အခြေခံပညာ စာမေးပွဲရက် မပြင်ပေးသရွေ့ အခြေခံပညာဦးစီးဌာနက ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ပူးပေါင်းတာတွေမလုပ်ဘဲ သပိတ်မှောက်သွားမယ်

အခြေခံပညာ စာမေးပွဲရက် မပြင်ပေးသရွေ့ အခြေခံပညာဦးစီးဌာနက ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ပူးပေါင်းတာတွေမလုပ်ဘဲ သပိတ်မှောက်သွားမယ်

ရန်ကုန်-ဇန်နဝါရီ ၂၆-၂၀၂၀
စွဲ့ဝတီ(VOM)

အခြေခံပညာ အတန်းငယ်တွေရဲ့ စာမေးပွဲရက်ကို မပြင်ပေးသရွေ့ အခြေခံပညာဦးစီးဌာနက ပြုလုပ်တဲ့ အခမ်းအနားတွေမှာပူးပေါင်းတာတွေမလုပ်ဘဲ သပိတ်မှောက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်က သိရပါတယ်။

လာမယ့် ဇန်နဝါရီ ၂၈ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမယ့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ
( အခြေခံပညာကဏ္ဍ)တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရပေမယ့် တက်ရောက်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

“ဒီနှစ်ကလို့ ကျွန်တော်တို့ MTF အနေနဲ့ စာတမ်းတင်သွင်း ဆွေးနွေးနိုင်ဖို့ ညှိနှိုင်းထားတာ ရှိပေမဲ့အခြေနေအရပ်ရပ်အရ ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုကို
ဆိုင်ငံ့ထားတဲ့ အတွက် ဒီနှစ်ကျွန်တော်တို့ MTF အနေနဲ့ နှီးနှောဖလှယ်ပွဲ မတက်ဖြစ်ပါဘူး။
တစ်နှစ်နဲ့ တစ်နှစ်တော့ သူတို့ဖိတ်တဲ့ လူဦးရေက မတူပါဘူး
ဒီနှစ်တော့ ၁၅ ဦးဖိတ်ပါတယ်”
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်က ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ဆရာမြတ်သီဟထွန်းက ပြောပါတယ်။

ဒါ့အပြင် အခြေခံပညာဦးစီးဌာန က ပြုလုပ်တဲ့ ဆွေးနွေးပွဲများ၊ Workshop များမှာလည်း ပူးပေါင်းဆောင်ရွက်သွား‌တော့မည်မဟုတ်ဘဲ စာမေးပွဲရက် ပြန်လည်ပြင်ဆင် မပေးမချင်း သပိတ်မှောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ
( အခြေခံပညာကဏ္ဍ)ကို နှစ်စဉ် ပြုလုပ်တာဖြစ်ပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း တက်ရောက်ပြောကြားလေ့ရှိတယ်လို့ သိရပါတယ်။

“ဒီနှီးနှောဖလှယ်ပွဲမှာ သူတို့ ချထားပေးတဲ့ အခမ်းအနားအစီအစဉ် ထဲက
ဘယ်နေ့ ဘယ်အချိန် ဘယ်စာတမ်းဖတ်မယ်။ အဲ့စာတမ်းတွေလဲ
ကြိုပေးထားတော့ ဖတ်ပြီး အဲ့ဒီစာတမ်းခေါင်းစဉ်အောက်မှာပဲ
ဆွေးနွေးကြရတာ။ အဲ့ဒီစာတမ်းနဲ့ ပက်သတ်တဲ့ မြေပြင်အခြေအနေ တွေ ထည့်ပြောပြီး ဆွေးနွေးတဲ့အခါနားပဲထောင်ထားပြီး အကျေအလည် ဘာမှပြန်မဆွေးနွေပါဘူး
ကျွန်တော်တို့ အနေနဲလည်း သီးခြားတင်ပြဆွေးနွေးခွင့် မပြုပါဘူး”လို့ ဆရာမြတ်သီဟထွန်းက ဆက်ပြီးတော့ ပြောပါတယ်။

အခြေခံပညာ ကျောင်းများရဲ့ ပညာသင်ကာလ မတ်လကုန်ထိ သတ်မှတ်ခြင်းအပေါ် ပြင်ဆင်မူ မပြုပါက ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မဲရုံ တာဝန်များကဲ့သို့ မိမိတို့၏ မူလတာဝန်များနှင့် လုံးဝမသက်ဆိုင်သော အပိုတာဝန်များကို ဥပဒေနှင့် အညီ ငြင်းပယ်ပြီးတော့ ပညာရေးဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်က ဇန်နဝါရီ ၅ရက်က ကြေညာချက် ထုတ်ပြန်ထားခဲ့တာလည်းရှိပါတယ်။
#voiceofmyanmar #VOM #အခြေခံပညာစာမေးပွဲ

Zawgyi

အေျခခံပညာ စာေမးပြဲရက္ မျပင္ေပးသေ႐ြ႕ အေျခခံပညာဦးစီးဌာနက ျပဳလုပ္တဲ့ အခမ္းအနားေတြမွာ ပူးေပါင္းတာေတြမလုပ္ဘဲ သပိတ္ေမွာက္သြားမယ္

ရန္ကုန္-ဇန္နဝါရီ ၂၆-၂၀၂၀
စြဲ႕ဝတီ(VOM)

အေျခခံပညာ အတန္းငယ္ေတြရဲ႕ စာေမးပြဲရက္ကို မျပင္ေပးသေ႐ြ႕ အေျခခံပညာဦးစီးဌာနက ျပဳလုပ္တဲ့ အခမ္းအနားေတြမွာပူးေပါင္းတာေတြမလုပ္ဘဲ သပိတ္ေမွာက္သြားမယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ/ဆရာမမ်ား အဖြဲ႕ခ်ဳပ္က သိရပါတယ္။

လာမယ့္ ဇန္နဝါရီ ၂၈ရက္မွ ၂၉ ရက္ေန႔အထိ ေနျပည္ေတာ္တြင္ က်င္းပမယ့္ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲ
( အေျခခံပညာက႑)တက္ေရာက္ဖို႕ ဖိတ္ၾကားျခင္းခံရေပမယ့္ တက္ေရာက္သြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

“ဒီႏွစ္ကလို႔ ကြၽန္ေတာ္တို႔ MTF အေနနဲ႔ စာတမ္းတင္သြင္း ေဆြးေႏြးႏိုင္ဖို႔ ညႇိႏႈိင္းထားတာ ရွိေပမဲ့အေျခေနအရပ္ရပ္အရ ဝန္ႀကီးဌာနနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို
ဆိုင္ငံ့ထားတဲ့ အတြက္ ဒီႏွစ္ကြၽန္ေတာ္တို႔ MTF အေနနဲ႔ ႏွီးေႏွာဖလွယ္ပြဲ မတက္ျဖစ္ပါဘူး။
တစ္ႏွစ္နဲ႔ တစ္ႏွစ္ေတာ့ သူတို႔ဖိတ္တဲ့ လူဦးေရက မတူပါဘူး
ဒီႏွစ္ေတာ့ ၁၅ ဦးဖိတ္ပါတယ္”
ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ/ဆရာမမ်ား အဖြဲ႕ခ်ဳပ္က ဗဟိုအလုပ္အမူေဆာင္အဖြဲ႕ဝင္ ဆရာျမတ္သီဟထြန္းက ေျပာပါတယ္။

ဒါ့အျပင္ အေျခခံပညာဦးစီးဌာန က ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမ်ား၊ Workshop မ်ားမွာလည္း ပူးေပါင္းေဆာင္႐ြက္သြား‌ေတာ့မည္မဟုတ္ဘဲ စာေမးပြဲရက္ ျပန္လည္ျပင္ဆင္ မေပးမခ်င္း သပိတ္ေမွာက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲ
( အေျခခံပညာက႑)ကို ႏွစ္စဥ္ ျပဳလုပ္တာျဖစ္ၿပီးေတာ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က မိန႔္ခြန္း တက္ေရာက္ေျပာၾကားေလ့ရွိတယ္လို႔ သိရပါတယ္။

“ဒီႏွီးေႏွာဖလွယ္ပြဲမွာ သူတို႔ ခ်ထားေပးတဲ့ အခမ္းအနားအစီအစဥ္ ထဲက
ဘယ္ေန႔ ဘယ္အခ်ိန္ ဘယ္စာတမ္းဖတ္မယ္။ အဲ့စာတမ္းေတြလဲ
ႀကိဳေပးထားေတာ့ ဖတ္ၿပီး အဲ့ဒီစာတမ္းေခါင္းစဥ္ေအာက္မွာပဲ
ေဆြးေႏြးၾကရတာ။ အဲ့ဒီစာတမ္းနဲ႔ ပက္သတ္တဲ့ ေျမျပင္အေျခအေန ေတြ ထည့္ေျပာၿပီး ေဆြးေႏြးတဲ့အခါနားပဲေထာင္ထားၿပီး အေက်အလည္ ဘာမွျပန္မေဆြးေႏြပါဘူး
ကြၽန္ေတာ္တို႔ အေနနဲလည္း သီးျခားတင္ျပေဆြးေႏြးခြင့္ မျပဳပါဘူး”လို႔ ဆရာျမတ္သီဟထြန္းက ဆက္ၿပီးေတာ့ ေျပာပါတယ္။

အေျခခံပညာ ေက်ာင္းမ်ားရဲ႕ ပညာသင္ကာလ မတ္လကုန္ထိ သတ္မွတ္ျခင္းအေပၚ ျပင္ဆင္မူ မျပဳပါက ၂၀၂၀ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲ မဲ႐ုံ တာဝန္မ်ားကဲ့သို႔ မိမိတို႔၏ မူလတာဝန္မ်ားႏွင့္ လုံး၀မသက္ဆိုင္ေသာ အပိုတာဝန္မ်ားကို ဥပေဒႏွင့္ အညီ ျငင္းပယ္ၿပီးေတာ့ ပညာေရးဝန္ႀကီးဌာနကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမယ္လို႔ ျန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမ်ားအဖြဲ႕ခ်ဳပ္က ဇန္နဝါရီ ၅ရက္က ေၾကညာခ်က္ ထုတ္ျပန္ထားခဲ့တာလည္းရွိပါတယ္။
#voiceofmyanmar #VOM #အေျခခံပညာစာေမးပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW