နှစ်ပတ်အတွင်းရောက်လာတဲ့ တရုတ်နိုင်ငံသားတွေရှိရင် နေရပ်ပြန်ပို့ဖို့ အစီအစဉ်ရှိ

မန္တလေး ဇန်နဝါရီ ၂၉-၂၀၂၀
ဖြူဖြူ(VOM)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတွေရှိပါက ပြန်ပို့ဖို့ အစီအစဉ်ရှိတယ်လို့ စမ်းသပ်ရှာဖွေတုန့်ပြန်ရေးအဖွဲ့ ( SRT )ရဲ့ ဥက္ကဌ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ဒီကနေ့နေ့လယ်ပိုင်း မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ပြုလုပ်တဲ့ဆွေးနွေးမှုအပြီး သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။

“ဟိုတယ်လုပ်ငန်းရှင်များအသင်းကို ကျွန်တော်တို့က အကူအညီတောင်းမယ်။ ဆက်လုပ်ရမှာတွေက အများကြီးပဲ။ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်းမှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေဆိုရင် ကျွန်တော်တို့ကို report လုပ်ရမယ်။ ဒီမှာ short stay အနေနဲ့လာတဲ့သူတွေကိုတော့ ပြန်ပို့ရမှာပေါ့။”လို့ ဦးရဲလွင်က ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညပိုင်းကလည်း ပြည်တွင်းမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား ၇၃ ယောက်ကို တရုတ်နိုင်ငံအစိုးရကနေ တိုက်ရိုက်လေကြောင်းလိုင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကတစ်ဆင့် ညတွင်းချင်း လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီ ၇၃ ယောက်ဟာ ဇန်နဝါရီ ၂၃ ရက်က ဝူဟန်- ရန်ကုန်လေကြောင်းကနေ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့သိရပြီး အဲဒီတရုတ်နိုင်ငံသားတွေ တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ လည်ပတ်ခဲ့တဲ့ နေရာတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဦးရဲလွင်က ပြောပါတယ်။

ဝူဟန်မှာ ပညာတော်သင်ရောက်ရှိနေတဲ့ မြန်မာကျောင်းသား ၆၀ ဦးကတော့ သူတို့ကိုလာရောက်ခေါ်ဆောင်ဖို့ ပေကျင်းမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားစာပေးပို့ထားပေမယ့် လက်ရှိအချိန်အထိတော့ ပြန်ရောက်မလာသေးတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #တရုတ်နိုင်ငံသား #နေရပ်ပြန်ပို့ဖို့ #စီစဉ်ထား

Zawgyi

ႏွစ္ပတ္အတြြင္းေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြရွိရင္ ေနရပ္ျပန္ပို႔ဖို႔ အစီအစဥ္ရွိ

မႏၲေလး ဇန္နဝါရီ ၂၉-၂၀၂၀
ျဖဴျဖဴ(VOM)

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း ေရာက္ရွိလာတဲ့ တ႐ုတ္ႏိုင္ငံသားေတြရွိပါက ျပန္ပို႔ဖို႔ အစီအစဥ္ရွိတယ္လို႔ စမ္းသပ္ရွာေဖြတုန႔္ျပန္ေရးအဖြဲ႕ ( SRT )ရဲ႕ ဥကၠဌ မႏၲေလးၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္က ဒီကေန႔ေန႔လယ္ပိုင္း မႏၲေလးတိုင္းအစိုးရအဖြဲ႕႐ုံးမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပက္သက္ၿပီး ျပဳလုပ္တဲ့ေဆြးေႏြးမႈအၿပီး သတင္းမီဒီယာေတြကို ေျပာခဲ့တာျဖစ္ပါတယ္။

“ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းကို ကြၽန္ေတာ္တို႔က အကူအညီေတာင္းမယ္။ ဆက္လုပ္ရမွာေတြက အမ်ားႀကီးပဲ။ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္းမွာေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြဆိုရင္ ကြၽန္ေတာ္တို႔ကို report လုပ္ရမယ္။ ဒီမွာ short stay အေနနဲ႔လာတဲ့သူေတြကိုေတာ့ ျပန္ပို႔ရမွာေပါ့။”လို႔ ဦးရဲလြင္က ေျပာပါတယ္။

ဇန္နဝါရီ ၂၈ ရက္ ညပိုင္းကလည္း ျပည္တြင္းမွာ ေရာက္ရွိေနတဲ့ တ႐ုတ္ႏိုင္ငံသား ၇၃ ေယာက္ကို တ႐ုတ္ႏိုင္ငံအစိုးရကေန တိုက္႐ိုက္ေလေၾကာင္းလိုင္း မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္ကတစ္ဆင့္ ညတြင္းခ်င္း လာေရာက္ေခၚေဆာင္သြားခဲ့ပါတယ္။

အဲဒီ ၇၃ ေယာက္ဟာ ဇန္နဝါရီ ၂၃ ရက္က ဝူဟန္- ရန္ကုန္ေလေၾကာင္းကေန ဝင္ေရာက္လာသူေတြ ျဖစ္တယ္လို႔သိရၿပီး အဲဒီတ႐ုတ္ႏိုင္ငံသားေတြ တည္းခိုေနထိုင္ခဲ့တဲ့ ဟိုတယ္၊ တည္းခိုခန္းေတြနဲ႔ လည္ပတ္ခဲ့တဲ့ ေနရာေတြကိုလည္း စစ္ေဆးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ဦးရဲလြင္က ေျပာပါတယ္။

ဝူဟန္မွာ ပညာေတာ္သင္ေရာက္ရွိေနတဲ့ ျမန္မာေက်ာင္းသား ၆၀ ဦးကေတာ့ သူတို႔ကိုလာေရာက္ေခၚေဆာင္ဖို႔ ေပက်င္းမွာရွိတဲ့ ျမန္မာသံ႐ုံးကို အေၾကာင္းၾကားစာေပးပို႔ထားေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ျပန္ေရာက္မလာေသးတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #တ႐ုတ္ႏိုင္ငံသား #ေနရပ္ျပန္ပို႔ဖို႔ #စီစဥ္ထား

 

Related posts

Leave a Comment

VOM News

FREE
VIEW