စာသင်ကျောင်းတွေနဲ့ ပေ ၁၀၀ အကွာမှာ အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ၊ ဆေးလိပ် ရောင်းချတာတွေကို ရဲအင်အားသုံးဖယ်ရှားမယ်

စာသင်ကျောင်းတွေနဲ့ ပေ ၁၀၀ အကွာမှာ အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ၊ ဆေးလိပ် ရောင်းချတာတွေကို ရဲအင်အားသုံးဖယ်ရှားမယ် ရန်ကုန် ၊ဇန်နဝါရီ ၂၆- ၂၀၂၀ သိင်္ဂီ (VOM) စာသင် ကျောင်းတွေရဲ့ပတ်လည် ပေ ၁၀၀ အကွာအဝေးအတွင်း အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ ဆေးလိပ် အပါအဝင်ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ ကိုရောင်းချခွင့်မှုတွေကို သက်ဆိုင်ရာမြို့နယ်အလိုက်အာဏာပိုင်တွေအကူအညီနဲ့ ရှင်းလင်းဖယ်ရှားမှုတွေလုပ်သွားမယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းကသိရပါတယ်။ ” မြောက်ဒဂုံကကျောင်းတချိုမှာတော့ စီးကရက်ရောင်းတာတွေ့ရတယ်။ ကျောင်းတွေရဲ့ ရှေ့လမ်း ပေ ၁၀၀ အကွာအဝေးအတွင်း အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ ဆေးလိပ် ခွင့်မပြုတဲ့စာတွေလည်းကပ်ထားတယ်။ ရောင်းရင်အရေးယူခံရမယ်။ အခုမြောက်ဒဂုံမှာတော့အန္တရာယ်ရှိအသင့်စားမုန့်ကင်းစင်ပညာရေးနယ်မြေအဖြစ်သတ်မှတ်နိုင်ပြီ။ကျောင်းအရှေ့လမ်း ပုရဝုဏ်အတွင်း ရောင်းချနေတာတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပူးပေါင်းရှင်းနေတယ်။ လိုအပ်ရင် ရဲအင်အားနဲ့ပါရှင်းမယ်။ တစ်နိုင်ငံလုံးလုပ်မှာဖြစ်တယ်။အချိန်က ၁ နှစ်ကြာမလား ၂ နှစ်ကြာမလားမပြောနိုင်ဘူး။ ကြာချင်လဲကြာနိုင်မယ်။ ” လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ…

Read More

အခြေခံပညာ စာမေးပွဲရက် မပြင်ပေးသရွေ့ အခြေခံပညာဦးစီးဌာနက ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ပူးပေါင်းတာတွေမလုပ်ဘဲ သပိတ်မှောက်သွားမယ်

အခြေခံပညာ စာမေးပွဲရက် မပြင်ပေးသရွေ့ အခြေခံပညာဦးစီးဌာနက ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ပူးပေါင်းတာတွေမလုပ်ဘဲ သပိတ်မှောက်သွားမယ် ရန်ကုန်-ဇန်နဝါရီ ၂၆-၂၀၂၀ စွဲ့ဝတီ(VOM) အခြေခံပညာ အတန်းငယ်တွေရဲ့ စာမေးပွဲရက်ကို မပြင်ပေးသရွေ့ အခြေခံပညာဦးစီးဌာနက ပြုလုပ်တဲ့ အခမ်းအနားတွေမှာပူးပေါင်းတာတွေမလုပ်ဘဲ သပိတ်မှောက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်က သိရပါတယ်။ လာမယ့် ဇန်နဝါရီ ၂၈ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမယ့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ( အခြေခံပညာကဏ္ဍ)တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရပေမယ့် တက်ရောက်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ “ဒီနှစ်ကလို့ ကျွန်တော်တို့ MTF အနေနဲ့ စာတမ်းတင်သွင်း ဆွေးနွေးနိုင်ဖို့ ညှိနှိုင်းထားတာ ရှိပေမဲ့အခြေနေအရပ်ရပ်အရ ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်ငံ့ထားတဲ့ အတွက် ဒီနှစ်ကျွန်တော်တို့ MTF အနေနဲ့ နှီးနှောဖလှယ်ပွဲ မတက်ဖြစ်ပါဘူး။ တစ်နှစ်နဲ့ တစ်နှစ်တော့ သူတို့ဖိတ်တဲ့ လူဦးရေက မတူပါဘူး…

Read More

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ဆဲဆိုတဲ့ မိန်းကလေးနှစ်ဦး ပုဒ်မသုံးခုနဲ့အမှုဖွင့်ခံရ

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ဆဲဆိုတဲ့ မိန်းကလေးနှစ်ဦး ပုဒ်မသုံးခုနဲ့အမှုဖွင့်ခံရ ရန်ကုန် ၊ ဇန်နဝါရီ ၂၆-၂၀၂၀ သူရိန်(VOM) စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမအလယ်မှာ နိုင်ငံ့ဝန်ထမ်းယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကိုညစ်ညမ်းစွာဆဲဆိုခဲ့တဲ့မိန်းကလေးနှစ်ဦးကို စမ်းချောင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရပါတယ်။ “မိန်းကလေးနှစ်ယောက်လုံးကိုတော့ ဖမ်းမိပြီ။ သူတို့ကလိုင်စင်မရှိဘဲတက်မောင်းတယ်။ ပြီးတော့ လမ်းအလယ်မှာကားကိုရပ်ထားပြီးတော့ အိပ်နေတယ်။ အရက်သောက်ထားလား မသောက်ထားလားဆိုတာ ဆက်ပြီးစစ်ဆေးနေတယ်။ အမှတ်(၄၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ စမ်းချောင်း၊ YRTA ပူးပေါင်းအဖွဲ့က ယာဉ်လမ်းရှင်းလင်းရေးဆောင်ရွက်နေတဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ကကားကိုလမ်းအလယ်မှာရပ်ထားတော့ အခြားယာဉ်တွေက သွားလို့မရတော့ဘူး။ ဒါကို ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားနှိုးတော့ ယာဉ်မောင်းအမျိုးသမီးက ဆဲဆိုတယ်။ နောက်တစ်ယောက်က ယာဖက်လက်ကို ဆွဲကုတ်တယ်။ ဒဏ်ရာရသွားတယ်”လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်မှာဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီကျော် ဗားကရားလမ်းမအလယ် ဂမုန်းပွင့်ကုန်တိုက်အနီးမှာ Super Custom အမျိုးအစားယာဉ်ကို စည်းကမ်းချိုးဖေါက်ရပ်ထားတဲ့အတွက်…

Read More

နိုင်ငံတော်အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တွေက ညွှန်ကြားမှုအရ အခြေခံပညာကျောင်းတွေကို စာသင်ကာလတိုးမြှင့်

နိုင်ငံတော်အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တွေက ညွှန်ကြားမှုအရ အခြေခံပညာကျောင်းတွေကို စာသင်ကာလတိုးမြှင့် ရန်ကုန် ၊ဇန်နဝါရီ ၂၆-၂၀၂၀ သိင်္ဂီ (VOM) အခြေခံပညာကျောင်းတွေကို စာသင်ကာလ မတ်လနောက်ဆုံးအပတ်ထိသတ်မှတ်တာဟာ နိုင်ငံတော်အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တွေဆီက ညွှန်ကြားမှုဖြစ်တာကြောင့် ပယ်ဖျက်ခြင်း မဖျက်ခြင်းကိုလည်း အပေါ်ကဆုံးဖြတ်မှာဖြစ်တယ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းကပြောဆိုလိုက်ပါတယ်။ ဒါကြောင့်လက်ရှိမှာ စာသင်ကာလတိုးမြှင့်လိုက်မှုကို ပြောင်းလဲဖို့မရှိကြောင်း နဲ့ ဖဲကြိုးစိမ်းလှုပ်ရှာမှုအပါအဝင် လှုပ်ရှားမှုအားလုံးကို နေ့စဉ် စောင့်ကြည့်နေပြီး အားလုံးကို မှတ်တမ်းယူကာ ပြည်ထောင်စုဝန်ကြီးရုံးကို တင်ပြနေပါတယ်။ ဆန္ဒပြတိုင်း ရှိသမျှလိုက်လျောမယ်ဆိုရင် မလုပ်ပဲနေရလိမ့်မယ့်လို့ဆိုပါတယ်။ ” စာသင်ကာလသတ်မှတ်တာ အကြီးကြီး ပြသာနာလို့မမြင်ဘူး၊ဒါေ ပမယ့်ပြသာနကတော့ဖြစ်နေတယ်၊ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကနေရာတကာမှာဖြစ်နေတယ်၊ဒီကိစ္စနောက်ကွယ် ပရောဂပူးကပ်တာရှိတယ်။တကယ်ကဒီလောက်ဖြစ်တာမဟုတ်ဘူး။ခုနောက်ပိုင်းပုဂ္ဂိုလ်ရေးထိခိုက်မှုတွေတော့ရှိလာတယ်။ဒါကြောင့် နေ့စဉ်စောင့်ကြည့်တယ်ဆန္ဒပြအဖွဲ့မှာလူအင်အားဘယ်လောက်နဲ့ပြတယ်၊ဘယ်သူတွေဆိုတာမှတ်တမ်းရှိတယ်။ ဒီမိုကရေစီ ခေတ်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ဆန္ဒပြတိုင်း ရှိသမျှလိုက်နေရရင် မလုပ်ရုံပဲရှိတယ်။”လို့ ဦးကိုလေးဝင်းကဆိုပါတယ်။ ဒါ့အပြင် စာမေးပွဲကာလ နောက်ဆုတ်တာ တိုးတာ ၊စညမေးပွဲအချိန်ဇယား သတ်မှတ်တာတွေဟာ ပညာရေးဝန်ကြီးဌာနလုပ်ပိုင်ခွင့်ထဲကကိစ္စဖြစ်လို့ ကျောင်းသားမိဘ ၊ ပြည်သူတွေ…

Read More
VOM News

FREE
VIEW