ဝူဟန်ဖြစ်စဉ်ကြောင့် ဖရဲ၊သခွားစျေးနူန်း ထက်ဝက်ကျော်ကျဆင်း
ရန်ကုန်၊ ဇန်နဝါရီလ ၃၀-၂၀၂၀
သိင်္ဂီ (VOM)
ဝူဟန်ဖြစ်စဉ်ကြောင့် မူဆယ်ကိုတင်ပို့နေတဲ့ ဖရဲ၊သခွားစျေးတွေ ထက်ဝက်ကျော်လောက် ကျဆင်းသွားသလို တရုတ်ဝယ်လက်လည်းမရှိသလောက်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ဖရဲ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဗဟိုကနေ သိရပါတယ်။
မူဆယ်ကို တရုတ်ဝယ်လက်တွေ လာရောက်မှုလျော့ကျသွားတဲ့အတွက် မြန်မာနိုင်ငံက ဖရဲ၊သခွားမွှေးတွေကိုဝယ်ယူသူမရှိဘဲဖြစ်နေတဲ့အတွက် ဖရဲသီးတစ်လုံးကို ၉၅၀ ကျပ်၊ ၁၀၀၀ ကျပ် နှင့် ၁၁၀၀ ဝန်းကျင်သာစျေးရပြီး စျေး ၁၁၀၀ ထက်ပိုရင် ဝယ်ယူသူမရှိတော့ဘူးလို့သိရပါတယ်။
” ဝူဟန်ကိစ္စကြောင့် တရုတ်ဝယ်လက်တွေက အကုန်မလာဘူး၊ အနီးနားပဲလာတယ်၊ နယ်ဝေးဝယ်လက်တွေက ကြည့်ပြီးတော့ မဝယ်ကြဘူး ။ အရင်စျေးထက် တဝက်စျေးနဲ့ရောင်းတာတောင်မကုန်ဘူး။ ကားတစ်စီးလုံးကိုပေးတဲ့စျေးကလည်း အများဆုံးမှ ၁သောင်းခွဲ၊ အနည်းဆုံးဆို ၇ထောင်လောက်ပဲရတယ်၊ ၇ ထောင်ဆို ကားခပဲရတယ်။ ဝယ်မယ့်သူမရှိတော့ ဝမ်တိန်မှာသွားပုံရတယ်၊ ကားအစီးပြတ်တွေကို ၇ထောင် ၈ထောင်နဲ့ရောင်းတာတောင်မှ ဝယ်မယ့်သူမရှိသေးဘူးဆိုတော့ နောက်ဘယ်လောက်ထိတောင်မှ ဆုံးရှုံးနစ်နာမှုတွေဖြစ်မလဲဆိုတာ မသိသေးဘူး”လို့ မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဗဟိုဥက္ကဋ္ဌ ဦးနိုင်ဝင်းကပြောပါတယ်။
သခွားမွှေးစျေးနူန်းက နှစ်ကူးမတိုင်ခင်မှာ သခွားမွှေး ၁ တန်ကို ယွမ် ၆၅၀၀ ရပေမယ့် လက်ရှိမှာ ယွမ် ၃၅၀၀ သာစျေးရှိတာကြောင့် စျေးနူန်း ထက်ဝက်နီးပါးလျော့ကျသွားတာဖြစ်ပါတယ်။
ဖရဲသီးစျေးကလည်း အရင်က ကားတစ်စီးလုံးကို ယွမ် ၄၀၀၀၀ သောင်းရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကားတစ်စီးလုံးကိုမှ တရုတ်ငွေ ယွမ် ၇ထောင်နဲ့ အများဆုံး ၁၅၀၀ သာပေါက်တဲ့အတွက် ဖရဲစျေးနူန်းက ထက်ဝက်ကျော်မက ကျဆင်းသွားတာဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လုပ်ငန်းရှင်တွေနဲ့ ဖရဲ၊သခွားမွှေးစိုက်တဲ့ တောင်သူတွေအားလုံး အခက်အခဲဖစ်နေကြတယ်လို့ သိရပါတယ်။
နှစ်စဉ် ဖရဲတန်ချိန်ပေါင်း ၈သိန်းကျော် နဲ့
သခွားမွှေးတန်ချိန်ပေါင်း ၁သိန်းခွဲကျော် တင်ပို့မှုရှိပြီး ယခုနှစ် နှစ်အစမှာတော့ ဖရဲသီးတန်ချိန် ၂သိန်းဝန်းကျင်နဲ့ သခွားမွှေးအနည်းငယ်တင်ပို့ထားတယ်လို့ သိရပါတယ်။
#VOM #voiceofmyanmar #မူဆယ် #ဖရဲ၊သခွားဈေး #ထက်၀က်ကျော်ကျဆင်း
Zawgyi
ဝူဟန်ဖြစ်စဉ်ကြောင့် ဖရဲ၊သခွားဈေးနူန်း ထက်ဝက်ကျော်ကျဆင်း
သိင်္ဂီ (VOM)
ဝူဟန်ဖြစ်စဉ်ကြောင့် မူဆယ်ကိုတင်ပို့နေတဲ့ ဖရဲ၊သခွားဈေးတွေ ထက်ဝက်ကျော်လောက် ကျဆင်းသွားသလို တရုတ်ဝယ်လက်လည်းမရှိသလောက်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ဖရဲ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဗဟိုကနေ သိရပါတယ်။
မူဆယ်ကို တရုတ်ဝယ်လက်တွေ လာရောက်မှုလျော့ကျသွားတဲ့အတွက် မြန်မာနိုင်ငံက ဖရဲ၊သခွားမွှေးတွေကိုဝယ်ယူသူမရှိဘဲဖြစ်နေတဲ့အတွက် ဖရဲသီးတစ်လုံးကို ၉၅၀ ကျပ်၊ ၁၀၀၀ ကျပ် နှင့် ၁၁၀၀ ဝန်းကျင်သာဈေးရပြီး ဈေး ၁၁၀၀ ထက်ပိုရင် ဝယ်ယူသူမရှိတော့ဘူးလို့သိရပါတယ်။
သခွားမွှေးဈေးနူန်းက နှစ်ကူးမတိုင်ခင်မှာ သခွားမွှေး ၁ တန်ကို ယွမ် ၆၅၀၀ ရပေမယ့် လက်ရှိမှာ ယွမ် ၃၅၀၀ သာဈေးရှိတာကြောင့် ဈေးနူန်း ထက်ဝက်နီးပါးလျော့ကျသွားတာဖြစ်ပါတယ်။
ဖရဲသီးဈေးကလည်း အရင်က ကားတစ်စီးလုံးကို ယွမ် ၄၀၀၀၀ သောင်းရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကားတစ်စီးလုံးကိုမှ တရုတ်ငွေ ယွမ် ၇ထောင်နဲ့ အများဆုံး ၁၅၀၀ သာပေါက်တဲ့အတွက် ဖရဲဈေးနူန်းက ထက်ဝက်ကျော်မက ကျဆင်းသွားတာဖြစ်ပါတယ်။
Related posts
Leave a Comment
VOM News
FREE
VIEW