မြို့ပတ်ရထားကို အရှုံးနဲ့ပြေးဆွဲနေရတဲ့အတွက် လက်မှတ်နူန်ုးထားတိုးကောက်ဖို့ရှိ
မြို့ပတ်ရထားကို အရှုံးနဲ့ပြေးဆွဲနေရတဲ့အတွက် လက်မှတ်နူန်ုးထားတိုးကောက်ဖို့ရှိ ရန်ကုန် ဖေဖော်ဝါရီ ၅ -၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့ပတ်ရထားကို အရှုံးနဲ့ပြေးဆွဲနေရတာဖြစ်တယ်လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)ကနေ သိရပါတယ်။ မီးရထားလက်မှတ်ခဟာ ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်သာကောက်ခံတာဖြစ်တဲ့အတွက် လက်မှတ်ရောင်းရငွေနဲ့ လည်ပတ်နိုင်ဖို့ခက်တာကြောင့် ရထားလမ်းအဆင့်မြှင့်တင်တာတွေ၊ ရထားတွဲဆိုင်းအစားထိုးပြေးဆွဲတာတွေ ပြီးပြည့်စုံစွာပြေးဆွဲချိန်မှာတော့ ရထားလက်မှတ်နူန်းထားတွေကို တိုးမြှင့်ကောက်ခံသွားဖို့ရှိတယ်လို့ သိရပါတယ်။ ” လူစီးရထားက ဘယ်နိုင်ငံမှာ မှ မမြတ်ပါဘူး။ ကားတောင်မှ ၅၀၀ ၁၀၀၀ ပြောင်းသွားတဲ့အချိန်မှာ ကျွန်တော်တို့က ၁၅ မိုင်အောက်ကို ၁၀၀ အထက်မှ ၂၀၀ ပဲကာက်တာ လည်ပတ်နိုင်လားဆိုတော့ တော်တော်ကိုခက်ပါတယ်။ နိုင်ငံတကာ ရထားနဲ့အောင်မြင်နေတဲ့နိုင်ငံကိုကြည့်ရင် အဓိကကုန်ပို့တာကို အားထည့်တယ်။ ဒါလည်းအရင်းရရုံပဲ။ တကယ်မြတ်တာက ရထားနယ်မြေအသုံးချတာဖြစ်တယ်။ ပြည်သူတွေပေးနိုင်မယ့်နှုန်းထား ၊ထိုက်သင့်မယ့် ရနိုင်မယ့်နှုန်းထား တောင်းဖို့တော့ရှိနိုင်ပါတယ်။ ဒါကြောင့် အရင်းအနှီးတစ်ခုစိုက်ပြီးရင် တက်ရမယ့်နှုန်းထားတော့ရှိပါတယ်။”လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)အထွေထွေမန်နေဂျာ…
Read More
YUPT ကုမ္ပဏီရှယ်ယာရှင်တွေ တောင်းဆိုချက်ကို ဥပဒေဘောင်အတွင်းကသာ ဖြေရှင်းမယ်လို့ YRTA တုံပြန်
YUPT ကုမ္ပဏီရှယ်ယာရှင်တွေ တောင်းဆိုချက်ကို ဥပဒေဘောင်အတွင်းကသာ ဖြေရှင်းမယ်လို့ YRTA တုံပြန် ရန်ကုန်၊ဖေဖော်ဝါရီ ၅- ၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်တိုင်းအစိုးရက ၈၅ ရာခိုင်နူန်းအထက် ရှယ်ယာထည့်ဝင်ပိုင်ဆိုင်ထားတဲ့ YUPT ကုမ္ပဏီအနေနဲ့ ရှယ်ယာရှင်တွေရဲ့ ၃ နှစ်ကျော်အကျိုးအမြတ်နဲ့အတူ ရှယ်ယာတွေပြန်ထုတ်ပေးဖို့ တောင်းဆိုမှုတွေအပေါ် ဥပဒေဘောင်အတွင်းကနေသာ ဖြေရှင်းသွားမှာဖြစ်တယ်လို့ YRTAရဲ့တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။ YUPT ကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံငွေ ၃၅ ဘီလီယံထည့်ဝင်ထားပြီး ရှယ်ယာရှင် ၂၉၀ ဦးက ငွေကျပ် ၅.၆၃၄၄ ဘီလီယံ ရှယ်ယာထည့်ဝင်ထားပြီး ရန်ကုန်တိုင်းအစိုးရက ၈၆ ရာခိုင်နူန်းလောက် ပိုင်ဆိုဆိုင်မှုရှိနေတယ်လို့ သိရပါတယ်။ “ခုဖြစ်ပေါ်နေတဲ့ YUPT ရှယ်ယာရှင်တွေကိစ္စနဲ့ပတ်သက်လို့ ဥပဒေဘောင်အတွင်းကနေ ညီညွတ်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်သွားမယ်လို့ ဖြေပါရစေ။ အစိုးရကလည်း YUPT အခက်အခဲကို ဖြေရှင်းပေးဖို့ စီစဉ်နေပါတယ်။ လူကြီးတွေကလည်း ပြန်လည်စီစဉ်ပေးဖို့ ပြောပြီးသားပါ။ ကုမ္ပဏီပိုင်ငွေကြေးကို စီမံခန့်ခွဲရတာဖြစ်လို့…
Read More
ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကျေးရွာ(၇)ရွာကဆန္ဒပြ
ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကျေးရွာ(၇)ရွာကဆန္ဒပြ ပဲခူး ဖေဖော်ဝါရီ ၅-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဝေါမြို့နယ်ရှိ ကျေးရွာ(၇)ရွာက ပြည်သူ(၅၀၀)ခန့်က ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ကို အာဏာရှင် ဆန်ဆန်ပြုလုပ်နေတယ်လို့ဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ‟ပြည်သူ့ဆန္ဒနဲ့မညီဘဲ အာဏာရှင်ဆန်ဆန်ပြုလုပ်နေတဲ့ တိုင်းလွှတ်တော်အမတ ်ဒေါ်ရီရီထိုက်ကို ဆန္ဒဖော်ထုတ်တာပါ။ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးဆောင်ရွက်ထားတာကို NEPစီမံကိန်းဆိုပြီး အခြားရွာက မီးလာရောက်ချိတ်ဆက်တယ်၊ ဒါကိုဒေသခံတွေကကန့်ကွက်တယ်၊ ဒေသအာဏာပိုင်တွေကို တိုင်ကြားထားတာ အရေးမယူဘူး၊ တာဝန်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်က ဖြေရှင်းညှိနှိုင်းပေးခြင်းမရှိဘူး၊ သူတို့ကိုယ်တိုင်က တစ်ဖက်ကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ တနော်ကျွန်းကျေးရွာနေ ကိုအောင်ဝင်းကပြောပါတယ်။ အငြင်းပွားပြဿနာဖြစ်နေတဲ့ စားကျက်မြေပြဿနာ၊ လျှပ်စစ်မီးလင်းရေးပြဿနာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုပြဿနာစတဲ့ပြသနာတွေမှာ ဝေါမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ဝင်ရောက်စွက်ဖက်နေတယ်လို့ဆိုကာ ဆန္ဒပြရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြခံရတာနဲ့ပတ်သက်ပြီး ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ကို မေးမြန်းဖို့ဆက်သွယ် ကြိုးစားကြည့်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။ ပြည်သူ့ဆန္ဒနဲ့မညီဘဲ…
Read More
ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ပုသိမ်ဆေးရုံအုပ်အဖြစ်ပြောင်းရွှေ့တာကို ဒေသခံတွေကကြိုဆိုမှုပြုလုပ်
ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ပုသိမ်ဆေးရုံအုပ်အဖြစ်ပြောင်းရွှေ့တာကို ဒေသခံတွေကကြိုဆိုမှုပြုလုပ် ပုသိမ်၊ ဖေဖော်ဝါရီ ၅-၂၀၂၀ ကိုအောင်(VOM) တာဝန်ထမ်းဆောင်ရာဒေသတွေမှာ ပရဟိတလုပ်ငန်းများ၊ လူမူအကျိုးပြုလုပ်ငန်းများနဲ့ အခမဲ့ဆေးကုသခြင်းတွေကို ပြုလုပ်ပေးခဲ့တဲ့ ပင်းတယမီးအိမ်ရှင်လို့နံမည်ကျော်သူ ဒေါက်တာသန်းမင်းထွဋ်ဟာ ပုသိမ်မြို့ကုတင်၅၀၀ရဲ့ဆေးရုံအုပ်ကြီးအဖြစ် ဒီကနေ့မှာပဲပြောင်းရွှေ့လာပါတယ်။ ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးအဖြစ်ကနေ ရာထူးတိုးခဲ့တာဖြစ်ပြီး ပုသိမ်ဒေသခံတွေနဲ့ လူမူရေးအသင်းအဖွဲ့တွေက ပုသိမ်မြို့အပြင်ကစောင့်ပြီး ကြိုဆိုတာတွေကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ဆရာကြီး ပုသိမ်ပြောင်းလာတာ အရမ်းဂုဏ်ယူတယ်၊ ဆရာကြီးရဲ့လုပ်ဆောင်ချက်တွေကို လေးစားလို့ရယ်၊ သူသာဆိုရင် ပုသိမ်ဆေးရုံတိုးတက်ဖို့မြင်လို့ လာကြိုတာပါ”လို့ ပုသိမ်မြို့ခံ ကိုသူရအောင်ကပြောပါတယ် ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြမြို့မှာတာဝန်ကျခဲ့စဉ်က ကျေးလက်ဆေးပေးခန်းတွေပြုပြင်ခြင်း၊ စက်ရေတွင်းတွေတူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ စာသင်ကျောင်း ဆောက်လုပ်တာတွေနဲ့ လူမူအကျိုးပြုလုပ်ငန်းတွေ ကိုအလူရှင်တွေနဲ့ချိတ်ဆက်ပေးပြီး ကျပ်သိန်းပေါင်းတစ်သောင်းကျော် လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ကျေးရွာအုပ်စ(ု၃၂)စုကိုလည်း အခမဲ့ဆေးဝါးကုသတာတေ ွပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ် “ပုသိမ်မှာ တာဝန်ကျသမျှကာလမှာ ကျွန်တော့်ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်ကို ဒီက အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်ဆောင်မယ်လို့ ကတိပေးပါတယ်”လို့ ဒေါက်တာသန်းမင်းထွဋ်ကပြောပါတယ်။…
Read More
ပစ်ခတ်မှုတွေအတွင်းမှာ ဒဏ်ရာရရှိသူတွေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တို့က သီးခြားစီ သွားရောက်ကြည့်ရှုခဲ့
ပစ်ခတ်မှုတွေအတွင်းမှာ ဒဏ်ရာရရှိသူတွေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တို့က သီးခြားစီ သွားရောက်ကြည့်ရှုခဲ့ စစ်တွေ၊ ဖေဖော်ဝါရီ ၅- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေက ပစ်ခတ်မှုတွေအတွင်း ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံကြီးသို့ ရောက်ရှိနေသူတွေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနဲ့ ဝန်ကြီးချုပ်ဦးညီပုတို့ဟာ မနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သီးခြား သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဌ ဦးမြသန်တို့ဟာ မနေ့က ညနေ ၃ နာရီမှာ သွားရောက်ကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့အဖွဲ့ စသည်အားဖြင့် သီးခြားစီ သွားရောက်ကြည့်ရှုခဲ့ကာ ထောက်ပံငွေတွေလည်း ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ” သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောခဲ့တာပေါ့။ ထောက်ပံ့ငွေတွေလည်း ပေးအပ်ခဲ့တာရှိပါတယ်။” လို့ ပြောပါတယ်။ ရသေ့တောင်နဲ့…
Read More
ကရင်ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု၊ သင်းကွဲမှု ကြိမ်ဖန်များစွာဖြစ်ပေါ်ခဲ့
ကရင်ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု၊ သင်းကွဲမှု ကြိမ်ဖန်များစွာဖြစ်ပေါ်ခဲ့ ရန်ကုန်၊ ဖေဖော်ဝါရီ ၅ -၂၀၂၀ အောင်ထူးနိုင်(VOM) ကရင့်မျိုးသားတွေအတွက် တော်လှန်ရေးကာလ (၇၁) နှစ်တာကာလ ခေါင်းဆောင်မှုအတွင်းမှာ ကရင်အမျိုးသားတွေကလည်း အမြင်မတူမှုတွေ၊ အပြစ်တင်ဝေဖန်မှုတွေအပြင် သင်းကွဲဖွဲ့စည်းမှုတွေနဲ့ အကြိမ်ကြိမ်ရင်ဆင်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်(ဒီနေ့)ဟာ KNU ကို စတင်တည်ထောင်ခဲ့တဲ့ (၇၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက မိန့်ခွန်းပေးပို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ခေါင်းဆောင်မှုအကြား နိုင်ငံရေးဆိုင်ရာမူဝါဒများ ကွဲပြားခြင်း၊ စိတ်သဘောထားမတိုက်ဆိုင်ခြင်းကြောင့် အဖွဲ့အစည်း ပြိုကွဲခဲ့ရပြီး အချင်းချင်းလက်နက်ကိုင် တိုက်ခိုက်ခဲ့ရတဲ့အထိ ရင်ဆိုင်ခဲ့ရပါတယ်”လို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။ တော်လှန်ရေးကာလကြာရှည်လာတဲ့အပြင် အခက်အခဲနဲ့ အကြပ်အတည်းတွေကို ရင်ဆိုင်လာခဲ့ရတာကြောင့် တချို့လုပ်ဖော်ကိုင်ဖက်တွေက တော်လှန်ရေးအပေါ် ယုံကြည်မှုတွေ ကျဆင်းလာတာကြောင့် တော်လှန်ရေးကို စွန့်ခွာသွားသူတွေလည်း ရှိတယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက…
Read More
ပုသိမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိင်ဖို့ နှာခေါင်းစီးတစ်သိန်းအခမဲ့ပေးဝေ
Read More
အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို လာမယ့်ညီလာခံမှာ ဖိတ်ကြားဖို့ဆွေးနွေးနေ
အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို လာမယ့်ညီလာခံမှာ ဖိတ်ကြားဖို့ဆွေးနွေးနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၅-၂၀၂၀ အောင်ထူးနိုင်(VOM) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို မကြာခင်ပြုလုပ်မယ့် ညီလာခံမှာ ဖိတ်ကြားသွားဖို့ ဆွေးနွေးနေတာရှိတယ်လို့ အစိုးရဘက်ကနေ သိရပါတယ်။ “လာမယ့်အစည်းအဝေးတွေမှာ၊ Framework review လိုဟာမျိုးတွေမှာ ကျွန်တော်တို့ ဖိတ်ဖို့ စဉ်းစားထားပါတယ်။ ညီလာခံလိုဟာမျိုးကြရင်လည်း UPWC မှာဆွေးနွေးပြီး သဘောတူညီချက်တွေနဲ့ ဖိတ်ကြားသွားဖို့ ရှိပါတယ်”လို့ အစိုးရရဲ့ပြောရေးဆိုခွင့်ရှိ ဦးဇော်ဌေးက ပြောပါတယ်။ အရင်က Framework review (မူဘောင်ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး) အစည်းအဝေးတွေမှာ အပစ်ရပ်လက်မှတ်(NCA) မထိုးရသေးတဲ့အဖွဲ့တွေကို Review မှာပါဝင်ပြီး သူတို့ရဲ့Ownnership (ပိုင်ဆိုင်မှု) ရအောင် ဖိတ်ကြားခဲ့တာတွေရှိတယ်လို့ ဦးဇော်ဌေးရဲ့ပြောပြချက်အရ သိရပါတယ်။ “တချို့လည်း တက်တယ်၊ တချို့လည်း မတက်ဘူး၊ ဒါတွေဖိတ်တော့ သူတို့လာတက်တဲ့အတွက် ဒီဘက်က လုပ်ကိုင်နေတဲ့အပေါ်မှာ သူတို့ရဲ့ Ownnership တစ်စုံတစ်ရာရပါစေဆိုပြီး ကျွန်တော်တို့အထဲကို…
Read More
ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အတွက် တောင်သူတွေက အမှုဖွင့်
ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အတွက် တောင်သူတွေက အမှုဖွင့် ရေစကြို၊ ဖေဖော်ဝါရီ ၅-၂၀၂၀ မိုးယံ(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်း၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ မြေခဲတောင် ကျေးရွာမှာ အထက်ကညွန်ကြားချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လမ်းကော်မတီတွေက တောင်သူ(၃)ဦးပိုင်တဲ့ မြေနေရာကို ကျေးရွာချင်းဆက်လမ်းချဲ့ဖို့ လမ်းနယ်နမိတ် သက်မှတ်ဖို့ ငုတ်တိုင်တွေစိုက်တာကို မြေပိုင်ရှင်တောင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ကျော်နင်းမှု ၊ အကျိုးပျက်ဆီးစေမှု၊ အားပေးကူညီမှု စတဲ့ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုမဖွင့်ခင်က တောင်သူ(၃)ဦးဟာ သူတို့မြေနေရာကို ငုတ်တိုင်စိုက်ထားတဲ့အတွက် ရှင်းလင်းမှုပြုလုပ်ခဲ့ရာ ခြေချုပ်ဥပဒေပုဒ်မ- ၅၁ (စ)(ဆ)နဲ့တရားစွဲခံရပြီး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတယ်လို့လည်း သိရပါတယ်။ ‟မြေနီကျောက်စရစ်လမ်းက ပေ၂၀ရှိရာကနေ ၃၈ပေလုပ်မယ်ဆိုပြီး၊ ဘယ်ညာတဖက်ကို၉ပေစီနဲ့ ၂ဖက်၁၈ပေချဲ့ ဖို့ ကော်မတီကလူကြီးတွေက လမ်းပေါ်ကနေ လယ်ထဲထိဆင်းလာပြီး…
Read More
VOM News
FREE
VIEW