ပြည်သူနဲ့နိုင်ငံရေးအမြင်ဖလှယ်တာဟာ နိုင်ငံရေးတာဝန်တစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

တမူး၊ ဇန်နဝါရီ ၂၃-၂၀၂၀
ဂေါင်ဂေါင်(VOM)

တမူးခရိုင်၊ ကဘော်ချိုင်ဝှမ်းမြို့တော်၊ တမူးမြို့ကို ဒီကနေ့မနက်ပိုင်းက ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တမူးမြို့ခံပြည်သူတွေနဲ့တွေ့ဆုံချိန်မှာ နိုင်ငံရေးလုပ်နေတာဟာ ပြည်သူနဲ့နိုင်ငံရေးအမြင်ကိုဖလှယ်ဖို့ တာဝန်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ နိုင်ငံရေးလုပ်နေတာဟာ ပြည်သူနဲ့နိုင်ငံရေးအမြင်ကိုဖလှယ်ဖို့ တာဝန်တစ်ခုဖြစ်ပြီး တာဝန်လို့ပြောတာထက် စိတ်ချမ်းသာလဲဖြစ်ပါတယ်၊ ပြည်သူနဲ့ထိတွေပြီး ပြည်သူရဲ့လိုအပ်ချက်ကို ဖြည့်စည်းနိုင်ခွင့်ရရှိပြီး ပြည်သူအတွက်တာဝန်ကို လိုလိုလားလားထမ်းဆောင်တာ ဖြစ်ပါတယ်။ တမူးမြို့က နယ်စပ်မြို့ဖြစ်တဲ့အတွက် အခြားနယ်စပ်မဟုတ်တဲ့မြို့တွေထက် တစ်ဖက်နိုင်ငံကအခြေအနေကို ပိုပြီးသိနိုင်ပြီး၊ ကောင်းတာတွေကို အတုယူနိုင်ပြီး၊ မကောင်းတာတွေကိုရှောင်နိုင်ပါတယ်။ တဖက်နိုင်ငံမှလဲ ကျွန်မတို့ဆီကနေ နမူနာယူစရာရှိပါတယ်”လို့ပြောခဲ့တာ ဖြစ်ပါတယ်။

ပြည်သူအများကြီးနဲ့ထိတွေခွင့်ရတာ ကျေနပ်စရာကောင်းပြီး လူထုနဲ့တွေ့ဆုံတဲ့ ခန်းမဆောင်အပြင်ဘက်မှာ အတိုင်ပင်ခံနဲ့တွေ့ဖို့စောင့်နေတဲ့သူများတဲ့အတွက် တတ်နိုင်ရင် ခန်းမထဲမဟုတ်ဘဲ ကွင်းပြင်လိုနေများမျိုးဆို ပိုကောင်းမယ်လို့ိလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာဖြစ်ပါတယ်။

အတိုင်ပင်ခံ နဲ့ ပြည်သူလူထုတွေ့ဆုံပွဲမှာ ခန်းမထဲဝင်ခွင့်ရတဲ့သူတွေက တင်ပြချက်တွေ တင်ပြကြတဲ့အခါမှာ အချိန်မလုံလောက်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးတွေက ဖြေကြားပေးခဲ့တာလည်း ရှိပါတယ်။

တမူးမြို့ခံထဲကမှ ပြည်သူ၁၆ ဦးဟာ တင်ပြခွင့်ရခဲ့ပြီး တင်ပြချက်တွေကိုလည်း တစ်ဦးချင်းတင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တင်ပြချက်တွေကတော့ အိန္ဒိယ-မြန်မာနယ်စပ် တမူးကုန်သွယ်ရေးဇုန်တည်ဆောက်ရေး။ မဟာဓာတ်အားလိုင်း တမူးမြို့သို့ရရှိရေး။ သစ်တော်ကြိုးဝိုင်ကနေ လယ်ယာမြေဖော်ထုတ်ပေးရေး။ အားကစားခန်းမအဆင့်မြင့်တင်ရေး။ မူးယစ်ဆေးတွေကို လူငယ်တွေအကြားတားဆီးပေးရေး။ လမ်းတံတားပြုပြင်ရေး။ ကူကီးလူမျိုးများ တိုင်းရင်းသားအဖွဲ့အတွင်း ပါ၊မပါ အငြင်းပွားနေခြင်း။ မူးယစ်မှုကိုမဖမ်းဘဲ ကြက်သူခိုး၊ဆိုင်ကယ်သူခိုးကိုသာဖမ်းခြင်း။ တစ်ဖက်နိုင်ငံက လက်နက်ကိုင်တွေကနေ တမူးပြည်သူကို လက်နက်ထုတ်ခြိမ်းခြောက်ခြင်းတွေကို တင်ပြခွင့်ရတဲ့ပြည်သူတွေက တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

တခြားတောင်းဆိုစရာရှိတဲ့ တောင်းဆိုတင်ပြမှုတွေကိုတော့ ခန်းမရှေ့က တိုင်ကြားစာလက်ခံဌာနမှာ သိမ်းဆည်းပြီး သက်ဆိုင်ရာကနေ တာဝန်ယူဖြေရှင်းပေးသွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #တမူး #ဒေါ်အောင်ဆန်းစုကြည် #လူထုနဲ့တွေ့ဆုံ

Zawgyi

ျပည္သူနဲ႔ႏိုင္ငံေရးအျမင္ဖလွယ္တာဟာ ႏုိင္ငံေရးတာဝန္တစ္ခုျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

တမူး၊ ဇန္နဝါရီ ၂၃-၂၀၂၀
ေဂါင္ေဂါင္(VOM)

တမူးခ႐ိုင္၊ ကေဘာ္ခ်ိဳင္ဝွမ္းၿမိဳ႕ေတာ္၊ တမူးၿမိဳ႕ကို ဒီကေန႔မနက္ပိုင္းက ပထမဆံုးအႀကိမ္ေရာက္ရိွလာတဲ့ နုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ တမူးၿမိဳ႕ခံျပည္သူေတြနဲ႔ေတြ႔ဆံုခ်္ိန္မွာ ႏိုင္ငံေရးလုပ္ေနတာဟာ ျပည္သူနဲ႔ႏိုင္ငံေရးအျမင္ကိုဖလွယ္ဖို႔ တာဝန္တစ္ခုျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္မတို႔ ႏိုင္ငံေရးလုပ္ေနတာဟာ ျပည္သူနဲ႔ႏိုင္ငံေရးအျမင္ကိုဖလွယ္ဖို႔ တာဝန္တစ္ခုျဖစ္ၿပီး တာဝန္လို႔ေျပာတာထက္ စိတ္ခ်မ္းသာလဲျဖစ္ပါတယ္၊ ျပည္သူနဲ႔ထိေတြၿပီး ျပည္သူရဲ႕လိုအပ္ခ်က္ကို ျဖည့္စည္းႏိုင္ခြင့္ရရွိၿပီး ျပည္သူအတြက္တာဝန္ကို လိုလိုလားလားထမ္းေဆာင္တာ ျဖစ္ပါတယ္။ တမူးၿမိဳ႕က နယ္စပ္ၿမိဳ႕ျဖစ္တဲ့အတြက္ အျခားနယ္စပ္မဟုတ္တဲ့ၿမိဳ႕ေတြထက္ တစ္ဖက္ႏိုင္ငံကအေျခအေနကို ပိုၿပီးသိႏိုင္ၿပီး၊ ေကာင္းတာေတြကို အတုယူႏိုင္ၿပီး၊ မေကာင္းတာေတြကိုေရွာင္ႏိုင္ပါတယ္။ တဖက္ႏိုင္ငံမွလဲ ကၽြန္မတို႔ဆီကေန နမူနာယူစရာရွိပါတယ္”လို႔ေျပာခဲ့တာ ျဖစ္ပါတယ္။

ျပည္သူအမ်ားႀကီးနဲ႔ထိေတြခြင့္ရတာ ေက်နပ္စရာေကာင္းၿပီး လူထုနဲ႔ေတြ႔ဆံုတဲ့ ခန္းမေဆာင္အျပင္ဘက္မွာ အတိုင္ပင္ခံနဲ႔ေတြ႔ဖို႔ေစာင့္ေနတဲ့သူမ်ားတဲ့အတြက္ တတ္ႏိုင္ရင္ ခန္းမထဲမဟုတ္ဘဲ ကြင္းျပင္လိုေနမ်ားမ်ိဳးဆို ပိုေကာင္းမယ္လို႔ိလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားတာျဖစ္ပါတယ္။

အတိုင္ပင္ခံ နဲ႔ ျပည္သူလူထုေတြ႔ဆံုပြဲမွာ ခန္းမထဲဝင္ခြင့္ရတဲ့သူေတြက တင္ျပခ်က္ေတြ တင္ျပၾကတဲ့အခါမွာ အခ်ိန္မလုံေလာက္တဲ့အတြက္ သက္ဆိုင္ရာဝန္ႀကီးေတြက ေျဖၾကားေပးခဲ့တာလည္း ရိွပါတယ္။

တမူးၿမိဳ႕ခံထဲကမွ ျပည္သူ၁၆ ဦးဟာ တင္ျပခြင့္ရခဲ့ၿပီး တင္ျပခ်က္ေတြကိုလည္း တစ္ဦးခ်င္းတင္ျပခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တင္ျပခ်က္ေတြကေတာ့ အိႏၵိယ-ျမန္မာနယ္စပ္ တမူးကုန္သြယ္ေရးဇုန္တည္ေဆာက္ေရး။ မဟာဓာတ္အားလိုင္း တမူးၿမိဳ႕သို႔ရရွိေရး။ သစ္ေတာ္ႀကိဳးဝိုင္ကေန လယ္ယာေျမေဖာ္ထုတ္ေပးေရး။ အားကစားခန္းမအဆင့္ျမင့္တင္ေရး။ မူးယစ္ေဆးေတြကို လူငယ္ေတြအၾကားတားဆီးေပးေရး။ လမ္းတံတားျပဳျပင္ေရး။ ကူကီးလူမ်ိဳးမ်ား တိုင္းရင္းသားအဖြဲ႕အတြင္း ပါ၊မပါ အျငင္းပြားေနျခင္း။ မူးယစ္မႈကိုမဖမ္းဘဲ ၾကက္သူခိုး၊ဆိုင္ကယ္သူခိုးကိုသာဖမ္းျခင္း။ တစ္ဖက္ႏိုင္ငံက လက္နက္ကိုင္ေတြကေန တမူးျပည္သူကို လက္နက္ထုတ္ၿခိမ္းေျခာက္ျခင္းေတြကို တင္ျပခြင့္ရတဲ့ျပည္သူေတြက တင္ျပခဲ့ၾကတယ္လို႔ သိရပါတယ္။

တျခားေတာင္းဆိုစရာရိွတဲ့ ေတာင္းဆိုတင္ျပမႈေတြကိုေတာ့ ခန္းမေရွ႕က တုိင္ၾကားစာလက္ခံဌာနမွာ သိမ္းဆည္းၿပီး သက္ဆိုင္ရာကေန တာဝန္ယူေျဖရွင္းေပးသြားမွာ ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #တမူး #ေဒၚေအာင္ဆန္းစုၾကည္ #လူထုနဲ႔ေတြ႔ဆံု

Related posts

Leave a Comment

VOM News

FREE
VIEW