မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ပေမယ့် ကျောင်းသားတွေဆက်လက် ဆန္ဒပြ

မန္တလေး၊ ဇန်နဝါရီ ၂၉-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်နေတဲ့ Food Courtကိစ္စနဲ့ပက်သက်ပြီး ညွန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို သမ္မတရုံးအမိန့်နဲ့ ဇန်နဝါရီ(၂၈)မနေ့ညပိုင်းက အငြိမ်းစားပေးလိုက်တယ်ဆိုတဲ့ ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်နဲ့ပက်သက်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ ကိုဝေယံထက်က”ဒီစာက အတည်ဖြစ်တယ်ဆိုတာကို ပညာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်သိန်းဝင်းကတော့ အတည်ပြုထားတယ်၊ ကျွန်တော်တို့ဆီကိုတော့ စာကတရားဝင်ရောက်လာခြင်း မရှိသေးဘူးပေါ့”လို့ ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေကလည်း သူတို့တောင်းဆိုတဲ့အချက်တွေထဲက အပြီးသတ်ရလဒ်ထုတ်ပြန်ပေးဖို့ကို ဒီကနေ့မနက်ပိုင်းမှာ ဆက်လက်တောင်းဆို ဆန္ဒပြနေတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #တက္ကသိုလ်ပါမောက္ခချုပ် #အငြိမ်းစားပေး

Zawgyi

မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ကို အၿငိမ္းစားေပးလိုက္ေပမယ့္ ေက်ာင္းသားေတြဆက္လက္ ဆႏၵျပ

မႏၲေလး၊ ဇန္နဝါရီ ၂၉-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးတကၠသိုလ္အတြင္း ေဆာက္လုပ္ေနတဲ့ Food Courtကိစၥနဲ႔ပက္သက္ၿပီး ၫြန္ၾကားခ်က္ေတြကို လိုက္နာဖို႔ ပ်က္ကြက္ခဲ့တဲ့ မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာ၀င္းကို သမၼတ႐ုံးအမိန႔္နဲ႔ ဇန္နဝါရီ(၂၈)မေန႔ညပိုင္းက အၿငိမ္းစားေပးလိုက္တယ္ဆိုတဲ့ ေၾကညာခ်က္တစ္ေစာင္ ထြက္ေပၚခဲ့ပါတယ္။

အဲ့ဒီေၾကညာခ်က္နဲ႔ပက္သက္ၿပီး မႏၲေလးတကၠသိုလ္ေက်ာင္းသားသမဂၢအဖြဲ႕ ဥကၠဌ ကိုေဝယံထက္က”ဒီစာက အတည္ျဖစ္တယ္ဆိုတာကို ပညာေရး၀န္ႀကီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္သိန္း၀င္းကေတာ့ အတည္ျပဳထားတယ္၊ ကြၽန္ေတာ္တို႔ဆီကိုေတာ့ စာကတရား၀င္ေရာက္လာျခင္း မရွိေသးဘူးေပါ့”လို႔ ေျပာပါတယ္။

ဆႏၵျပေက်ာင္းသားေတြကလည္း သူတို႔ေတာင္းဆိုတဲ့အခ်က္ေတြထဲက အၿပီးသတ္ရလဒ္ထုတ္ျပန္ေပးဖို႔ကို ဒီကေန႔မနက္ပိုင္းမွာ ဆက္လက္ေတာင္းဆို ဆႏၵျပေနတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #တကၠသိုလ္ပါေမာကၡခ်ဳပ္ #အၿငိမ္းစားေပး

Related posts

Leave a Comment

VOM News

FREE
VIEW