ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ပုသိမ်ဆေးရုံအုပ်အဖြစ်ပြောင်းရွှေ့တာကို ဒေသခံတွေကကြိုဆိုမှုပြုလုပ်

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ပုသိမ်ဆေးရုံအုပ်အဖြစ်ပြောင်းရွှေ့တာကို ဒေသခံတွေကကြိုဆိုမှုပြုလုပ်

ပုသိမ်၊ ဖေဖော်ဝါရီ ၅-၂၀၂၀
ကိုအောင်(VOM)

တာဝန်ထမ်းဆောင်ရာဒေသတွေမှာ ပရဟိတလုပ်ငန်းများ၊ လူမူအကျိုးပြုလုပ်ငန်းများနဲ့ အခမဲ့ဆေးကုသခြင်းတွေကို ပြုလုပ်ပေးခဲ့တဲ့ ပင်းတယမီးအိမ်ရှင်လို့နံမည်ကျော်သူ ဒေါက်တာသန်းမင်းထွဋ်ဟာ ပုသိမ်မြို့ကုတင်၅၀၀ရဲ့ဆေးရုံအုပ်ကြီးအဖြစ် ဒီကနေ့မှာပဲပြောင်းရွှေ့လာပါတယ်။

ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးအဖြစ်ကနေ ရာထူးတိုးခဲ့တာဖြစ်ပြီး ပုသိမ်ဒေသခံတွေနဲ့ လူမူရေးအသင်းအဖွဲ့တွေက ပုသိမ်မြို့အပြင်ကစောင့်ပြီး ကြိုဆိုတာတွေကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ဆရာကြီး ပုသိမ်ပြောင်းလာတာ အရမ်းဂုဏ်ယူတယ်၊ ဆရာကြီးရဲ့လုပ်ဆောင်ချက်တွေကို လေးစားလို့ရယ်၊ သူသာဆိုရင် ပုသိမ်ဆေးရုံတိုးတက်ဖို့မြင်လို့ လာကြိုတာပါ”လို့ ပုသိမ်မြို့ခံ ကိုသူရအောင်ကပြောပါတယ်

ဒေါက်တာသန်းမင်းထွဋ်ဟာ မြောင်းမြမြို့မှာတာဝန်ကျခဲ့စဉ်က ကျေးလက်ဆေးပေးခန်းတွေပြုပြင်ခြင်း၊ စက်ရေတွင်းတွေတူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ စာသင်ကျောင်း ဆောက်လုပ်တာတွေနဲ့ လူမူအကျိုးပြုလုပ်ငန်းတွေ ကိုအလူရှင်တွေနဲ့ချိတ်ဆက်ပေးပြီး ကျပ်သိန်းပေါင်းတစ်သောင်းကျော် လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ကျေးရွာအုပ်စ(ု၃၂)စုကိုလည်း အခမဲ့ဆေးဝါးကုသတာတေ ွပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်

“ပုသိမ်မှာ တာဝန်ကျသမျှကာလမှာ ကျွန်တော့်ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်ကို ဒီက အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်ဆောင်မယ်လို့ ကတိပေးပါတယ်”လို့ ဒေါက်တာသန်းမင်းထွဋ်ကပြောပါတယ်။

ပင်းတယဒေသမှာ ဒေါက်တာသန်းမင်းထွဋ် တာဝန်ထမ်းဆောင်ချိန်က လူမူကူညီရေးနဲ့ အခမဲ့ဆေးကုသတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဂုဏ်ထူးဆောင်ရာသက်ပန် ပင်းတယသားဆုကို ပေးအပ်ခံခဲ့ရပြီး မပြောင်းရွှေ့ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုမူတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါက်တာသန်းမင်းထွဋ်ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် နှလုံးလှမီးအိမ်ရှင်ဆု ၊ လူမူထူးချွန်ဆု၊ ကျန်းမာရေးထူးချွန်ဆု၊ ပြည်သူ့ဂုဏ်ရည်ဆုများကိုရရှိထားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပုသိမ်#ဒေါက်တာသန်းမင်းထွဋ် #ဆေးရုံအုပ်

Zawgyi

ပင္းတယမီးအိမ္ရွင္ ေဒါက္တာသန္းမင္းထြဋ္ ပုသိမ္ေဆးရံုအုပ္အျဖစ္ေျပာင္းေရႊ႔တာကို ေဒသခံေတြကႀကိဳဆုိမွဳျပဳလုပ္

ပုသိမ္၊ ေဖေဖာ္ဝါရီ ၅-၂၀၂၀
ကိုေအာင္(VOM)

တာ၀န္ထမ္းေဆာင္ရာေဒသေတြမွာ ပရဟိတလုပ္ငန္းမ်ား၊ လူမူအက်ိဳးျပဳလုပ္ငန္းမ်ားနဲ႔ အခမဲ့ေဆးကုသျခင္းေတြကို ျပဳလုပ္ေပးခဲ့တဲ့ ပင္းတယမီးအိမ္ရွင္လို႔နံမည္ေက်ာ္သူ ေဒါက္တာသန္းမင္းထြဋ္ဟာ ပုသိမ္ၿမိဳ႕ကုတင္၅၀၀ရဲ႕ေဆး႐ုံအုပ္ႀကီးအျဖစ္ ဒီကေန႔မွာပဲေျပာင္းေ႐ႊ႕လာပါတယ္။

ေဒါက္တာသန္းမင္းထြဋ္ဟာ ေျမာင္းျမခ႐ိုင္ေဆး႐ုံအုပ္ႀကီးအျဖစ္ကေန ရာထူးတိုးခဲ့တာျဖစ္ၿပီး ပုသိမ္ေဒသခံေတြနဲ႔ လူမူေရးအသင္းအဖြဲ႕ေတြက ပုသိမ္ၿမိဳ႕အျပင္ကေစာင့္ၿပီး ႀကိဳဆိုတာေတြကို ဒီကေန႔မနက္ပိုင္းက ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ဆရာႀကီး ပုသိမ္ေျပာင္းလာတာ အရမ္းဂုဏ္ယူတယ္၊ ဆရာႀကီးရဲ႕လုပ္ေဆာင္ခ်က္ေတြကို ေလးစားလို႔ရယ္၊ သူသာဆိုရင္ ပုသိမ္ေဆး႐ုံတိုးတက္ဖို႔ျမင္လို႔ လာႀကိဳတာပါ”လုိ႔ ပုသိမ္ၿမိဳ႕ခံ ကိုသူရေအာင္ကေျပာပါတယ္

ေဒါက္တာသန္းမင္းထြဋ္ဟာ ေျမာင္းျမၿမိဳ႕မွာတာ၀န္က်ခဲ့စဥ္က ေက်းလက္ေဆးေပးခန္းေတြျပဳျပင္ျခင္း၊ စက္ေရတြင္းေတြတူးေဖာ္ျခင္း၊ စာၾကည့္တိုက္မ်ား၊ စာသင္ေက်ာင္း ေဆာက္လုပ္တာေတြနဲ႔ လူမူအက်ိဳးျပဳလုပ္ငန္းေတြ ကိုအလူရွင္ေတြနဲ႔ခ်ိတ္ဆက္ေပးၿပီး က်ပ္သိန္းေပါင္းတစ္ေသာင္းေက်ာ္ လွဴဒါန္းေပးခဲ့တယ္လို႔သိရပါတယ္။

ဒါ့အျပင္ ေက်း႐ြာအုပ္စ(ု၃၂)စုကိုလည္း အခမဲ့ေဆးဝါးကုသတာေတ ြျပဳလုပ္ေပးခဲ့တယ္လို႔ သိရပါတယ္

“ပုသိမ္မွာ တာ၀န္က်သမွ်ကာလမွာ ကြၽန္ေတာ့္ကိုယ္စြမ္းညဏ္စြမ္းရွိသေလာက္ကို ဒီက အသင္းအဖြဲ႕ေတြနဲ႔ေပါင္းၿပီး လုပ္ေဆာင္မယ္လို႔ ကတိေပးပါတယ္”လို႔ ေဒါက္တာသန္းမင္းထြဋ္ကေျပာပါတယ္။

ပင္းတယေဒသမွာ ေဒါက္တာသန္းမင္းထြဋ္ တာ၀န္ထမ္းေဆာင္ခ်ိန္က လူမူကူညီေရးနဲ႔ အခမဲ့ေဆးကုသတာေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ဂုဏ္ထူးေဆာင္ရာသက္ပန္ ပင္းတယသားဆုကို ေပးအပ္ခံခဲ့ရၿပီး မေျပာင္းေ႐ႊ႕ေရးအတြက္ အႀကိမ္ႀကိမ္ေတာင္းဆိုမူေတြျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေဒါက္တာသန္းမင္းထြဋ္ဟာ သူ႔ရဲ႕လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ႏွလုံးလွမီးအိမ္ရွင္ဆု ၊ လူမူထူးခြၽန္ဆု၊ က်န္းမာေရးထူးခြၽန္ဆု၊ ျပည္သူ႔ဂုဏ္ရည္ဆုမ်ားကိုရရွိထားတဲ့ ဆရာ၀န္တစ္ဦးျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပုသိမ္#ေဒါက္တာသန္းမင္းထြဋ္ #ေဆးရံုအုပ္

Related posts

Leave a Comment

VOM News

FREE
VIEW