မူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့
မူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့ မူဆယ်၊ ဇန်နဝါရီ ၃၀-၂၀၂၀ ပြည့်စုံ(VOM) ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်အကျဉ်ထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော မြန်မာနိုင်ငံသား ၁၀၅ ဦးကိုမြန်မာနိုင်ငံသို့လွှဲ‌ ပြောင်းပေးခဲ့ရာ အပူချိန်လွန်ကဲ လူနာအမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရွှေလီရဲဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွတ်ရေးဌာနခွဲ ဒုဌာနမှူး မစ္စတာ ရန်တာဖူးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ပြန်လည်လွှဲပြောင်းခဲ့ရာ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော် ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးဒုဌာနခွဲ (မူဆယ် )နှင့် ပူးပေါင်းအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါလွှဲပြောင်းလက်ခံခဲ့ရာမှာ မူဆယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ ဒေါက်တာစိုင်းလောဝ်ခေး ဦးစီးအဖွဲ့မှ တစ်ဦးချင်း ကျန်းမာရေး စီစစ်မှုပြုလုပ်ခဲ့ရာ မောင်လီကျိန်ဆိုက်ဆိုသူတွင် အပူချိန် ၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တွေ့ရှိခဲ့သဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍စောင့်ကြည့်ကြပ်မတ် ကုသ‌ပေး လျက်ရှိပါတယ်။ ဇန်နဝါရီလ…
Read More
မြေယာစီမံအုပ်ချုပ်မှုစနစ်လို့ အမည်ပေးထားတဲ့ စာတမ်းမိတ်ဆက်ပွဲပြုလုပ်
Read More
ဝူဟန်ဖြစ်စဉ်ကြောင့် ဖရဲ၊သခွားစျေးနူန်း ထက်ဝက်ကျော်ကျဆင်း
ရန်ကုန်၊ ဇန်နဝါရီလ ၃၀-၂၀၂၀ သိင်္ဂီ (VOM) ဝူဟန်ဖြစ်စဉ်ကြောင့် မူဆယ်ကိုတင်ပို့နေတဲ့ ဖရဲ၊သခွားစျေးတွေ ထက်ဝက်ကျော်လောက် ကျဆင်းသွားသလို တရုတ်ဝယ်လက်လည်းမရှိသလောက်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ဖရဲ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဗဟိုကနေ သိရပါတယ်။ မူဆယ်ကို တရုတ်ဝယ်လက်တွေ လာရောက်မှုလျော့ကျသွားတဲ့အတွက် မြန်မာနိုင်ငံက ဖရဲ၊သခွားမွှေးတွေကိုဝယ်ယူသူမရှိဘဲဖြစ်နေတဲ့အတွက် ဖရဲသီးတစ်လုံးကို ၉၅၀ ကျပ်၊ ၁၀၀၀ ကျပ် နှင့် ၁၁၀၀ ဝန်းကျင်သာစျေးရပြီး စျေး ၁၁၀၀ ထက်ပိုရင် ဝယ်ယူသူမရှိတော့ဘူးလို့သိရပါတယ်။ ” ဝူဟန်ကိစ္စကြောင့် တရုတ်ဝယ်လက်တွေက အကုန်မလာဘူး၊ အနီးနားပဲလာတယ်၊ နယ်ဝေးဝယ်လက်တွေက ကြည့်ပြီးတော့ မဝယ်ကြဘူး ။ အရင်စျေးထက် တဝက်စျေးနဲ့ရောင်းတာတောင်မကုန်ဘူး။ ကားတစ်စီးလုံးကိုပေးတဲ့စျေးကလည်း အများဆုံးမှ ၁သောင်းခွဲ၊ အနည်းဆုံးဆို ၇ထောင်လောက်ပဲရတယ်၊ ၇ ထောင်ဆို ကားခပဲရတယ်။ ဝယ်မယ့်သူမရှိတော့ ဝမ်တိန်မှာသွားပုံရတယ်၊ ကားအစီးပြတ်တွေကို ၇ထောင် ၈ထောင်နဲ့ရောင်းတာတောင်မှ ဝယ်မယ့်သူမရှိသေးဘူးဆိုတော့ နောက်ဘယ်လောက်ထိတောင်မှ ဆုံးရှုံးနစ်နာမှုတွေဖြစ်မလဲဆိုတာ…
Read More
တာဝန်ပျက်ကွက်နေတဲ့ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ တကိုယ်တော်ဆန္ဒပြ
ပဲခူး၊ ဇန်နဝါရီ ၃၀-၂၀၂၀ မိုးယံ(VOM) တာဝန်ပျက်ကွက်နေတဲ့ ရဲဝန်ထမ်းတွေကို အပစ်ပေးအရေးယူပေးဖို့အတွက် တောင်သူလယ်သမား အလုပ်သမားအင်အားစုပါတီ ဗဟိုဥက္ကဠ ဦးမင်းသူဟာ ဒီကနေ့နေ့လယ်ပိုင်းက ဘုရားကြီးနယ်မြေရဲစခန်းရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။ ၂၀၀၈အခြေခံဥပဒေ အခန်း(၁)အပိုဒ်၂၁(က)အရ ကျွန်တော်တို့ပြည်သူတွေ တန်းတူအခွင့်အရေး မရလို့ အခန်း(၈)အပိုဒ်၃၄၇ အရ၊ ပြည်သူတွေဟာ ဥပဒေရဲ့အကာအကွယ်ကို လုံးဝ တန်းတူညီမျှစွာ ခံစားခွင့်မရှိတဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်လို့ ဦးမင်းသူကပြောပါတယ်။ “ ပြီးခဲ့တဲ့၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့က စတင်အမှုဖွင့်ခဲ့တာကို ယခုအချိန်ထိ တရား စွဲတင်နိုင်ခြင်းမရှိသေးတဲ့အပေါ်ကို ‟ပဲခူးတိုင်း၊ ဘုရားကြီးမြို့အပိုင်၊ မယင်းကျေးရွာနေ လယ်သမားကြီး ဦးဇော်မြင့်က ပြေစာတွေတရားဝင်ရရှိထားပြီး၊ သူ့လယ်သူထွန်ယက်ဖို့အတွက် ကျွန်တော့ပါတီက အလုပ်အမှုဆောင်အဖွဲ့တွေကို ထမင်းစားဖိတ်ကျွေးရင်း သူလယ်လုပ်တာကို ကြည့်ဖို့ခေါ်လို့ သွားကြပါတယ်။ အဲ့ဒီလိုသွားတဲ့အခါ မယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက စားကျက်မြေဆိုပြီးလာတားပါတယ်။ အဲဒီမှာ ပါတီတံဆိပ်တွေကိုတွေ့ပြီး မင်းတို့ဘယ်ပါတီကလဲ၊ ဘာကောင်တွေလဲဆိုပြီး ဗဟိုအလုပ်အမှုဆောင်ဦးမြင့်နိုင်ကို ပြသာနာလည်းရှာ၊ ဆဲလည်းဆဲကြိမ်းဝါးသွားပါတယ်။ကျွန်တော်တို့က…
Read More
ဂျပန်ဘီလျံနာသူဌေး လကမ္ဘာခရီးစဉ်အတူသွားဖို့ ကြင်ဖော်ရှာတဲ့အစီအစဉ် ဖျက်သိမ်း
တိုကျို၊ ဇန်နဝါရီ ၃၀-၂၀၂၀ မျိုးဆက် (VOM) Space X ကုမ္ပဏီရဲ့ အာကာယာဉ်နဲ့ လကမ္ဘာကိုသွားရောက်ဖို့အတွက် ကြင်ဖော်ရှာဖွေနေတဲ့ ဂျပန်ဘီလျံနာသူဌေးဟာ သူ့ရဲ့ရှာဖွေမှုအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဖက်ရှင်လုပ်ငန်းရှင်ဖြစ်သူ ဂျပန်နိုင်ငံသား ယူဆာကူမာဇာဝါဟာ သူ့ရဲ့လကမ္ဘာခရီးစဉ်မှာ ကြင်ဖော်အဖြစ် အသက် ၂၀ ကျော်လူလွတ်အမျိုးသမီးတစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။ သူ့ရဲ့အစီအစဉ်မှာ အမျိုးသမီး ၂၈၀၀၀ နီးပါး လာရောက်လျှောက်ထားခဲ့ကြပေမယ့် ရောထွေးတဲ့စိတ်ခံစားမှုတွေဖြစ်ပေါ်နေတဲ့အတွက် ကြင်ဖော်ရှာတဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ ယူဆာကူမာဇာဝါကပြောပါတယ်။ ဒီအစဉ်အစဉ်ဖျက်သိမ်းလိုက်ပေမယ့် လက်တွဲဖော်မပါဘဲ ၂၀၂၃ ခုနှစ်မှာ အာကာသခရီးထွက်ဖို့ သူကစီစဉ်နေဆဲဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ယူဆာကူမာဇာဝါဟာ သူရဲ့အာကာသခရီးစဉ်မှာ အဖော်လိုက်ပါမယ့် အမျိုးသမီးတစ်ဦးကို ရှာဖွေဖို့အတွက် အွန်လိုင်းပေါ်မှာ ဇန်နဝါရီလအတွင်းက ကြော်ငြာခဲ့တာဖြစ်ပါတယ်။ သူဟာ အသက် ၂၇ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး အရာမီဂိုရီကီနဲ့ မကြာသေးမီအချိန်အတွင်းကမှ လမ်းခွဲခဲ့သူဖြစ်ပါတယ်။…
Read More
မန်စီမြို့မှာ အလုပ်လုပ်နေတဲ့ ကလေးငယ် ၆ ဦးအပါအဝင် အလုပ်သမား ၁၁၆ ဦး မြန်မာနိုင်ငံကိုပြန်ရောက်
မူဆယ်၊ ဇန်နဝါရီ ၃၀-၂၀၂၀ ပြည့်စုံ( VOM) တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ မန်စီမြို့နယ်၊ ဖန့်ဖာ၊ နာဆိုင်း၊ သစ်ခွလုံး စက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့ က‌လေးငယ် ၆ ဦးအပါအဝင်၊အလုပ်သမား ၁၁၆ ဦးဟာ ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက မူဆယ်မြို့၊ နန်းတော် ပြည်ဝင်ပြည်ထွက် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်ကနေ ပြန်လည်ဝင်ရောက်လာတယ်လို့ လူဝန်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မူဆယ်)ကနေ သိရပါတယ်။ အဲ့ဒီအလုပ်သမားတွေဟာ အကူအညီတောင်းခံတဲ့အတွက် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဟာ သစ်ခွလုံးစက်ရုံမှာအလုပ်လုပ်ဖို့ ကျင်ဆန်းကျော့ဂိတ် နှင့် ကြူကုတ်(ပန်ဆိုင်း) ဂိတ်တို့ကနေတဆင့်၊ စာအုပ်နီ Border Pass ဖြင့်တရားဝင်သွားရောက်ခဲ့တာပါ။ ကျွန်တော်တို့ထဲမှာ တချို့က ၃ လလောက်အထိ အလုပ်လုပ်ပြီးတဲ့သူရှိသလို၊ တချို့က ၁၅ ရက်လောက်ဘဲ အလုပ်လုပ်ရသေးတဲ့သူတွေပါတယ်။ ကျွန်တော်တို့က တရုတ်နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ကူးဆက်မြန် ကိုရိုနာ…
Read More
မန္တလေးမြို့က ဆေးဆိုင်တချို့မှာ နှာခေါင်းအုပ်(Mask)များ ပစ္စည်းပြတ်နေပြီး ဈေးဆယ်ဆကျော်တက်သွား မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၂၀ လင်းခိုင်(VOM) တရုတ်ပြည်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မန္တလေးမြို့က ဆေးဆိုင်အချို့မှာ နှာခေါင်းစည်း(MASK)တွေ ပစ္စည်းပြတ်နေပြီး ဈေးကြီးပေးဝယ်နေရတယ်လို့ သိရပါတယ်။ “ညီမတို့ဆိုင်မှာတော့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ရိုးရိုး(MASK)တွေ ပစ္စည်းပြတ်သွားတယ်၊ N95ကတော့ ညီမတို့ဆိုင်က တင်မရောင်းဘူး၊ အရင်ကတည်းက မရောင်းတာပါ၊ ပစ္စည်းပြတ်တုန်းက MASK၁၀ခုပါတဲ့ တစ်ထုပ်ကို ၅၀၀နဲ့ပဲရောင်းပေးရင်း ပစ္စည်းပြတ်သွားတာပါ”လို့ မန္တလေးမြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်တယောက်ကပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို တရုတ်နိုင်ငံကစတင်ပြီး အခြားနိုင်ငံတွေကို ကူးစက်မှုရှိတဲ့အတွက် တရုတ်လူမျိုးများတဲ့ မန္တလေးမြို့ပေါ်နေသူတချို့ဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နှာခေါင်းအုပ်(MASK)တွေကို ရတဲ့ဆေးဆိုင်ကနေ ရတဲ့ဈေးနူန်းနဲ့ ပေးဝယ်နေကြပါတယ်။ “အဲ့ဒီရောဂါ အခြအနေဆိုးတယ်လို့ သိတဲ့နေ့ကစပြီး မန္တလေးမြို့က ကိုယ်ဝယ်နေကျ ဆေးဆိုင်တွေမှာ သွားဝယ်တယ်၊ N95တစ်ခုကို ၂၀၀၀ကျော်ပေးဝယ်ခဲ့ရတယ်၊ အရင်က အဲ့ဈေးနူန်းမဟုတ်ဘူး၊ အလွန်ဆုံးပေးရ တစ်ထောင်ကျော်ပဲ အဲ့ထက်မပိုဘူး”လို့…
Read More
တရုတ်နိုင်ငံနဲ့ လေယာဉ်ပြေးဆွဲပျံသန်းမှု အဓိကလေကြောင်းကုမ္ပဏီတွေ ရပ်ဆိုင်း
လန်ဒန်၊ ဇန်နဝါရီ-၃၀-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြီးထွားလာချိန်မှာ တရုတ်နိုင်ငံနဲ့ အသွားအပြန် လေကြောင်းပြေးဆွဲပျံသန်းမှု တွေကို အဓိကလေကြောင်းကုမ္ပဏီတွေက ပြေးဆွဲမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။ ဗြိတိန်လေကြောင်းလိုင်းဟာ ရောဂါဖြစ်ပွားမှုအခြေအနေကို အကဲဖြတ်နေချိန်မှာ ဇန်နဝါရီ ၃၁ ရက်တိုင်အောင် ပေကျင်းနဲ့ ရှန်ဟိုင်းမြို့တွေဆီကို ပျံသန်းမှုတွေကို ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။ ဂျာမနီရဲ့ လူဖန်ဆာလေကြောင်းလိုင်း၊ သြစတြီးယားလေကြောင်းလိုင်းနဲ့ ဆွစ်ဇာလန်လေကြောင်းလိုင်းတို့ဟာလည်း ဖေဖော်ဝါရီ ၉ ရက်တိုင်အောင် တရုတ်ပြည်မကြီးထိ လေယာဉ်ပြေးဆွဲပျံသန်းမှုတွေကို ဆိုင်းငံ့ထားတယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အမေရိကန်လေကြောင်းလိုင်းတွေကတော့ စီးနှင်သူဦးရေ သိသိသာသာနည်းပါးလာတဲ့အတွက် ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ မတ် ၂၇ ရက်အထိ လော့အိန်ဂျလိစ်နဲ့ တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်းမြို့တွေအကြား ပျံသန်းမှုတွေကို ဆိုင်းငံ့ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်လေကြောင်းလိုင်းဟာလည်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်အထိ အမေရိကန်မြို့ကြီးတွေနဲ့…
Read More
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖို့လုပ်ထားတဲ့ အချက်တွေ အတော်များများအောင်မြင်နိုင်
Read More
ပုသိမ်မြို့မှာ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်နဲ့ရင်ပြင် တည်ဆောက်မယ်
ပုသိမ်၊ ဇန်နဝါရီ ၃၀-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံအပါအဝင် ဒီမိုကရေစီအရေး ပါဝင်လူပ်ရှားခဲ့ကြသူတွေကိုရည်ရွယ်ပြီး ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်နဲ့ရင်ပြင်ကို တည်ဆောက်သွားမယ်လို့ ကျောက်တိုင်နဲ့ရင်ပြင်ဖြစ်မြောက်ရေးကော်မတီကနေ သိရပါတယ်။ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမပေါ်၊ ကန်သုံးဆင့်အနီး၊ ဟစ်တိုင်ကွင်းနေရာက မြေနေရာကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က တည်ဆောက်ဖို့သတ်မှတ်ပေးခဲ့ပြီး ဒီကနေ့မနက်ပိုင်းက ပန္နက်တင်အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်ရဲ့ဒုတိယလက်ရာပါ၊ ပထမဆုံးကတော့ ရှစ်ဆယ့်ရှစ်အရေးအခင်းကိုစတင်ခဲ့တဲ့ စက်မူကျောင်းသား ကိုဖုန်းမော်ရဲ့အုတ်ဂူကို တည်ဆောက်ပေးခဲ့ရတာပါ၊ ခုဒီဇိုင်းဟာ အားလုံးနဲ့သက်ဆိုင်တာဖြစ်တာကြောင့် အနက်ရောင်ကျောက်သားနံရံကြီးအလယ်မှာ ကြယ်နီတစ်လုံးက ကြနေတဲ့ပုံ၊ အပေါ်ကကြည့်ရင် ဂဏန်းရှစ်ပုံစံမျိုး တည်ဆောက်သွားမှာပါ” လို့ ကျောက်တိုင်နဲ့ရင်ပြင်ဒီဇိုင်းကို တာဝန်ယူတည်ဆောက်သွားမယ့် နိင်ငံရေးအကျဉ်းသားဟောင်း ဗိသုကာပညာရှင်ဦးညိုဝင်းကပြောပါတယ်။ အခုလိုရင်ပြင်တည်ဆောက်ဖို့အတွက် ဧရာဝတီတိုင်းအတွင်းက နိင်ငံရေးတက်ကြွလူပ်ရှားသူတွေ၊ နိင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး အများပြည်သူလှုဒါန်းငွေ သိန်း၅၀၀ခန့်နဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ “အခုထဲကစပြီးဆောက်တော့ပါမယ်၊ နောင်နစ် ရှစ်လေးလုံးနေ့မှာ ဖွင့်လှစ်သွားမှာပါ”လို့ ၈၈ကျောင်းသားဟောင်း ကျောက်တိုင်နဲ့ရင်ပြင်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဝေဠုကပြောပါတယ်။ အဲ့ဒီကျောက်တိုင်နဲ့ရင်ပြင်တည်ဆောက်ပြီးပါက…
Read More
VOM News
FREE
VIEW