခဲ့တဲ့နှစ်အတွင်းမှာ အပြီး တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သည်တံတားကြီးများ တည်ဆောက်ဖွင့်လှစ်နိုင်၍ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုတဲ့ တံတားကြီးတွေဖြစ်ပါတယ်။

၆။ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် လေညာ- ရတနာပုံလမ်း ၊ ထားဝယ်-ထီးခီးလမ်းတွင် NEDA ချေးငွေဖြင့် အဆင့်မြှင့်တင်နိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သမုတ်လွတ်လွတ် တံတား ၊ ပုလုံးတုံးတုံးတံတား နှင့် တနင်္သာရီတံတား တို့ကိုလည်း တည်ဆောက်လျှက်ရှိပါသည်။ သည်တံတားကြီးများ ပြီးစီးသွားပါက တနင်္သာရီတိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအပြင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးတွင်များစွာအထောက်အကူပြုမည့် တံတားကြီးများဖြစ်ပါတယ်။

 

၇။ ပဲခူးတိုင်းဒေသကြီးအနေဖြင့် တောင်ငူ-မော်ချီး-ဒီမော့ဆိုလမ်းအဆင့်မြှင့်တင်နိုင်သလို ဒိုက်ဦး – စစ်တောင်းလမ်းတွင် JICA ချေးငွေဖြင့် အပိုင်းလိုက် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ တောင်ငူ- လိပ်သို- ယာဒို-လွိုင်ကော်- ဟိုပုံး ၊လမ်းတွင် JICA ချေးငွေဖြင့်လည်းကောင်း၊ ပုသိမ်-မုံရွာလမ်း၊ ပဲခူး-သနပ္ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်း တို့ကိုလည်း အပိုင်းလိုက် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ စစ်တောင်းမြစ်ကူး တံတားကြီးများဖြစ်သည့် စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) ၊ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) ၊ စစ်တောင်းမြစ်ကူးတံတား (မြို့စိုး) နှင့် တောင်ငူ – ကျောက်ကြီး -ရွှေကျင်-ဝင်းကံလမ်းပေါ်ရှိ ရွှေကျင်တံတား ကြီးတို့ကိုလည်း တည်ဆောက် လျှက်ရှိပါသည်။

၈။မကွေးတိုင်းဒေသကြီးအနေဖြင့် မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်း ၊ ဂန့်ဂေါ-ကလေးလမ်း ၊ မင်းဘူး – အမ်းအပိုင်း ၊ ဂန့်ဂေါ-အိုက္ကာလမ်း၊ နေပြည်တော်တောင်ညို -မြို့သစ်-ကံပြား (မကွေး) လမ်း ၊ နေပြည်တော်-တောင်ညို -ချောင်းနက်-တောင်တွင်းကြီးလမ်း ၊ ပခုက္ကူ-ဆိပ်ဖြူလမ်း၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်း အပိုင်းတွေကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သလို မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ – ပေါက် – ထီးလင်း -ဂန့်ဂေါ လမ်းပေါ်ရှိ မြစ်သာမြစ်ကူးတံတား (ဂန့်ဂေါ) တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ မုန်းချောင်းတံတား (ပွင့်ဖြူ) နှင့် ယော(ကံတွင်း) တံတားနှစ်စင်းတို့ကိုလည်း တည်ဆောက်လျှက်ရှိပါတယ်။

 

၉။မန္တလေးတိုင်းဒေသကြီးအနေဖြင့် မန္တလေး-မိုးကုတ်လမ်းအား JICAချေးငွေဖြင့် လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ၊ မန္တလေးတကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း ၊ ရန်ကုန်- ပြည်- မန္တလေးလမ်း ၊ တွင်းငယ် – မိုးမိတ် လမ်းပိုင်းတွေကို အပိုင်းလိုက် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ ညောင်ဦး – မြင်းခြံ လမ်းပေါ်ရှိ ဆင်တဲဝတံတားကြီးအား တည်ဆောက်လျှက်ရှိပြီး မကြာမီ ပြီးစီးတော့မည် ဖြစ်ပါတယ်။

 

 

၁၀။မွန်ပြည်နယ်အနေဖြင့်သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လှိုင်ကွယ်လမ်း၊လေးကေ-ကတိုင်တိလမ်း၊တရနာ-ဘုရားကုန်းလမ်းပိုင်းတွေကိုပြည်ထောင်စုဘတ်ဂျတ်နဲ့ကောJICA ချေးငွေဖြင့်လမ်းအဆင့်မြှင့်တင်ခြင်းဆောင်ရွက်နိုင်ခဲ့သလိုမွန်ပြည်နယ်အတွင်းရှိကျိုက်မရော- စံပယ်ဂူ- ကော့ပနောလမ်းပေါ်ရှိအတ္တရံမြစ်ကူး(စံပယ်ဂူ)တံတားကိုလည်းစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

၁၁။ရခိုင်ပြည်နယ်အနေဖြင့်ငါးသိုင်းချောင်း- ဂွ- သံတွဲလမ်းအားWorld Bank ချေးငွေဖြင့်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။မောင်တော-ကျီးကန်းပြင်- ကြိမ်ချောင်း- အောင်သပြေ-ဗန္ဓုလလမ်း၊မောင်တော(ကြိမ်ချောင်း)-တောင်ပြို-နယ်စပ်ခြံစည်းရိုးချဉ်းကပ်လမ်း၊ကျောက်ပန္ဒူ-အင်းဒင်- စေတီပြင်မေယုတောင်ကျော်လမ်း၊ကြိမ်ချောင်း- ဂုပ္ပမေယုတောင်ကျော်လမ်း၊ဥဒေါင်း- ညောင်ချောင်း- မေယုတောင်ကျော်လမ်း၊သက်ကိုင်ညာ-ပဒဂါးမေယုတောင်ကျော်လမ်းစသည့်လမ်း(၄)လမ်းကိုလည်းအဆင့်မြှင့်တင်ပြီးလမ်းပေါက်သွားအောင်ဆောင်ရွက်လျက်ရှိသလိုအချို့အပိုင်းတွေမှာလည်းကွန်ကရစ်လမ်းခင်းတာတွေ၊တံတားတည်ဆောက်တာတွေလက်ရှိဆောင်ရွက်လျက်ရှိပါတယ်။ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်လမ်းတွင်ကွန်ကရစ်လမ်း(၈)မိုင်ခင်းခြင်း၊ငါးသိုင်းချောင်းဂွ-သံတွဲလမ်းတွင်World Bank ချေးငွေဖြင့်လမ်းအဆင့်မြှင့်တင်ခြင်းစသည့်လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ရန်ကုန်- စစ်တွေလမ်းပေါ်ရှိဒါးလက်ချောင်းတံတား၊တိမ်ညိုတံတား၊မြေပုံ- မင်းပြားလမ်းပေါ်ရှိကြပ်စင်တံတားနှင့်စစ်တွေမြို့ပေါ်ရှိဆတ်ရိုးကျတံတားတို့ကိုတည်ဆောက်ပြီးစီးပြီးကင်းချောင်းတံတားနှင့်ရာမောင်တံတားတို့ကိုလည်းတည်ဆောက်လျှက်ရှိပါတယ်။

 

၁၂။ရန်ကုန်တိုင်းဒေသကြီးနေဖြင့်ပဲခူး-သနပ္ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်း၊မအူပင်- တွံတေးလမ်း၊တိုက်ကြီး-ဖောင်ကြီး-ပဲခူးလမ်း၊အမှတ်(၇)လမ်းမကြီး(မြို့ပတ်လမ်း)တို့ကိုလည်းအဆင့်မြှင့်တင်နိုင်ခဲ့ပြီးသန်လျင်မှသီလဝါကိုသွားတဲ့သန်လျင်-သီလဝါလမ်းမကြီးကိုလည်းJICA ချေးငွေဖြင့်လက်ရှိလမ်းကိုအဆင့်မြှင့်တင်ခြင်း၊ကော့မှူး-ဝါးဘလောက်သောက်- သရက်တောလမ်းပိုင်းတွေကိုဆောင်ရွက်နိုင်သလိုဒေါပုံကနေပုဇွန်တောင်

သွားတဲ့ဒေါပုံ(သာကေတ)တံတားအားတည်ဆောက်နိုင်ခဲ့ပြီး၊ကိုရီးယားနိုင်ငံချေးငွေဖြင့်မြန်မာ- ကိုရီးယား(ဒလ) ချစ်ကြည်ရေးတံတားအားစတင်တည်ဆောက်နေပါပြီဖြစ်ပါတယ်။ဂျပန်နိုင်ငံချေးငွေဖြင့်တည်ဆောက်မည့်ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)တို့မှာစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

၁၃။ရှမ်းပြည်နယ်အနေဖြင့်တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း၊မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းများကိုလည်းအပိုင်းလိုက်အဆင့်မြှင့်တင်နိုင်ခဲ့ပြီး၊ဟန်မြင့်မိုရ်-မြို့ကြီး-အောင်ပန်းလမ်း၊တောင်ငူ- လိပ်သို- ယာဒို- ဟိုပုံးလမ်းတို့ကိုလည်းJICA ချေးငွေဖြင့်လမ်းအဆင့်မြှင့်တင်နိုင်ခဲ့ပြီး၊အောင်ပန်း-ပင်လောင်း- မိုးဗြဲ- လွိုင်ကော်လမ်း၊မိုင်းပန်-မုံးထ-မုံးထော်လမ်း၊တွင်းငယ်-မိုးမိတ်လမ်း၊လားရှိုး-မန်စံလမ်း၊သီပေါ-ပန်လုံ-နမ္မတူလမ်း၊ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်သီပေါ-ပန်လုံနမ့်ဆန်လမ်းပိုင်းတွေကိုအပိုင်းလိုက်အဆင့်မြှင့်တင်နေသလိုနမ့်ဆန်လမ်းပေါ်မှာရှိသောလေလုတံတားကိုတည်ဆောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

သံလွင်မြစ်ကူးတံတားများဖြစ်သည့်မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိတာကော်တံတားနှင့်မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိသံလွင်မြစ်ကူးတံတား(တာဆန်း)တို့မှာစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

၁၄။ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်ဖျာပုံ-ကျုံကဒွန်း-ဒေါ်ငြိမ်း- အမာလမ်း၊ဘိုကလေး- မော်လမြိုင်ကျွန်း- ကျုံမငေးဝါးခယ်မ- မြောင်းမြလမ်း၊ကြိမ်ပင်ဆည်- စက္ခု-ဓနုဖြူ-ဇလွန်လမ်း၊ငါးသိုင်းချောင်း-ဂွ-သံတွဲလမ်း၊ဘိုကလေး-စက်ဆန်း-တော်ပိုင်-အမာလမ်း၊မအူပင်-ကျိုက်လတ်-ဖျာပုံလမ်း၊နှင့်ရန်ကုန်-ပုသိမ်လမ်းအပိုင်းတွေကိုနိုင်ငံတော်၏ဘတ်ဂျက်ဖြင့်ကောADB အကူအညီနဲ့ကောJICA ချေးငွေဖြင့်ကာဆောင်ရွက်ပြီးစီးတဲ့အပိုင်းတွေရှိသလိုဆက်လက်ဆောင်ရွက်မည့်အပိုင်းတွေလည်းရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရွှေသောင်ယံတံတား(မကျီးချောင်း)အားတည်ဆောက်ပြီးစီးခဲ့ပြီး၊မြောင်းမြတံတားအသစ်မှာလည်းမကြာမီပြီးစီးမည်ဖြစ်ပါသည်။စော်ကဲတံတား၊ကျွန်းပြဿဒ်တံတား၊ကျွန်းကုန်းတံတား၊ပုသိမ်တံတားအမှတ်(၂)တို့ကိုတည်ဆောက်လျက်ရှိပြီးရွှေလောင်းတံတား၊ဝါးခယ်မတံတားနှင့်လပွတ္တာ(ပင်လယ်လေး)တံတားတို့ကိုလည်းကြိုးတံတားကနေပြီးRC တံတားအဖြစ်လက်ရှိအဆင့်မြှင့်တင်တည်ဆောက်လျှက်ရှိပါတယ်။

 

၁၅။နေပြည်တော်ကောင်စီနယ်မြေနေပြည်တော်-တောင်ညို- မြို့သစ်- ကံပြား(မကွေး)လမ်း၊နေပြည်တော်-တောင်ညို-ချောင်းနက်-တောင်တွင်းကြီးလမ်း၊တပ်ကုန်းမှရန်ကုန်- မန္တလေးအမြန်လမ်းသို့ဆက်သွယ်သောလမ်း၊ဘိလပ်မြေစက်ရုံ(တောင်စဉ်အေး) – နန့်လွင်စန်း- ပြဒါးချောင်းအထက်ပေါင်းလောင်းလမ်း၊မွန်းတည့်ခွင့်- ကျည်တောင်- ခေါမ- ညောင်ပင်သာလမ်းစသည့်ဒီလမ်းပိုင်းတွေကိုအဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

 

၁၆။ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးကို အဆင့်မြှင့်တင်ပေးနိုင်ဖို့ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ AC ခင်းခြင်း (၉/ဝ) မိုင်၊ Chain Link တပ်ဆင်ခြင်း (၈/၃)မိုင်တို့ကိုလည်း တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ Raised Median မှ Depressed Median ပြောင်းခြင်း (၁၆/၇) မိုင်၊ Guard Rail များကိုလည်း (၁၅/၆)မိုင်ထိ တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ သည်နေရာမှာ ကုန်ထုတ်လမ်းတွေဖြစ်တဲ့ ဆက်သွယ်တဲ့ကုန်ထုတ်လမ်းတွေမှာအမာခံလမ်းခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းတို့ကိုလည်း တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။

ခြုံပြီးပြောရလျှင် တစ်နိုင်ငံလုံးမှာ လမ်းမိုင်အရှည် (၂၆၃၁၃) မိုင် (၄) ဖာလုံ ရှိတဲ့
အနက်မှာ ကွန်ကရစ်လမ်းပေါင်း(၁၂၁၃)မိုင် (၇)ဖာလုံ၊ ကတ္တရာလမ်းအဖြစ်နှင့် စုစုပေါင်း (၁၅၈၁၆)မိုင် (၃)ဖာလုံ အဆင့်ထိရောက်အောင် ကတ္တရာကွန်ကရစ်လမ်း (၁၅၃၆) မိုင် (၂) ဖာလုံ အဆင့်ထိ ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် တတိယ(၁)နှစ်တာကာလအတွင်းမှာ ထပ်မံပြီးPlan ထားတာကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနေနဲ့ ကွန်ကရစ်လမ်း ၊(၃၉) မိုင် အဆင့်မြှင့်တင်သွားပြီး AC ကတ္တရာလမ်း (၁၃၇) မိုင် အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်။

၁၇။ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဘတ်ဂျက်တွင် ကွန်ကရစ် လမ်း (၁၇၅)မိုင်၊ ကတ္တရာလမ်း(၃၅)မိုင်၊ ကတ္တရာထပ်ပိုးလွှာ( ၇ )ဖာလုံ၊ ကျောက်ချောလမ်း(၂၀၁)မိုင်၊ဂဝံလမ်း(၄၀၈ )မိုင်၊ ကွန်ကရစ်တံတား (၁၀၆)စင်း၊ သစ်သားတံတား (၁၁)စင်း၊ ဘေလီတံတား(၄)စင်း၊ ရေကျော် (၂၂)စင်း၊ Box Culvert ပေါင်း(၄၅၉)စင်း၊ ဒါတွေတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ
နှစ်တွင် ကွန်ကရစ်လမ်း(၃၁၇)မိုင်၊ ကတ္တရာလမ်း (၃၀၉)မိုင်၊ ကတ္တရာထပ်ပိုးလွှာ(၁၆)မိုင် ၊ ကျောက်ချောလမ်း (၄၅၆)မိုင် ၊ ဂဝံလမ်း (၈၈၄)မိုင် ဒါတွေကိုလည်း တည်ဆောက်လျက်ရှိပါတယ်။ ကွန်ကရစ်တံတား (၄၅၇)စင်း၊ သစ်သားတံတား(၁၇)စင်း၊ကြိုးတံတား(၃၇)စင်း၊ ရေကျော်(၇၃)စင်း ၊ Box Culvert (၁၀၀၄)စင်း ဒါတွေကိုလည်း တည်ဆောက်လျက်ရှိပါတယ်။

၁၈။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် မြို့ပြကဏ္ဍတွင် မြို့ပြနှင့်ဒေသဖွံ့ဖြူးရေး စီမံကိန်းများ ရေးဆွဲခြင်းကို ၂၀၁၈ ခုနှစ် ဧပြီလ မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အထိ (၁)နှစ်တာအတွင်း နှစ်စဉ်လျာထား မြို့ပေါင်း (၆)မြို့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော AsiaDevelopment Bank (ADB) Neighboring Countries Economie၊ Development Cooperation Agency (NEDA)ကိုရီးယားနိုင်ငံ
KOICA ၊ LH ဂျပန်နိုင်ငံ MLIT JICA စသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးကိစ္စများဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

၁၉။ အိမ်ရာကဏ္ဍအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်းများမှ အိမ်ခန်းစုစုပေါင်း(၃၃၂၂)ခန်း ကိုပြည်သူများနေထိုင်နိုင်ရန် တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။

အခြားတိုင်းဒေသကြီးများတွင်လည်း အိမ်ရာစီမံကိန်းများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် အိမ်ခန်းပေါင်း (၆၇၆) ခန်း ၊ပါဝင်သော ဥမ္မာဒန္တီအိမ်ရာစီမံကိန်း နှင့် အိမ်ခန်းပေါင်း (၉၆)ခန်း ပါဝင်သော ပြည်တော်သာအိမ်ရာ၊ ကရင်ပြည်နယ် ဘားအံမြို့တွင် အိမ်ခန်းပေါင်း (၄၈)ခန်း ပါဝင်သော ကြာအင်းတောင်အိမ်ရာတို့ကိုလည်း တည်ဆောက်ရောင်းချပေးလျက်ရှိပါတယ်။ ဝန်ထမ်းများ နေထိုင်မှု အဆင်ပြေစေရန်အတွက် ၊တိုင်းဒေသကြီး ပြည်နယ် များတွင် ၎င်းတို့၏ တိုင်းဒေသကြီး ပြည်နယ် ၊ဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ရာ(၁၅၇)လုံး ၊ အခန်ပေါင်း(၂၄၈၄)ခန်းတည်ဆောက် ပေးနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု ရန်ပုံငွေဖြင့် နေပြည်တော် ၊ရန်ကုန် ၊ မန္တလေးမြို့များတွင် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ (၂၅) လုံးအခန်းပေါင်း (၈၆၀)ခန်းအား လက်ရှိတည်ဆောက်လျက် ရှိပါတယ်။

 

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို ( ၂၉-၁-၂၀၁၆ ) ရက်နေ့တွင် လည်းကောင်း ၊ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေများကို(၇-၁၂-၂၀၁၇) ရက်နေ့တွင်လည်းကောင်း ပြဌာန်းနိုင်ခဲ့ပြီး ထပ်မံပြင်ဆင်သည့် နည်းဥပဒေများကို (၄-၁၂-၂၀၁၈)ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့ပါတယ်။

မြေအောက်ရေကြီးကြပ်ထိန်းသိမ်းရေးဥပဒေ ( မူကြမ်း ) ၊ မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ (မူကြမ်း) နှင့် အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) များအား အတည်ပြု ပြဌာန်းနိုင်ရန် ရေးဆွဲဆောင်ရွက်လျှက် ရှိပါတယ်။

မြို့ပြအိမ်ရာက ရေးဆွဲထားသော လက်ရှိဆောင်ရွက်နေသည့် Mega Project (၄)ခုရှိပါတယ်။ New Mandalay Resort city အားမန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ်တွင် ဧရိယာ (၇၀၀၀) ဧက ခန့်တွင် Clean, Green & Smart မြို့သစ်စီမံကိန်းကို PPP Program
အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်တွင် Eco Green Cityစီမံကိန်းအား Alliance Star Group of Companies နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို Smart District အနေဖြင့် ရန်ကုန်၊တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဆောင်ရွက်လျက် ရှိပါတယ်။ Korea-Myanmar Industrial Complex(KMIC) စီမံကိန်းကို ရန်ကုန် ၊ တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ် ၊ ညောင်နှစ်ပင်သင်တန်းကျောင်း ၊မြေဧရိယာ(၅၅၈) ဧကပေါ်မှာ တည်ဆောက်လျက်ရှိပါတယ်။ JICA ODATwo – Step Loan အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
“Housing Finance Development Project ,ရည်ရွယ်ချက်မှာ ဝင်ငွေနည်းပြည်သူများ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို သက်သာသော အတိုးနှုန်းထားနှင့် နှစ်ရှည်ပေးချေသည့် စနစ်ဖြင့်ဝယ်ယူနိုင်စေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှအကောင်အထည်ဖော် ပြီးစီးခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်းပေါင်း (၄၄၅၂)ခန်း ကို ရောင်းချရန် လျာထားပါတယ်။

ပြည်သူများအိမ်ရာပိုင်ဆိုင်နိုင်ရေး အတွက် လိုအပ်ချက်ဖြစ်သော အိမ်ရာစုဆောင်းငွေ
စနစ်ကို (၁.၈.၂၀၁၆) မှ စတင်အကောင်အထည်ဖော်ခဲ့ရာ Housing
Mortgage Loan ဖြင့် ပြည်သူများအိမ်ရာပိုင်ဆိုင်နိုင်စေရန်ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ၃၁.၁.၂၀၁၉ နေ့အထိ အိမ်ရာ စုဆောင်းငွေထားရှိသူ(၂၅၀၀၀) ကျော်ရှိပြီး၊ ငွေကျပ်(၂၃) ဘီလီယံ ကျော် စုဆောင်းနိုင်ခဲ့ပါသည်။

အိမ်ရာဝယ်ယူသူ (၂၇၂၀ )ဦးကို ငွေကျပ် (၃၅,၁၇) ဘီလီယံ ထုတ်ချေးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ CHID Bank သည် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ အထောက်အကူ ပြုနိုင်ရေးအတွက် ရည်ရွယ်၍ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံ အဆောက် အအုံဖွံ့ဖြိုးရေးဘဏ် CHID Bank (Construction, Housing and Infrastructure Development Bank) အဖြစ် ရည်မှန်းချက်၊ မျှော်မှန်းချက်များတိုးမြှင့်ပြီးဆောင်ရွက်လျက်ရှိပါတယ်။

နိဂုံးချုပ်ပြောရလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် Infrastructrue ဖြစ်တဲ့ လမ်း၊ တံတား ၊ အိမ်ရာကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆက်လက်ဖွံ့ဖြိုး တိုးတက်သွားအောင်ဆောင်ရွက်သွားမှာ ဖြစ်သလို Consturction Industry ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်သွားဖို့ ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

VOM အနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက ရရှိတဲ့ အချက်လက်တွေကို သိရှိအောင် တင်ပြပေးတာသာဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်ကြီးအနေနဲ့ မိမိတို့ဒေသတွေမှာ လိုအပ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာအဆင့်ဆင့်ကနေ တင်ပြပေးနိုင်သလို ကော့မန့်ဘောက်မှာလည်း ရေးသားပေးနိုင်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW