တိဘက်အရေးထောက်ခံတဲ့ ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

တိဘက်အရေးထောက်ခံတဲ့ ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ ဇန်နဝါရီ-၂၉-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်အောက်လွှတ်တော်ဟာ တိဘက်ပြည်သူတွေနဲ့ တိဘက်ဘာသာရေးခေါင်းဆောင် ရွေးချယ်ဆက်ခံရေးကို ထောက်ခံတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။

ဒီလိုအတည်ပြုလိုက်တာဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအပေါ်စိန်ခေါ်ဖို့ရည်ရွယ်တဲ့ အမေရိကန်ရဲ့ ဥပဒေကြမ်းတွေထဲ့ နောက်ဆုံးတစ်ခုအဖြစ် ရှုမြင်ရပါတယ်။

တိဘက်မူဝါဒနဲ့ ထောက်ခံတဲ့ အက်ဥပဒေကို အမေရိကန်အောက်လွှတ်တော်က ဇန်နဝါရီ ၂၈ ရက်မှာ တညီတညွှတ်တည်း အတည်ပြုခဲ့ကြတာဖြစ်ပြီး တိဘက် အနာဂါတ်ဘာသာရေး ခေါင်းဆောင်ကို တိဘက်လူမျိုးများကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပြီး တရုတ်အစိုးရဲ့စွက်ဖက်မှု ကင်းလွတ်စေမယ့် အမေရိကန်ရဲ့ မူဝါဒတစ်ရပ်လည်းဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ဒလိုင်လားမား၏နေရာကို ဆက်ဆံမယ့် ဘာသာရေးခေါင်းဆောင်ကို အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်မှာ ဝင်ရောက်စွက်ဖက်ပါက တရုတ်နိုင်ငံဟာ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၁၉၅၀ ပြည့်နှစ်များကတည်းက တရုတ်နိုင်ငံက အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးကိုဆက်လက်တောင်းဆိုနေကြတဲ့ တိဘက်တိုင်းရင်းသားအပေါ် တရုတ်အစိုးရက ရက်စက်စွာပြုမူဆက်ဆံခြင်းတွေကို လူ့အခွင့်အရေးအဖွဲ့တွေက ဆယ်စုနှစ်များစွာ ဆန့်ကျင်ခဲ့ကြပါတယ်။

Ref : NHK
Photo: AFP
#voiceofmyanmar #VOM #တိဘက်အရေး #အမေရိကန်အောက်လွှတ်တော်

Zawgyi

တိဘက္အေရးေထာက္ခံတဲ႔ ဥပေဒၾကမ္း အေမရိကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ

၀ါရွင္တန္၊ ဇန္န၀ါရီ-၂၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္ေအာက္လႊတ္ေတာ္ဟာ တိဘက္ျပည္သူေတြနဲ႔ တိဘက္ဘာသာေရးေခါင္းေဆာင္ ေရြးခ်ယ္ဆက္ခံေရးကို ေထာက္ခံတဲ႔ ဥပေဒၾကမ္းတစ္ရပ္ကို အတည္ျပဳလိုက္ပါတယ္။

ဒီလိုအတည္ျပဳလိုက္တာဟာ လူ႔အခြင္႔အေရးနဲ႔ပတ္သက္လို႔ တရုတ္နုိင္ငံအေပၚစိန္ေခၚဖို႔ရည္ရြယ္တဲ႔ အေမရိကန္ရဲ႕ ဥပေဒၾကမ္းေတြထဲ႕ ေနာက္ဆံုးတစ္ခုအျဖစ္ ရႈျမင္ရပါတယ္။

တိဘက္မူ၀ါဒနဲ႔ ေထာက္ခံတဲ႔ အက္ဥပေဒကို အေမရိကန္ေအာက္လႊတ္ေတာ္က ဇန္န၀ါရီ ၂၈ ရက္မွာ တညီတညႊတ္တည္း အတည္ျပဳခဲ႔ၾကတာျဖစ္ျပီး တိဘက္ အနာဂါတ္ဘာသာေရး ေခါင္းေဆာင္ကို တိဘက္လူမ်ိဳးမ်ားကိုယ္တိုင္ေရြးခ်ယ္ဆံုးျဖတ္ျပီး တရုတ္အစိုးရဲ႕စြက္ဖက္မႈ ကင္းလြတ္ေစမယ္႔ အေမရိကန္ရဲ႕ မူ၀ါဒတစ္ရပ္လည္းျဖစ္ပါတယ္။

အဲဒီဥပေဒၾကမ္းမွာ ဒလိုင္လားမား၏ေနရာကို ဆက္ဆံမယ္႔ ဘာသာေရးေခါင္းေဆာင္ကို အသိအမွတ္ျပဳတဲ႔ လုပ္ငန္းစဥ္မွာ ၀င္ေရာက္စြက္ဖက္ပါက တရုတ္နုိင္ငံဟာ အေရးယူပိတ္ဆို႔မႈေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

တိဘက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္႔ရေဒသကို ၁၉၅၀ ျပည္႔နွစ္မ်ားကတည္းက တရုတ္နို္င္ငံက အုပ္ခ်ဳပ္ခဲ႔တာျဖစ္ပါတယ္။ ဒါေပမယ္႔္ လြတ္လပ္ေရးကိုဆက္လက္ေတာင္းဆိုေနၾကတဲ႔ တိဘက္တိုင္းရင္းသားအေပၚ တရုတ္အစိုးရက ရက္စက္စြာျပဳမူဆက္ဆံျခင္းေတြကို လူ႔အခြင္႔အေရးအဖြဲ႔ေတြက ဆယ္စုနွစ္မ်ားစြာ ဆန္႔က်င္ခဲ႔ၾကပါတယ္။

Ref : NHK
Photo: AFP
#voiceofmyanmar #VOM #တိဘက္အေရး #အေမရိကန္ေအာက္လႊတ္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW