အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်နာယကကို တင်သွင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၃-၂၀၂၀
ကိုထွန်း(VOM)

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြုစုလိုက်တဲ့ ဥပဒေမူကြမ်းနှစ်ရပ်ကို ဒီကနေ့ ပြည် ထောင်စုလွှတ်တော်နာယကကို တင်သွင်းခဲ့တယ်လို့ ပူးပေါင်းကော်မတီကနေ သိရပါတယ်။

“ဒီနေ့ ထိုးပြီးတာနဲ့ နာရီပိုင်းအတွင်းမှာပဲ နာယကဆီကိုတင်ဖို့ပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော် မတီက ပြုစုထားတဲ့ ပုဒ်မ ၄၃၆ (က)နဲ့အကျုံးဝင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ရယ်၊ ပုဒ်မ ၄၃၆ (ခ)ရဲ့ အကျုံးဝင်တဲ့ ဥပဒေကြမ်းတစ်ရပ်ရယ်”လို့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအတွင်းရေးမှုး ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။

ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်နာယကဆီတင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလက်မှတ်တွေစုစည်းဖို့လိုအပ်ပြီး ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင် ရေးပူပေါင်းကော်မတီက ဒီကနေ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ပါဝင်လက်မှတ်ရေးထိုးလိုတဲ့ ကိုယ်စားလှယ်တွေဆီကနေ လက်မှတ်တွေစုစည်းခဲ့တာဖြစ်ပါတယ်။

“ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်ကတော့ ပြီးသွားပြီ၊ ကော်မတီသက်တမ်းက ဒီဥပဒေမူ ကြမ်းတင်လိုက်ပြီဆိုတာနဲ့ ပြီးဆုံးသွားပြီ၊ လွှတ်တော်နာယကအနေနဲ့ ဘာဖွဲ့ပေးမလဲဆိုတော့ လေ့လာစိစစ် ရေးပူးပေါင်းကော်မတီ။ အဲ့ဒါကတော့ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်းကော်မတီဝင် ၁၅ ဦးလုံး၊ အမျိုး သားလွှတ်တေ်ာမှာရှိတဲ့ ဥပဒေကြမ်းကော်မတီဝင် ၁၅ ဦးလုံး။ အယောက် ၃၀ နဲ့ ဖွဲ့ပါမယ်။ ပြီးရင် လွှတ်တော်မှာ ယခင်ကတင်ထားတဲ့ ဥပဒေမူကြမ်း (၅) ခုရယ်၊ ဒီ ဥပဒေမူကြမ်း ၂ ခုရယ်ကို ချိတ်ဆက်ပြီးတော့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကနေပြီးတော့ အားလုံးလွှတ်တော်ကနေပြီး ဆန္ဒပြုနိုင်အောင် မဲခွဲဆုံးဖြတ်နိုင်ဖို့ စုစည်းရမှာပေါ့။ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကတော့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးတော့ မဖွဲ့စည်းထားရသေးဘူး”လို့ ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။

ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်တွေထဲမှာ ရခိုင်အမျိုးသားပါတီအပါအဝင် တိုင်းရင်းသားပါတီဝင်အချို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တာကိုတော့မတွေ့ရပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီ ၈ ခုက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၁ ရာနှုန်းစုစည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ခြေဥပြင်ဆင်ရေးကော်မတီ #ဥပဒေမူကြမ်း #ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်း

Zawgyi

အေျခခံဥပေဒျပင္ဆင္ေရး ဥပေဒမူၾကမ္းႏွစ္ရပ္ကို ျပည္ေထာင္စုလႊတ္ေတာ္နာယကကို တင္သြင္း

ေနျပည္ေတာ္၊ ဇန္နဝါရီ ၂၃-၂၀၂၀
ကိုထြန္း(VOM)

အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ျပဳစုလိုက္တဲ့ ဥပေဒမူၾကမ္းႏွစ္ရပ္ကို ဒီကေန႔ ျပည္ ေထာင္စုလႊတ္ေတာ္နာယကကို တင္သြင္းခဲ့တယ္လို႔ ပူးေပါင္းေကာ္မတီကေန သိရပါတယ္။

“ဒီေန႔ ထိုးၿပီးတာနဲ႔ နာရီပိုင္းအတြင္းမွာပဲ နာယကဆီကိုတင္ဖို႔ေပါ့။ ဖြဲ႕စည္းပုံျပင္ဆင္ေရးပူးေပါင္းေကာ္ မတီက ျပဳစုထားတဲ့ ပုဒ္မ ၄၃၆ (က)နဲ႔အက်ဳံးဝင္တဲ့ ဥပေဒမူၾကမ္းတစ္ရပ္ရယ္၊ ပုဒ္မ ၄၃၆ (ခ)ရဲ႕ အက်ဳံးဝင္တဲ့ ဥပေဒၾကမ္းတစ္ရပ္ရယ္”လို႔ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီအတြင္းေရးမႈး ေဒါက္တာျမတ္ဥာဏစိုးကေျပာပါတယ္။

ဥပေဒမူၾကမ္းႏွစ္ရပ္ကို ျပည္ေထာင္စုလႊတ္ေတာ္နာယကဆီတင္သြင္းဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံးရဲ႕ ၂၀ ရာခိုင္ႏႈန္းလက္မွတ္ေတြစုစည္းဖို႔လိုအပ္ၿပီး ၂၀၀၈ဖြဲ႕စည္းပုံျပင္ဆင္ ေရးပူေပါင္းေကာ္မတီက ဒီကေန႔ ေနျပည္ေတာ္စည္ပင္ဧည့္ရိပ္သာမွာ ပါဝင္လက္မွတ္ေရးထိုးလိုတဲ့ ကိုယ္စားလွယ္ေတြဆီကေန လက္မွတ္ေတြစုစည္းခဲ့တာျဖစ္ပါတယ္။

“ျပင္ဆင္ေရးပူးေပါင္းေကာ္မတီရဲ႕ လုပ္ငန္းစဥ္ကေတာ့ ၿပီးသြားၿပီ၊ ေကာ္မတီသက္တမ္းက ဒီဥပေဒမူ ၾကမ္းတင္လိုက္ၿပီဆိုတာနဲ႔ ၿပီးဆုံးသြားၿပီ၊ လႊတ္ေတာ္နာယကအေနနဲ႔ ဘာဖြဲ႕ေပးမလဲဆိုေတာ့ ေလ့လာစိစစ္ ေရးပူးေပါင္းေကာ္မတီ။ အဲ့ဒါကေတာ့ ျပည္သူ႔လႊတ္ေတာ္မွာရွိတဲ့ ဥပေဒၾကမ္းေကာ္မတီဝင္ ၁၅ ဦးလုံး၊ အမ်ိဳး သားလႊတ္ေတ္ာမွာရွိတဲ့ ဥပေဒၾကမ္းေကာ္မတီဝင္ ၁၅ ဦးလုံး။ အေယာက္ ၃၀ နဲ႔ ဖြဲ႕ပါမယ္။ ၿပီးရင္ လႊတ္ေတာ္မွာ ယခင္ကတင္ထားတဲ့ ဥပေဒမူၾကမ္း (၅) ခုရယ္၊ ဒီ ဥပေဒမူၾကမ္း ၂ ခုရယ္ကို ခ်ိတ္ဆက္ၿပီးေတာ့ ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီကေနၿပီးေတာ့ အားလုံးလႊတ္ေတာ္ကေနၿပီး ဆႏၵျပဳႏိုင္ေအာင္ မဲခြဲဆုံးျဖတ္ႏိုင္ဖို႔ စုစည္းရမွာေပါ့။ ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီကေတာ့ အမိန္႔ေၾကာ္ျငာစာ ထုတ္ျပန္ၿပီးေတာ့ မဖြဲ႕စည္းထားရေသးဘူး”လို႔ ေဒါက္တာျမတ္ဥာဏစိုးကေျပာပါတယ္။

ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စာလွယ္ေတြထဲမွာ ရခိုင္အမ်ိဳးသားပါတီအပါအဝင္ တိုင္းရင္းသားပါတီဝင္အခ်ိဳ႕၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီနဲ႔ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္အစုအဖြဲ႕က ကိုယ္စားလွယ္ေတြ ပါဝင္တာကိုေတာ့မေတြ႕ရပါဘူး။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမဟုတ္တဲ့ ႏိုင္ငံေရးပါတီ ၈ ခုက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၃၅၁ ဦးပါဝင္လက္မွတ္ေရးထိုးခဲ့ၾကၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၅၁ ရာႏႈန္းစုစည္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ေျခဥျပင္ဆင္ေရးေကာ္မတီ #ဥပေဒမူၾကမ္း #ျပည္ေထာင္စုလႊတ္ေတာ္ကိုတင္သြင္း

Related posts

Leave a Comment

VOM News

FREE
VIEW