တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိလာ၊ သေဆုံး ၁၃၂ ဦးထိမြင့်တက်

ပေကျင်း၊ ဇန်နဝါရီ ၂၉-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ မြင့်တက်နေချိန် ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားရာပေါင်းများစွာကို သက်ဆိုင်ရာနိုင်ငံတွေက ကယ်ထုတ်နေကြပါတယ်။

သြစတြေးလျနိုင်ငံဟာ ဝူဟန်မြို့မှပြန်ခေါ်လာတဲ့ နိုင်ငံသား ၆၀၀ ကို ပြည်မကြီးကနေ မိုင် ၁၂၀၀ ဝေးတဲ့ ခရစ်စမတ်ကျွန်းမှာ သီတင်းနှစ်ပတ်ကြာ ထားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

ဂျပန်၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေကလည်း ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နေကြပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်း ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေဟာ ၁၃၂ဦးထိရှိလာပြီဖြစ်သလို ရောဂါကူးစက်ခံရသူမှာလည်း ၅၉၇၄ဦး ရှိနေပြီလို့ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က အတည်ပြုထားပါတယ်။

ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း၁၆နိုင်ငံထက်မနည်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိနေပြီး သေဆုံးသူမရှိသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ မကောင်းဆိုးရွားမိစ္ဆာတစ်ကောင်လိုပဲလို့ တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုထားပြီး တရုတ်နိုင်ငံအနေနဲ့ အဲဒီရောဂါကို အနိုင်ယူသွားမယ်လို့ သိရပါတယ်။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ပေကျင်း #ကိုရိုနာဗိုင်းရပ်စ် #သေဆုံး၁၃၂ဦးထိမြင့်တက်

Zawgyi

တရုတ္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၀၀၀ နီးပါးရိွလာ၊ ေသဆံုး ၁၃၂ ဦးထိျမင္႔တက္

ေပက်င္း၊ ဇန္န၀ါရီ ၂၉-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နို္င္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေသဆံုးမႈေတြ ျမင္႔တက္ေနခ်ိန္ ေရာဂါစတင္ျဖစ္ပြားရာ ၀ူဟန္ျမိဳ႕မွာ ေရာက္ရိွေနတဲ႔ နုိင္ငံျခားသားရာေပါင္းမ်ားစြာကို သက္ဆိုင္ရာနိုင္ငံေတြက ကယ္ထုတ္ေနၾကပါတယ္။

ၾသစေၾတးလ်နုိင္ငံဟာ ၀ူဟန္ျမိဳ႕မွျပန္ေခၚလာတဲ႔ နိုင္ငံသား ၆၀၀ ကို ျပည္မၾကီးကေန မိုင္ ၁၂၀၀ ေ၀းတဲ႔ ခရစ္စမတ္ကြ်န္းမွာ သီတင္းနွစ္ပတ္ၾကာ ထားဖို႔စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

ဂ်ပန္၊ အေမရိကန္နဲ႔ ႔ အီးယူနုိင္ငံေတြကလည္း ၀ူဟန္ျမိဳ႕မွာ ေရာက္ရိွေနတဲ႔ သူတို႔ရဲ႕နိုင္ငံသားေတြကို ျပန္လည္ေခၚေဆာင္ေနၾကပါတယ္။

လက္ရိွအခ်ိန္ထိ တရုတ္ႏုိင္ငံအတြင္း ကူးစက္ေရာဂါေၾကာင့္ ေသဆံုးသူဦးေရဟာ ၁၃၂ဦးထိရွိလာျပီျဖစ္သလုိ ေရာဂါကူးစက္ခံရသူမွာလည္း ၅၉၇၄ဦး ရွိေနျပီလို႔ တရုတ္နုိင္ငံ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က အတည္ျပဳထားပါတယ္။

ကမၻာတစ္ဝန္းႏုိင္ငံေပါင္း၁၆ႏုိင္ငံထက္မနည္းမွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြရွိေနျပီး ေသဆံုးသူမရွိေသးပါဘူး။ ကိုရိုနာဗိုင္းရပ္စ္သစ္ဟာ မေကာင္းဆိုးရြားမိစာၦတစ္ေကာင္လိုပဲလို႔ တရုတ္သမၼတရိွီက်င္းပင္က ထုတ္ေဖာ္ေျပာဆိုထားျပီး တရုတ္နုိင္ငံအေနနဲ႔ အဲဒီေရာဂါကို အနိုင္ယူသြားမယ္လို႔ သိရပါတယ္။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ေပက်င္း #ကိုရိုနာဗိုင္းရပ္စ္ #ေသဆံုး၁၃၂ဦးထိျမင္႔တက္

Related posts

Leave a Comment

VOM News

FREE
VIEW