တရုတ်နိုင်ငံခရီးသွားတွေကို ဆိုက်ရောက်ဗီဇာရပ်ဆိုင်း

တရုတ်နိုင်ငံခရီးသွားတွေကို ဆိုက်ရောက်ဗီဇာရပ်ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀
သိဂီ ၤ(VOM)

တရုတ်နိုင်ငံခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ယာယီရပ်ဆိုင်းလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အရေးပေါ်စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိလာတဲ့အတွက် မြန်မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအတွက် ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့အတွက် တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာရောက်မယ့် ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်း ယာယီရပ်ဆိုင်းထားလိုက်တာဖြစ်တယ်လို့သိရပါတယ်။

သက်ဆိုင်ရာဌာနတွေကိုလည်း ဒီကနေ့မှာပဲ အကြောင်းကြားထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

2019 CoronaVirus (2019n-CoV) ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၃၀-၁-၂၀၂၀ ရက်နေ့က စတင်ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရဖို့နဲ့ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #တရုတ်နိုင်ငံခရီးသွား #ဆိုက်ရောက်ဗီဇာရပ်ဆိုင်း

Zawgyi

တ႐ုတ္ႏိုင္ငံခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာရပ္ဆိုင္း

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁-၂၀၂၀
သိဂီ ၤ(VOM)

တ႐ုတ္ႏိုင္ငံခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ ယာယီရပ္ဆိုင္းလိုက္ျပီလို႔ ႏိုင္ငံျခားေရးဝန္ျကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမွု အေရးေပၚစိုးရိမ္ဖြယ္ရာ အေျခအေနကို ေရာက္ရွိလာတဲ့အတြက္ ျမန္မာနိုင္ငံ ျပည္သူျပည္သားေတြရဲ႕ က်န္းမာေရးအတြက္ ကူးစက္ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္ တ႐ုတ္နိုင္ငံကေန ျမန္မာနိုင္ငံကိုလာေရာက္မယ့္ ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ (Visa on Arrival) ထုတ္ေပးျခင္း ယာယီရပ္ဆိုင္းထားလိုက္တာျဖစ္တယ္လို႔သိရပါတယ္။

သက္ဆိုင္ရာဌာနေတြကိုလည္း ဒီကေန႔မွာပဲ အေၾကာင္းၾကားထားခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

2019 CoronaVirus (2019n-CoV) ေၾကာင့္ အဆုတ္ေရာင္ေရာဂါ ကူးစက္ျပန႔္ပြားမွုနဲ႔ပတ္သက္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီး (WHO) ကလည္း ကမၻာလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ၃၀-၁-၂၀၂၀ ရက္ေန႔က စတင္ေၾကညာခဲ့ၿပီး မလိုအပ္ဘဲ ခရီးသြားလာျခင္းမျပဳရဖို႔နဲ႔ ကာကြယ္ကုသထိန္းခ်ဳပ္ေရးလုပ္ငန္းကို တိုးျမႇင့္ေဆာင္ရြက္ဖို႔ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #တ႐ုတ္နိုင္ငံခရီးသြား #ဆိုက္ေရာက္ဗီဇာရပ္ဆိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW