ရန်ကုန်-မန္တလေး လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ ဝန်ကြီးဌာနတွေညှိနိူင်းမှုပြုလုပ်နေ

ရန်ကုန်-မန္တလေး လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ ဝန်ကြီးဌာနတွေညှိနိူင်းမှုပြုလုပ်နေ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄-၂၀၂၀
သိဂီ ၤ(VOM)

ရန်ကုန် နဲ့ မန္တလေးကို လျှပ်စစ်ရထား ပြေးဆွဲနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)ကနေ သိရပါတယ်။

လျှပ်စစ်ရထားပြေးဆွဲဖို့ အစီအစဉ်ရှိပေမယ့်လည်း လတ်တလော အခြေအနေအရတော့ တွက်ချေမကိုက်သေးတဲ့အတွက် အကောင်အထည်မဖော်နိုင်သေးတာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်လောက်မှာတော့ ဖြစ်လာနိုင်ဖို့များတယ်လို့ သိရပါတယ်။

“လျှပ်စစ်ရထားပြေးဆွဲဖို့ ဝန်ကြီးဌာနချင်းဆွေးနွေးတာရှိတယ်။လျှပ်စစ်ရထားက တွက်ချေကိုက်သလားခေါင်းစဉ်ကိုသွားတဲ့အခါ လောလောဆယ် တွက်ချေမကိုက်သေးဘူးလို့ အဖြေရတယ်။ တစ်ဦးချင်းဝင်ငွေသည် ဘယ်လောက်ရှိမှ လျှပ်စစ်ရထားလုပ်သင့်တယ်ဆိုတာလည်း နိုင်ငံတကာမှာရှိတယ်။ ဒါကြောင့် လောလောဆယ်တော့ High Speed မလုပ်သင့်သေးဘူးလို့ ထွက်ထားတယ်။ ဒါတွက်ချက်မှုအရပေါ့။၂၀၂၀ နောက်ပိုင်းလောက်ဆိုရင်တော့ ရနိုင်မယ်လို့သိရတယ်။”လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)က အထွေထွေမန်နေဂျာ ဦးအောင်သူလတ်ကပြောပါတယ်။

လျှပ်စစ်ရထားစတင်ပြေးဆွဲဖို့ အဆင့်သင့်ဖြစ်ချိန်မှာ ရထားလမ်းတွေလည်း ပြည့်စုံကောင်းမွန်နေဖို့အတွက် အချိန်ကိုက်ပြီးစီးအောင် ရန်ကုန်-မန္တလေး လမ်းအဆင့်မြှင့်တင်မှုကို စီမံကိန်းအပိုင်း ၁နဲ့ အပိုင်း ၂ ခွဲပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လျှပ်စစ်ရထားပြေးဆွဲနိုင်ပြီဆိုတာနဲ့ မန္တလေး ရန်ကုန်ခရီးစဉ် ကြာချိန်ဟာ ၈ နာရီ အောက်ကို ရောက်သွားမှာဖြစ်ပြီး ကီလိုမီတာ ပိုလျော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ခရီးသွားတွေကလည်း လျှပ်စစ်ရထားပြေးဆွဲဖို့ တောင်းဆိုမှုတွေရှိနေပြီး လျှပ်စစ်ရထားအတွက် လျှပ်စစ်ရရှိဖို့ကိစ္စကလည်း အဓိကကျတဲ့အတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားရဦးမယ်လို့ သိရပါတယ်။

” လျှပ်စစ်ရထား တကယ်ပြေးဆွဲနိုင်ရင်ကောင်းတာပေါ့။ ပြောပြီးမလုပ်နိုင်တာကများတယ်။ တကယ် ဝန်ဆောင်မှုကောင်းရင်၊ ပေးရတာနဲ့တန်ရင် အားလုံးက ရထားနဲ့သွားချင်ကြတယ်။ အရင်တုန်းကလည်း ပြေးဆွဲမယ်ဆိုပြီး ဘာမှဖြစ်မလာဘူး၊ သိပ်တော့မယုံရဲဘူး” လို့ ပြည်သူတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းဇော်က ပြောပါတယ် ။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း ရန်ကုန်မှာ လျှပ်စစ်ရထားပြေးဆွဲဖို့ လုပ်ဆောင်ခဲ့ပေမယ့် ပြေးဆွဲနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား ၊ ဂျပန်၊ စင်ကာပူ အပါအဝင် စတဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာတော့ လျှပ်စစ်ရထားကို တွင်တွင်ကျယ်ကျယ် ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #မန္တလေး #လျှပ်စစ်ရထား

Zawgyi

ရန္ကုန္-မႏၱေလး လွ်ပ္စစ္ရထားေျပးဆြဲႏိုင္ဖို႔ ဝန္ႀကီးဌာနေတြညိွႏိူင္းမွဳျပဳလုပ္ေန

ရန္ကုန္ ၊ ေဖေဖာ္၀ါရီ ၄-၂၀၂၀
သိဂီ ၤ(VOM)

ရန္ကုန္ နဲ႔ မႏၱေလးကုိ လွ်ပ္စစ္ရထား ေျပးဆြဲႏုိ္င္ဖုိ႔ သက္ဆုိင္ရာ၀န္ႀကီးဌာနအခ်င္းခ်င္း ေဆြးေႏြးညွိႏိႈင္းမႈေတြ လုပ္ေဆာင္ေနတယ္လုိ႔ ျမန္မာ့မီးရထား(ေအာက္ျမန္မာျပည္ရုံး)ကေန သိရပါတယ္။

လွ်ပ္စစ္ရထားေျပးဆြဲဖုိ႔ အစီအစဥ္ရွိေပမယ့္လည္း လတ္တေလာ အေျခအေနအရေတာ့ တြက္ေခ်မကိုက္ေသးတဲ့အတြက္ အေကာင္အထည္မေဖာ္ႏုိင္ေသးတာျဖစ္ၿပီး လာမယ့္ ၂၀၂၂ ခုႏွစ္ေလာက္မွာေတာ့ ျဖစ္လာႏုိင္ဖုိ႔မ်ားတယ္လို႔ သိရပါတယ္။

“လွ်ပ္စစ္ရထားေျပးဆြဲဖုိ႔ ၀န္ႀကီးဌာနခ်င္းေဆြးေႏြးတာရွိတယ္။လွ်ပ္စစ္ရထားက တြက္ေခ်ကိုက္သလားေခါင္းစဥ္ကုိသြားတဲ့အခါ ေလာေလာဆယ္ တြက္ေခ်မကိုက္ေသးဘူးလို႔ အေျဖရတယ္။ တစ္ဦးခ်င္း၀င္ေငြသည္ ဘယ္ေလာက္ရွိမွ လွ်ပ္စစ္ရထားလုပ္သင့္တယ္ဆုိတာလည္း နုိင္ငံတကာမွာရွိတယ္။ ဒါေၾကာင့္ ေလာေလာဆယ္ေတာ့ High Speed မလုပ္သင့္ေသးဘူးလို႔ ထြက္ထားတယ္။ ဒါတြက္ခ်က္မႈအရေပါ့။၂၀၂၀ ေနာက္ပုိင္းေလာက္ဆိုရင္ေတာ့ ရႏုိင္မယ္လို႔သိရတယ္။”လို႔ ျမန္မာ့မီးရထား(ေအာက္ျမန္မာျပည္ရုံး)က အေထြေထြမန္ေနဂ်ာ ဦးေအာင္သူလတ္ကေျပာပါတယ္။

လွ်ပ္စစ္ရထားစတင္ေျပးဆြဲဖုိ႔ အဆင့္သင့္ျဖစ္ခ်ိန္မွာ ရထားလမ္းေတြလည္း ျပည့္စုံေကာင္းမြန္ေနဖုိ႔အတြက္ အခ်ိန္ကုိက္ၿပီးစီးေအာင္ ရန္ကုန္-မႏၱေလး လမ္းအဆင့္ျမွင့္တင္မႈကုိ စီမံကိန္းအပုိင္း ၁နဲ႔ အပုိင္း ၂ ခြဲၿပီးလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

လွ်ပ္စစ္ရထားေျပးဆြဲႏုိင္ၿပီဆိုတာနဲ႔ မႏၱေလး ရန္ကုန္ခရီးစဥ္ ၾကာခ်ိန္ဟာ ၈ နာရီ ေအာက္ကုိ ေရာက္သြားမွာျဖစ္ၿပီး ကီလိုမီတာ ပုိေလ်ာ့သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဒါေၾကာင့္ ခရီးသြားေတြကလည္း လွ်ပ္စစ္ရထားေျပးဆြဲဖုိ႔ ေတာင္းဆိုမႈေတြရွိေနၿပီး လွ်ပ္စစ္ရထားအတြက္ လွ်ပ္စစ္ရရွိဖုိ႔ကိစၥကလည္း အဓိကက်တဲ့အတြက္ ညွိႏိႈင္းမႈေတြ လုပ္ေဆာင္သြားရဦးမယ္လုိ႔ သိရပါတယ္။

” လ်ွပ္စစ္ရထား တကယ္ေျပးဆြဲႏိုင္ရင္ေကာင္းတာေပါ့။ ေျပာၿပီးမလုပ္ႏိုင္တာကမ်ားတယ္။ တကယ္ ဝန္ေဆာင္မႈေကာင္းရင္၊ ေပးရတာနဲ႔တန္ရင္ အားလုံးက ရထားနဲ႔သြားခ်င္ၾကတယ္။ အရင္တုန္းကလည္း ေျပးဆြဲမယ္ဆိုၿပီး ဘာမွျဖစ္မလာဘူး၊ သိပ္ေတာ့မယုံရဲဘူး” လုိ႔ ျပည္သူတစ္ဦးျဖစ္တဲ့ ကိုမင္းမင္းေဇာ္က ေျပာပါတယ္ ။

လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္တုန္းကလည္း ရန္ကုန္မွာ လွ်ပ္စစ္ရထားေျပးဆြဲဖုိ႔ လုပ္ေဆာင္ခဲ့ေပမယ့္ ေျပးဆြဲႏုိင္ျခင္းမရွိခဲ့ပါဘူး။ ျပည္ပႏုိင္ငံေတြျဖစ္တဲ့ ကုိရီးယား ၊ ဂ်ပန္၊ စင္ကာပူ အပါအ၀င္ စတဲ့ဖြ႔ံၿဖိဳးတိုးတက္တဲ့ႏုိင္ငံေတြမွာေတာ့ လွ်ပ္စစ္ရထားကို တြင္တြင္က်ယ္က်ယ္ ေျပးဆြဲေနၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #မႏၱေလး #လွ်ပ္စစ္ရထား

Related posts

Leave a Comment

VOM News

FREE
VIEW