NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမယ်
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမယ် ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀ အောင်ထူးနိုင်(VOM) NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၂ နဲ့ ဖေဖော်ဝါရီ ၃ ရက်အတွင်း ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနတို့မှာ တွေ့ဆုံသွားမှာဖြစ်ပြီး အားလုံးပါဝင်ရေးကိစ္စကို အလေးပေးဆွေးနွေးသွားမယ်လို့ မူဘောင်ညှိနှိုင်းရေးအဖွဲ့ကနေ သိရပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မနက်ဖြန်တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ပြင်ဆင်ရေးအစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “တစ်ဖက်က ကိုယ့်ဆွေးနွေးဖော်ဆွေးနွေးဖက်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါ အားလုံးပါဝင်ရေးကိစ္စကို အလေးပေး ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပါတယ်။ မနက်ဖြန် အစိုးရနဲ့ဆွေးနွေးညှိနှိုင်းအစည်းအဝေးဟာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေအကြား ပထမဆုံး တရားဝင်တွေ့ဆုံတဲ့ အစည်းအဝေးဖြစ်တဲ့အတွက် “အစကောင်းမှ အနှောင်းသေချာ” ဆိုတဲ့အတိုင်း နှစ်ဦးနှစ်ဖက်အတွက် မျှမျှတတဖြစ်စေမယ့်၊ အကျိုးဖြစ်စေမယ့်၊ ယုံကြည်မှုတည်ဆောက်ခြင်းကို အထောက်အကူပြုစေမယ့် ရလဒ်ကောင်းတွေ၊ သဘောတူညီချက်တွေရရှိရေး…
Read More
သန်လျင်လူငယ်သင်တန်းကျောင်းကို ကျယ်၀န်းတဲ့မြေနေရာမှာရွေ့ပြောင်းပေးဖို့ ​ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြား
သန်လျင်လူငယ်သင်တန်းကျောင်းကို ကျယ်၀န်းတဲ့မြေနေရာမှာရွေ့ပြောင်းပေးဖို့ ​ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြား ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀ စွဲ့ဝတီ(VOM) သန်လျင်လူငယ်သင်တန်းကျောင်း​နေရာဟာ ကျဥ်းနေတဲ့အတွက် အဲ့ဒီထက်ကျယ်၀န်းတဲ့​​မြေနေရာမှာ ​​ရွေ့ပြောင်းပေးဖို့ ​ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာရှိတဲ့ လူမူဝန်ထမ်းဦးစီးဌာနလက်အောက်က သန်လျင်လူငယ်သင်တန်းကျောင်းက လူငယ်တွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဒီကနေ့မနက်က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ “ကျောင်းရဲ့ နေရာအနေအထားက ကျဥ်းတယ်။ ရေရှည်အဆင်မပြေဘူး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က ထိန်းသိမ်းထားတဲ့ကလေးတွေရှိတယ်။ ပြစ်မူဆိုင်ရာအရ ရမာန်ယူနေရတဲ့ ကလေးတွေ၊ ဒီလိုပေါင်းထားနေရတော့ အဆင်မပြေဘူး။ ဒါကြောင့်ရေရှည်မှာ ဒီနေရာကနေ ပိုကျယ်တဲ့‌နေရာကိုပြောင်းပြီးတော့ ထားဖို့လည်းမှာကြားခဲ့တာရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မြေနေရာ ဧက ၅၀လောက်ရှာထားပေးဖို့ တိုင်ပင်ညှိနိူင်းထားတယ်”လို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်ကပြောပါတယ်။ ဒီသင်တန်းကျောင်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထိန်းသိမ်းထားတဲ့ ၄၅ဦးနဲ့ အမူရင်ဆိုင်နေရတဲ့ လူငယ် ၄ဝ၀ဦးကျော်ရှိပြီးတော့ စုစုပေါင်း လူငယ်၅၀၀နီးပါးရှိတယ်လို့ သိရပါတယ်။ ”…
Read More
တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေပြသမယ့် သွေးချင်းပွဲတော်ဖွင့်ပွဲ
Read More
တရုတ်နိုင်ငံခရီးသွားတွေကို ဆိုက်ရောက်ဗီဇာရပ်ဆိုင်း
တရုတ်နိုင်ငံခရီးသွားတွေကို ဆိုက်ရောက်ဗီဇာရပ်ဆိုင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀ သိဂီ ၤ(VOM) တရုတ်နိုင်ငံခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ယာယီရပ်ဆိုင်းလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အရေးပေါ်စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိလာတဲ့အတွက် မြန်မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအတွက် ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့အတွက် တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာရောက်မယ့် ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်း ယာယီရပ်ဆိုင်းထားလိုက်တာဖြစ်တယ်လို့သိရပါတယ်။ သက်ဆိုင်ရာဌာနတွေကိုလည်း ဒီကနေ့မှာပဲ အကြောင်းကြားထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ 2019 CoronaVirus (2019n-CoV) ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၃၀-၁-၂၀၂၀ ရက်နေ့က စတင်ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရဖို့နဲ့ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #ရန်ကုန် #တရုတ်နိုင်ငံခရီးသွား #ဆိုက်ရောက်ဗီဇာရပ်ဆိုင်း…
Read More
ရဲတပ်ဖွဲ့က အင်အားသုံး ချုပ်နှောင်ဖမ်းဆီးတာကို မကျေနပ်တဲ့မိသားစုက ရှင်းလင်းမှုပြုလုပ်
ရဲတပ်ဖွဲ့က အင်အားသုံး ချုပ်နှောင်ဖမ်းဆီးတာကို မကျေနပ်တဲ့မိသားစုက ရှင်းလင်းမှုပြုလုပ် ပဲခူး၊ ဖေဖော်ဝါရီ ၁-၂၀၂၀ မိုးယံ(VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ကြာစီအောင်ကျေးရွာမှာ ရဲတပ်ဖွဲ့မှ မင်းမဲ့စရိုက်ဆန်စွာ သေနတ်ထောင်ဖောက် ရိုက်နှက်ထိုးကြိတ် မတရားစွပ်စွဲအမှုဖွင့် ဖမ်းဆီးချုပ်နှောင်ခဲ့တာကို ကျေနပ်မှုမရှိတဲ့အတွက် မိသားစုဝင်တွေက ဒီကနေ့မနက်ပိုင်း ဝေါမြို့၊ အေးချမ်းသာယာရပ်ကွက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉၊ ဒီဇင်ဘာလ(၁၃)ရက်နေ့မှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ကြာစီအောင်ကျေးရွာမှာ တောင်စွန်းနယ်မြေခံရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးတို့ ပူးပေါင်းအင်အားသုံးပြီး ခိုးမှုလို့စွပ်စွဲကာ ကျေးရွာသား(၃)ဦးဖမ်းဆီးမှုဟာ ဥပဒေမဲ့ဆောင်ရွက်သွားတဲ့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ ‟ဒီလယ်ကို ကျွန်တော်တို့ဝယ်ယူထားတာ တစ်နှစ်ကျော်ကြာပါပြီ။ ဒါကိုသူများလယ်ဆိုပြီး ဒီနှစ်ရာသီ မတ်လမှာပဲ စိုက်ဧက(၈)ဧကကို ဝင်းကကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ထွန်စက်(၂)စီး၊ ဘက်ဟိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားပါတယ်။ အခြားသူတစ်ဦး ပိုင်ဆိုင်တဲ့လယ်ဆိုပြီး လာလုတာပါ။ ကျွန်တော်တို့က ဝယ်ယူထားတဲ့စာချုပ်ပြပါတယ်။ ဒါကို ရဲစခန်းမှာ…
Read More
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုရာယဉ်ကျေးမှု‌တွေ ပါဝင်ပြသမယ့် သွေးချင်းတို့ပွဲတော်စတင်ကျင်းပ
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုရာယဉ်ကျေးမှု‌တွေ ပါဝင်ပြသမယ့် သွေးချင်းတို့ပွဲတော်စတင်ကျင်းပ ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀ အောင်ထူးနိုင်(VOM) မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတို့ရဲ့ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့၊ စည်းလုံးညီညွှတ်မှု ၊ နေထိုင်မှုပုံစံကို တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်စွာ ရင်းနှီးဖလှယ်မှု ပြုလုပ်ဖို့နဲ့ ပြည်ပနိုင်ငံသားတွေပါ သိရှိစေဖို့ သွေးချင်းတို့ပွဲတော်ကို ရန်ကုန်မြို့၊ကျိုက္ကဆံကွင်းမှာ ဒီကနေ့မနက်ပိုင်းကစပြီး ကျင်းပနေပြီဖြစ်ပါတယ်။ ဒီပွဲတော်ကို ဒုသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူတက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နိုင်ငံကျော် တေးတံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု၊ တိုင်းရင်းသား လူမျိုးတစ်စုချင်းစီရဲ့ စုပေါင်းအကအလှတွေနဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့တွေ ၊ နေထိုင်မှု ပုံစံတွေ၊ ဝတ်စား ဆင်ယဉ်မှုတွေနဲ့ အထင်ကရနေရာတွေကို တည်းဖြတ်ဖော်ပြထားရှိတဲ့ Virtual Reality နဲ့ Augmentated Reality နည်းပညာ ပြခန်းတွေလည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးကုန်ပစ္စည်းများအတွက် Exhibition Booth ၊ တိုင်းရင်းသားရိုးရာ…
Read More
ဆေးရုံဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေစုပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ နှာခေါင်းစည်းတွေအခမဲ့ဝေ
ဆေးရုံဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေစုပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ နှာခေါင်းစည်းတွေအခမဲ့ဝေ ပြည်မြို့၊ ဖေဖော်ဝါရီ ၁-၂၀၂၀ လပြည့်(VOM) ပြည်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဇန်နဝါရီ(၃၁)ရက်နေ့ညနေပိုင်းက ဆေးရုံဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေစုပြီး နှာခေါင်းစည်းတွေကိုအခမဲ့ဝေခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ လက်ရိြှဖစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုများနေတဲ့အတွက် ရောဂါဖြစ်မလာဖို့၊ ကာကွယ်နိုင်ဖို့နဲ့ လက်ရှိအချိန် ပြည်မြို့ပေါ်က ‌ေ‌ဆးဆိုင်တွေမှာ နှာ‌ခေါင်းစည်းတွေကို ဈေးနှုန်းမြှင့်တင်ရောင်းချမှု့ဖြစ်နေတဲ့အတွက် ခုလိုအခမဲ့ဖြန့်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #ပြည် #ကိုရိုနာဗိုင်းရပ်စ် #နှာခေါင်းစည်းအခမဲ့ဝေ Zawgyi ဆေးရုံဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေစုပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ နှာခေါင်းစည်းတွေအခမဲ့ဝေ ပြည်မြို့၊ ဖေဖော်ဝါရီ ၁-၂၀၂၀ လပြည့်(VOM) ပြည်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဇန်နဝါရီ(၃၁)ရက်နေ့ညနေပိုင်းက ဆေးရုံဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေစုပြီး နှာခေါင်းစည်းတွေကိုအခမဲ့ဝေခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ လက်ရြှိဖစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုများနေတဲ့အတွက် ရောဂါဖြစ်မလာဖို့၊ ကာကွယ်နိုင်ဖို့နဲ့ လက်ရှိအချိန် ပြည်မြို့ပေါ်ကေ‌ဆးဆိုင်တွေမှာ…
Read More
တရုတ်နိုင်ငံကနေ ပြန်ထွက်လာသူတွေကို စောင့်ကြည့်ကြပ်မက်နေမှုအပေါ် လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက ဝေဖန်မှုမြင့်တက်
Read More
ကိုရိုနာဗိုင်းရပ်ကူးစပ်မှုဂယက်ကြောင့် ပြန်လာတဲ့မြန်မာနိုင်ငံသားများ ကားအခက်အခဲကြုံနေရ
ကိုရိုနာဗိုင်းရပ်ကူးစပ်မှုဂယက်ကြောင့် ပြန်လာတဲ့မြန်မာနိုင်ငံသားများ ကားအခက်အခဲကြုံနေရ မြစ်ကြီးနား၊ဖေဖော်ဝါရီ ၁-၂၀၂၀ ရန်အောင်ထွန်း(VOM) ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှာကိုစိုးရိမ်ပြီး မြန်မာလုပ်သားတွေဟာ သူတို့အလုပ်လုပ်တဲ့နေရာတွေကနေ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်အထိ လာရောက်ကြတဲ့အခါ ကားအခက်အခဲကြုံရတယ်လို့ ပြန်လာသူတွေကပြောပါတယ်။ သူတို့ပြန်လာကြတဲ့အခါ နယ်စပ်ဂိတ်အထိ ကားခတွေကို ပုံမှန်ထက်ပိုပေးလာခဲ့ကြရတာပါ။ မြန်မာနိုင်ငံဘက်ဂိတ်ကတော့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တာတွေ နေရပ်လိပ်စာ မှတ်တမ်းတင်တာတွေ ပြုလုပ်ပေးနေပါတယ်။ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်ကနေ ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံသား ၂၀၀ကျော် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ထိန်းချုန်းမြို့အနီးက စက်ရုံ ၊ အလုပ်ရုံတွေမှာ လုပ်ငန်းလုပ်ကိုင်ခဲ့ကြတဲ့ မြန်မာတွေရဲ့ပြောစကားအရတော့ သူတို့ပတ်ဝန်းကျင်မှာ ရောဂါဖြစ်ပွားသူ မတွေ့ခဲ့ရဘူးလို့ အများစုကပြောပါတယ်။ ထိန်ချုန်းမှာ ကိုရိုနာဗိုင်းရပ် ကူးစပ်ခံရသူနှစ်ဦး တွေ့ရတယ်ဆိုတဲ့သတင်းကြောင့် မိဘဆွေမျိုးတွေက စိတ်ပူပြီး ပြန်ခေါ်လို့ လာကြတာတွေ အလုပ်ရှင်ကလွှတ်လို့ ပြန်လာကြသူတွေပါဝင်ပါတယ်။ အခုအချိန်ထိ တရုတ်ပြည်ဘက်က ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသား နှစ်ထောင်ကျော်ရှိပြီလို့ သိရပါတယ်။ ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ…
Read More
ဘူးသီးတောင်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်၊ ထိခိုက်မှုရှိ
ဘူးသီးတောင်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်၊ ထိခိုက်မှုရှိ ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်မှာ မနေ့က ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် (၂) နာရီခန့်က ငှက်ပျောချောင်းကျေးရွာ မြောက်ဖက်မှာ တပ်မတော်နဲ့အေအေ တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတွေရှိကြောင်း အေအေက ထုတ်ပြန်ပါတယ်။ အဲ့ဒီ တိုက်ပွဲဖြစ်တဲ့ နေရာဟာ ငှက်ပျောချောင်းကျေးရွာအနီးမှာဖြစ်ကာ၊ တပ်မတော်ရဲ့ စကခ(၁၅) လက်အောက်ခံ၊ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊ အေအေ လှုပ်ရှားစစ်ကြောင်းတွေနဲ့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေဖက်က ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက် သတင်းအရ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို ဆက်သွယ်ရာမှာ” ငှက်ပျောချောင်းမှာ၊ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ပွဲဖြစ်သံကြားတယ်။ မနေ့က ၂ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီးမှ သတင်းပို့တာ။ ငှက်ပျောချောင်းရွာကလူတွေကတော့ အနီအနားကျေးရွာတွေကို ထွက်ပြေးသွားတယ်လို့ကြားတယ်။”…
Read More
VOM News
FREE
VIEW