ကရင်ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု၊ သင်းကွဲမှု ကြိမ်ဖန်များစွာဖြစ်ပေါ်ခဲ့

ကရင်ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု၊ သင်းကွဲမှု ကြိမ်ဖန်များစွာဖြစ်ပေါ်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ -၂၀၂၀
အောင်ထူးနိုင်(VOM)

ကရင့်မျိုးသားတွေအတွက် တော်လှန်ရေးကာလ (၇၁) နှစ်တာကာလ ခေါင်းဆောင်မှုအတွင်းမှာ ကရင်အမျိုးသားတွေကလည်း အမြင်မတူမှုတွေ၊ အပြစ်တင်ဝေဖန်မှုတွေအပြင် သင်းကွဲဖွဲ့စည်းမှုတွေနဲ့ အကြိမ်ကြိမ်ရင်ဆင်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်(ဒီနေ့)ဟာ KNU ကို စတင်တည်ထောင်ခဲ့တဲ့ (၇၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက မိန့်ခွန်းပေးပို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ခေါင်းဆောင်မှုအကြား နိုင်ငံရေးဆိုင်ရာမူဝါဒများ ကွဲပြားခြင်း၊ စိတ်သဘောထားမတိုက်ဆိုင်ခြင်းကြောင့် အဖွဲ့အစည်း ပြိုကွဲခဲ့ရပြီး အချင်းချင်းလက်နက်ကိုင် တိုက်ခိုက်ခဲ့ရတဲ့အထိ ရင်ဆိုင်ခဲ့ရပါတယ်”လို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။

တော်လှန်ရေးကာလကြာရှည်လာတဲ့အပြင် အခက်အခဲနဲ့ အကြပ်အတည်းတွေကို ရင်ဆိုင်လာခဲ့ရတာကြောင့် တချို့လုပ်ဖော်ကိုင်ဖက်တွေက တော်လှန်ရေးအပေါ် ယုံကြည်မှုတွေ ကျဆင်းလာတာကြောင့် တော်လှန်ရေးကို စွန့်ခွာသွားသူတွေလည်း ရှိတယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ်။

ဒါ့အပြင် ခေါင်းဆောင်တချို့က ကိုယ်ကျိုးရှာမှုတွေနဲ့ အာဏာအလွဲသုံးစားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး ဒီလိုသင်းကွဲမှုတွေ၊ အမြင်မတူကွဲပြားမှုတွေနဲ့ ခံယူချက်ဆိုင်ရာ အားနည်းချက်တွေကို သက်ဆိုင်ရာခေါင်းဆောင်တွေက အကြိမ်ကြိမ်ပြန်လည်ဖွဲ့စည်းပြီး တည့်မတ်လမ်းညွှန်မှုတွေ ပြူလုပ်ခဲ့ရတယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ်။

“လက်ရှိအချိန်မှာ KNU အနေနဲ့ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ပြီးပြည့်စုံစေဖို့ ဦးဆောင်နိုင်ခြင်းမရှိသေးပေမယ့် ကရင်တစ်မျိုးသားလုံးရဲ့ ထောက်ခံအားပေးမှုတွေကြောင့် ကရင့်အမျိုးသားလှုပ်ရှားမှုကြီးကို ဒီနေ့ထက်တိုင် မားမားမတ်မတ် ဆက်လက်ရပ်တည်ထမ်းဆောင်နေပါတယ်”လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဟာ ဒေါကလူအသင်း(KNA)၊ ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း(BKNA)၊ ကရင်ဗဟိုအဖွဲ့ချုပ်(KCO) နဲ့ ကရင်လူငယ်အစည်းအရုံး(KYO) တို့ ပါဝင်တဲ့ ညီလာခံကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #KNU #ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး #မိန့်ခွန်း

Zawgyi

ကရင္ေခါင္းေဆာင္မႈအတြင္း အျမင္မတူမႈ၊ သင္းကြဲမႈ ႀကိမ္ဖန္မ်ားစြာျဖစ္ေပၚခဲ့

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၅ -၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ကရင့္မ်ိဳးသားေတြအတြက္ ေတာ္လွန္ေရးကာလ (၇၁) ႏွစ္တာကာလ ေခါင္းေဆာင္မႈအတြင္းမွာ ကရင္အမ်ိဳးသားေတြကလည္း အျမင္မတူမႈေတြ၊ အျပစ္တင္ေဝဖန္မႈေတြအျပင္ သင္းကြဲဖြဲ႕စည္းမႈေတြနဲ႔ အႀကိမ္ႀကိမ္ရင္ဆင္ခဲ့ရတယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေျပာဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၅ ရက္(ဒီေန႔)ဟာ KNU ကို စတင္တည္ေထာင္ခဲ့တဲ့ (၇၃) ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက မိန႔္ခြန္းေပးပို႔ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“ေခါင္းေဆာင္မႈအၾကား ႏိုင္ငံေရးဆိုင္ရာမူဝါဒမ်ား ကြဲျပားျခင္း၊ စိတ္သေဘာထားမတိုက္ဆိုင္ျခင္းေၾကာင့္ အဖြဲ႕အစည္း ၿပိဳကြဲခဲ့ရၿပီး အခ်င္းခ်င္းလက္နက္ကိုင္ တိုက္ခိုက္ခဲ့ရတဲ့အထိ ရင္ဆိုင္ခဲ့ရပါတယ္”လို႔ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက ေျပာပါတယ္။

ေတာ္လွန္ေရးကာလၾကာရွည္လာတဲ့အျပင္ အခက္အခဲနဲ႔ အၾကပ္အတည္းေတြကို ရင္ဆိုင္လာခဲ့ရတာေၾကာင့္ တခ်ိဳ႕လုပ္ေဖာ္ကိုင္ဖက္ေတြက ေတာ္လွန္ေရးအေပၚ ယုံၾကည္မႈေတြ က်ဆင္းလာတာေၾကာင့္ ေတာ္လွန္ေရးကို စြန႔္ခြာသြားသူေတြလည္း ရွိတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေျပာပါတယ္။

ဒါ့အျပင္ ေခါင္းေဆာင္တခ်ိဳ႕က ကိုယ္က်ိဳးရွာမႈေတြနဲ႔ အာဏာအလြဲသုံးစားမႈေတြလည္း ျဖစ္ေပၚခဲ့ၿပီး ဒီလိုသင္းကြဲမႈေတြ၊ အျမင္မတူကြဲျပားမႈေတြနဲ႔ ခံယူခ်က္ဆိုင္ရာ အားနည္းခ်က္ေတြကို သက္ဆိုင္ရာေခါင္းေဆာင္ေတြက အႀကိမ္ႀကိမ္ျပန္လည္ဖြဲ႕စည္းၿပီး တည့္မတ္လမ္းၫႊန္မႈေတြ ျပဴလုပ္ခဲ့ရတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေျပာပါတယ္။

“လက္ရွိအခ်ိန္မွာ KNU အေနနဲ႔ ကရင္အမ်ိဳးသားေတြရဲ႕ ႏိုင္ငံေရးရည္မွန္းခ်က္ေတြကို ၿပီးျပည့္စုံေစဖို႔ ဦးေဆာင္ႏိုင္ျခင္းမရွိေသးေပမယ့္ ကရင္တစ္မ်ိဳးသားလုံးရဲ႕ ေထာက္ခံအားေပးမႈေတြေၾကာင့္ ကရင့္အမ်ိဳးသားလႈပ္ရွားမႈႀကီးကို ဒီေန႔ထက္တိုင္ မားမားမတ္မတ္ ဆက္လက္ရပ္တည္ထမ္းေဆာင္ေနပါတယ္”လို႔ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေျပာပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဟာ ေဒါကလူအသင္း(KNA)၊ ဗုဒၶဘာသာကရင္အမ်ိဳးသားအသင္း(BKNA)၊ ကရင္ဗဟိုအဖြဲ႕ခ်ဳပ္(KCO) နဲ႔ ကရင္လူငယ္အစည္းအ႐ုံး(KYO) တို႔ ပါဝင္တဲ့ ညီလာခံကေန ေပၚေပါက္လာတဲ့ အဖြဲ႕အစည္းျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #KNU #ဗိုလ္ခ်ဳပ္ႀကီးမူတူးေစးဖိုး #မိန႔္ခြန္း

Related posts

Leave a Comment

VOM News

FREE
VIEW