မန္တလေးမြို့က ဆေးဆိုင်တချို့မှာ နှာခေါင်းအုပ်(Mask)များ ပစ္စည်းပြတ်နေပြီး ဈေးဆယ်ဆကျော်တက်သွား

မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၂၀

လင်းခိုင်(VOM)

တရုတ်ပြည်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မန္တလေးမြို့က ဆေးဆိုင်အချို့မှာ နှာခေါင်းစည်း(MASK)တွေ ပစ္စည်းပြတ်နေပြီး ဈေးကြီးပေးဝယ်နေရတယ်လို့ သိရပါတယ်။

“ညီမတို့ဆိုင်မှာတော့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ရိုးရိုး(MASK)တွေ ပစ္စည်းပြတ်သွားတယ်၊ N95ကတော့ ညီမတို့ဆိုင်က တင်မရောင်းဘူး၊ အရင်ကတည်းက မရောင်းတာပါ၊ ပစ္စည်းပြတ်တုန်းက MASK၁၀ခုပါတဲ့ တစ်ထုပ်ကို ၅၀၀နဲ့ပဲရောင်းပေးရင်း ပစ္စည်းပြတ်သွားတာပါ”လို့ မန္တလေးမြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်တယောက်ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို တရုတ်နိုင်ငံကစတင်ပြီး အခြားနိုင်ငံတွေကို ကူးစက်မှုရှိတဲ့အတွက် တရုတ်လူမျိုးများတဲ့ မန္တလေးမြို့ပေါ်နေသူတချို့ဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နှာခေါင်းအုပ်(MASK)တွေကို ရတဲ့ဆေးဆိုင်ကနေ ရတဲ့ဈေးနူန်းနဲ့ ပေးဝယ်နေကြပါတယ်။

“အဲ့ဒီရောဂါ အခြအနေဆိုးတယ်လို့ သိတဲ့နေ့ကစပြီး မန္တလေးမြို့က ကိုယ်ဝယ်နေကျ ဆေးဆိုင်တွေမှာ သွားဝယ်တယ်၊ N95တစ်ခုကို ၂၀၀၀ကျော်ပေးဝယ်ခဲ့ရတယ်၊ အရင်က အဲ့ဈေးနူန်းမဟုတ်ဘူး၊ အလွန်ဆုံးပေးရ တစ်ထောင်ကျော်ပဲ အဲ့ထက်မပိုဘူး”လို့ ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းက ဆေးဆိုင်တစ်ဆိုင်ကိုလည်း ဆက်သွယ်မေးမြန်းကြည့်တော့ “အရင်ကတော့ ရိုးရိုး(MASK) အခု၁၀၀ပါတဲ့ ဘူးကြီးတစ်ဘူးကို ၂၃၀၀နဲ့ရောင်းရတယ်၊ ခု အဲ့ဒီရောဂါဖြစ်တယ်လို့သိတဲ့အချိန် အရင်အပတ် စနေနေ့ကစပြီး အဲ့ဒီလို ဘူးကြီးတစ်ဘူးကို နှစ်သောင်းခွဲနဲ့ ရောင်းရတယ်၊ ဝယ်ရတဲ့ ကုမ္ပဏီကလည်း ဈေးတက်သွားတယ် ၊ အာ့ကြောင့် ခုလိုရောင်းရတယ်၊ ၁၀ဆလောက်ဈေးတက်သွားတယ်၊ N95ပိုးသတ်ပြီးသား အပြည့်ပါတဲ့ (MASK)ကိုကျတော့ အရင်က ၂၀၀၀၊ ၃၀၀၀နဲ့ရောင်းရတယ်၊ ခုဈေးကွက်ထဲမှကျတော့ ၉ထောင် တစ်သောင်းနဲ့ရောင်းနေတယ်၊ လက်ဆေးဆပ်ပြာကတော့ ပုံမှန်ဈေးပါပဲ ပစ္စည်းပြတ်တာတွေတော့ မရှိသေးပါဘူး”လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်အဆုပ်ရောင်ရောဂါကြောင့် တရုတ်ပြည်မှာ သေဆုံးသူ ၁၇၀ကျော်ရှိနေပြီး ရောဂါကူးစက်ခံရသူ ရှစ်ထောင်နီးပါးရှိနေပြီလို့ နိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #နှာခေါင်းအုပ်(MASK) #ပစ္စည်းပြတ်‌၊ဈေးကြီးပေးဝယ်နေရ

Zawgyi

မႏၲေလးၿမိဳ႕က ေဆးဆိုင္တခ်ိဳ႕မွာ ႏွာေခါင္းအုပ္(Mask)မ်ား ပစၥည္းျပတ္ေနၿပီး ေဈးဆယ္ဆေက်ာ္တက္သြား

မႏၲေလး၊ ဇန္နဝါရီ ၃၀-၂၀၂၀
လင္းခိုင္(VOM)

တ႐ုတ္ျပည္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ မႏၲေလးၿမိဳ႕က ေဆးဆိုင္အခ်ိဳ႕မွာ ႏွာေခါင္းစည္း(MASK)ေတြ ပစၥည္းျပတ္ေနၿပီး ေဈးႀကီးေပးဝယ္ေနရတယ္လို႔ သိရပါတယ္။

“ညီမတို႔ဆိုင္မွာေတာ့ လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကတည္းက ႐ိုး႐ိုး(MASK)ေတြ ပစၥည္းျပတ္သြားတယ္၊ N95ကေတာ့ ညီမတို႔ဆိုင္က တင္မေရာင္းဘူး၊ အရင္ကတည္းက မေရာင္းတာပါ၊ ပစၥည္းျပတ္တုန္းက MASK၁၀ခုပါတဲ့ တစ္ထုပ္ကို ၅၀၀နဲ႔ပဲေရာင္းေပးရင္း ပစၥည္းျပတ္သြားတာပါ”လို႔ မႏၲေလးၿမိဳ႕ေပၚရွိ ေဆးဆိုင္ပိုင္ရွင္တေယာက္ကေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါကို တ႐ုတ္ႏိုင္ငံကစတင္ၿပီး အျခားႏိုင္ငံေတြကို ကူးစက္မႈရွိတဲ့အတြက္ တ႐ုတ္လူမ်ိဳးမ်ားတဲ့ မႏၲေလးၿမိဳ႕ေပၚေနသူတခ်ိဳ႕ဟာ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ႏွာေခါင္းအုပ္(MASK)ေတြကို ရတဲ့ေဆးဆိုင္ကေန ရတဲ့ေဈးႏူန္းနဲ႔ ေပးဝယ္ေနၾကပါတယ္။

“အဲ့ဒီေရာဂါ အျခအေနဆိုးတယ္လို႔ သိတဲ့ေန႔ကစၿပီး မႏၲေလးၿမိဳ႕က ကိုယ္ဝယ္ေနက် ေဆးဆိုင္ေတြမွာ သြားဝယ္တယ္၊ N95တစ္ခုကို ၂၀၀၀ေက်ာ္ေပးဝယ္ခဲ့ရတယ္၊ အရင္က အဲ့ေဈးႏူန္းမဟုတ္ဘူး၊ အလြန္ဆုံးေပးရ တစ္ေထာင္ေက်ာ္ပဲ အဲ့ထက္မပိုဘူး”လို႔ ေဆးကုမၸဏီဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းက ေဆးဆိုင္တစ္ဆိုင္ကိုလည္း ဆက္သြယ္ေမးျမန္းၾကည့္ေတာ့ “အရင္ကေတာ့ ႐ိုး႐ိုး(MASK) အခု၁၀၀ပါတဲ့ ဘူးႀကီးတစ္ဘူးကို ၂၃၀၀နဲ႔ေရာင္းရတယ္၊ ခု အဲ့ဒီေရာဂါျဖစ္တယ္လို႔သိတဲ့အခ်ိန္ အရင္အပတ္ စေနေန႔ကစၿပီး အဲ့ဒီလို ဘူးႀကီးတစ္ဘူးကို ႏွစ္ေသာင္းခြဲနဲ႔ ေရာင္းရတယ္၊ ဝယ္ရတဲ့ ကုမၸဏီကလည္း ေဈးတက္သြားတယ္ ၊ အာ့ေၾကာင့္ ခုလိုေရာင္းရတယ္၊ ၁၀ဆေလာက္ေဈးတက္သြားတယ္၊ N95ပိုးသတ္ၿပီးသား အျပည့္ပါတဲ့ (MASK)ကိုက်ေတာ့ အရင္က ၂၀၀၀၊ ၃၀၀၀နဲ႔ေရာင္းရတယ္၊ ခုေဈးကြက္ထဲမွက်ေတာ့ ၉ေထာင္ တစ္ေသာင္းနဲ႔ေရာင္းေနတယ္၊ လက္ေဆးဆပ္ျပာကေတာ့ ပုံမွန္ေဈးပါပဲ ပစၥည္းျပတ္တာေတြေတာ့ မရွိေသးပါဘူး”လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္အဆုပ္ေရာင္ေရာဂါေၾကာင့္ တ႐ုတ္ျပည္မွာ ေသဆုံးသူ ၁၇၀ေက်ာ္ရွိေနၿပီး ေရာဂါကူးစက္ခံရသူ ရွစ္ေထာင္နီးပါးရွိေနၿပီလို႔ ႏိုင္ငံတကာသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ႏွာေခါင္းအုပ္(MASK) #ပစၥည္းျပတ္‌၊ေဈးႀကီးေပးဝယ္ေနရ

Related posts

Leave a Comment

VOM News

FREE
VIEW