ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အတွက် တောင်သူတွေက အမှုဖွင့်

ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အတွက် တောင်သူတွေက အမှုဖွင့်

ရေစကြို၊ ဖေဖော်ဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်း၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ မြေခဲတောင် ကျေးရွာမှာ အထက်ကညွန်ကြားချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လမ်းကော်မတီတွေက တောင်သူ(၃)ဦးပိုင်တဲ့ မြေနေရာကို ကျေးရွာချင်းဆက်လမ်းချဲ့ဖို့ လမ်းနယ်နမိတ် သက်မှတ်ဖို့ ငုတ်တိုင်တွေစိုက်တာကို မြေပိုင်ရှင်တောင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ကျော်နင်းမှု ၊ အကျိုးပျက်ဆီးစေမှု၊ အားပေးကူညီမှု စတဲ့ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုမဖွင့်ခင်က တောင်သူ(၃)ဦးဟာ သူတို့မြေနေရာကို ငုတ်တိုင်စိုက်ထားတဲ့အတွက် ရှင်းလင်းမှုပြုလုပ်ခဲ့ရာ ခြေချုပ်ဥပဒေပုဒ်မ- ၅၁ (စ)(ဆ)နဲ့တရားစွဲခံရပြီး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတယ်လို့လည်း သိရပါတယ်။

‟မြေနီကျောက်စရစ်လမ်းက ပေ၂၀ရှိရာကနေ ၃၈ပေလုပ်မယ်ဆိုပြီး၊ ဘယ်ညာတဖက်ကို၉ပေစီနဲ့ ၂ဖက်၁၈ပေချဲ့ ဖို့ ကော်မတီကလူကြီးတွေက လမ်းပေါ်ကနေ လယ်ထဲထိဆင်းလာပြီး ကျောက်တိုင်ငုတ်စိုက်တယ်၊ ကျွန်တော်တို့က ကျွန်တော်တို့မြေအပါမခံနိုင်လို့၊ ပြီးခဲ့တဲ့ဇန်နဝါရီ၁၆ ရက်နေ့က မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြတယ်၊ ဘာမှလုပ်မပေးဘူး၊ နောက်တော့ ကျွန်တော်တို့၃ယောက်စလုံး ခြေချုပ် ၅၁ (စ)(ဆ)နဲ့အမှုဖွင့်ခံရတယ်၊ ဦးမြင့်ရွှေတို့ ဦးဖိုးထွန်းတို့၂ယောက်ဆိုရင် ရေစကြိုမြို့မ ရဲစခန်းအချုပ်ထဲမှာ ရက်၂၀ နေခဲ့ရတယ်၊ တော်တော်မတရားတဲ့လူတွေ၊ ယခုလက်ရှိခင်းထားတဲ့ပေ၂၀ လမ်းတောင် ကျွန်တော်တို့လယ်သမားတွေက လှူထားတဲ့မြေတွေပါလို့ ”ဒေသခံလယ်သမား ဦးဌေးအောင်ကပြောပါတယ်။

တောင်သူ(၃)ဦး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတာနဲ့ပက်သက်ပြီး ပခန်းကြီးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မြစိုးကို ဆက်သွယ်မေးမြန်းရာ ‟ခြေချုပ်ဆိုတာက သူရဲ့ဥပဒေနဲ့အညီပဲ အထက်ကအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့ရဲ့စီ/ခန့် (စီမံခန့်ခွဲမှုကော်မတီ) အစည်းအဝေးဆုံးဖြတ်ချက်အရ သူတို့ဆီကနေ တရားဝင်ကျွန်တော်တို့ဆီကို ဒီဟာနဲ့အရေးယူပေးပါဆိုပြီး ညွှန့်ကြားလို့ ကျွန်တော်တို့ဖွင့်ရတာပါ”လို့ ပြောပါတယ်။

‟ပခန်းကြီးမြို့ဟောင်းနဲ့ ရှင်မတောင်ကျေးရွာချင်းဆက်လမ်းကို ၁၉၉၃ခုနှစ်က ပခုက္ကူ ရေစကြိုကားလမ်းဖောက်စဉ်က ဒီနယ်ကလူတွေက ကျောက်ထုတ်ပေးရတယ်၊ အဲဒီမှာ ဒီကျောက်ထုတ်လမ်းပေါ်လာတာ စပြီးဖောက်လာထဲက၊ လမ်းက ပေ၄၀ပါ ၊ ခုမှပေ ၄၀ မဟုတ်ဘူး၊ အဲဒီကတည်းကပေ ၄၀ပါ၊ ခုလည်းလမ်းနယ်နမိတ်ကို လမ်းချဲ့ဖို့ နယ်နမိတ် သတ်မှတ်တာပါ၊ သူတို့ခြံတိုင်တွေကို ကျွန်တော်တို့ကော်မတီတွေက ဘယ်သူမှမဖျက်ဆီးခဲ့ပါဘူး၊ လမ်းနယ်ငုတ်ရိုက်ထားတာကို ဦးမြင့်ရွှေကနှုတ်ပစ်တယ်၊ ဦးဖိုးထွန်းနဲ့ ဦးဌေးအောင်ကတော့ လမ်းနယ် ငုတ်ကိုခြံခတ်ပစ်လိုက်တယ်၊ ငုတ်ပြန်စိုက်ဖို့နို့တစ်စာ ၃ခါချတယ် မရဘူး၊ နောက်တော့ မြို့နယ်ကိုတင်ပြလိုက်တာပါ၊ ကျန်တာတော့ကျွန်တော်မသိဘူးလို့ ”မြေခဲတောင် အုပ်ချုပ်ရေးမှူးဦးအောင်ကိုဝင်းကပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့က လမ်းဘေးဝဲယာ လယ်ကွင်းများအတွင်း လမ်းနယ်ငုတ်များစိုက်ခြင်း၊ နှစ်သုံးဆယ်နီးပါးရှိတဲ့ မယ်ဇလီပင်များ ခုတ်ပစ်တာကို လယ်သမားတွေဘက်က ကျေနပ်မှုမရှိတဲ့အတွက် ဇန်နဝါရီ ၁ရက်နေ့က မြေခဲတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းအပါအဝင် (၁၆)ဦးကို အရေးယူပေးဖို့ ပခန်းကြီးနယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

အဲ့ဒီလိုတိုင်ကြားထားတဲ့အတွက် ပခန်းကြီးးနယ်မြေရဲစခန်းကနေ တရားလို ဦးဌေးအောင်၊ ဦးမြင့်ရွှေ၊ ဦးဖိုးထွန်းတို့ရဲ့ တိုင်ကြားမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၄၄၇ /၄၂၇ / ၁၁၄နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရေစကြို #တောင်သူ #အုပ်ချုပ်ရေးမှူးကိုအမှုဖွင့်

Zawgyi

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေတာင္သူပိုင္ေျမေနရာကို လမ္းေဖာက္လုပ္မွဳျပဳလုပ္တဲ့အတြက္ ေတာင္သူေတြက အမွဳဖြင့္

ေရစႀကိဳ၊ ေဖေဖာ္ဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္၊ ပခန္းႀကီးၿမိဳ႕ေဟာင္း၊ ကိုင္းမႀကီးေက်း႐ြာအုပ္စု၊ ေျမခဲေတာင္ ေက်း႐ြာမွာ အထက္ကညြန္ၾကားခ်က္မရိွဘဲ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေတာင္သူပိုင္ေျမေနရာကို လမ္းေဖာက္လုပ္မွဳျဖစ္ပြားေနတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ လမ္းေကာ္မတီေတြက ေတာင္သူ(၃)ဦးပိုင္တဲ့ ေျမေနရာကို ေက်း႐ြာခ်င္းဆက္လမ္းခ်ဲ႕ဖို႔ လမ္းနယ္နမိတ္ သက္မွတ္ဖို႔ ငုတ္တုိင္ေတြစိုက္တာကို ေျမပိုင္ရွင္ေတာင္သူေတြက ေက်နပ္မွဳမရိွတဲ့အတြက္ ေက်ာ္နင္းမႈ ၊ အက်ိဳးပ်က္ဆီးေစမႈ၊ အားေပးကူညီမႈ စတဲ့ပုဒ္မသုံးခုနဲ႔ အမွဳဖြင့္ထားတယ္လုိ႔လည္း သိရပါတယ္။

အဲ့ဒီေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို အမွဳမဖြင့္ခင္က ေတာင္သူ(၃)ဦးဟာ သူတို႔ေျမေနရာကို ငုတ္တိုင္စိုက္ထားတဲ့အတြက္ ရွင္းလင္းမွဳျပဳလုပ္ခဲ့ရာ ေျခခ်ဳပ္ဥပေဒပုဒ္မ- ၅၁ (စ)(ဆ)နဲ႔တရားစြဲခံရၿပီး ရဲစခန္းအခ်ဳပ္မွာ ရက္(၂၀)ၾကာေနခဲ့ရတယ္လုိ႔လည္း သိရပါတယ္။

‟ေျမနီေက်ာက္စရစ္လမ္းက ေပ၂၀ရွိရာကေန ၃၈ေပလုပ္မယ္ဆိုၿပီး၊ ဘယ္ညာတဖက္ကို၉ေပစီနဲ႔ ၂ဖက္၁၈ေပခ်ဲ႕ ဖို႔ ေကာ္မတီကလူႀကီးေတြက လမ္းေပၚကေန လယ္ထဲထိဆင္းလာၿပီး ေက်ာက္တိုင္ငုတ္စိုက္တယ္၊ ကြၽန္ေတာ္တို႔က ကၽြန္ေတာ္တို႔ေျမအပါမခံႏိုင္လို႔၊ ၿပီးခဲ့တဲ့ဇန္နဝါရီ၁၆ ရက္ေန႔က ၿမိဳ႕နယ္စီမံခန္႔ခြဲမႈအဖြဲ႕ကိုတင္ျပတယ္၊ ဘာမွလုပ္မေပးဘူး၊ ေနာက္ေတာ့ ကြၽန္ေတာ္တို႔၃ေယာက္စလုံး ေျခခ်ဳပ္ ၅၁ (စ)(ဆ)နဲ႔အမႈဖြင့္ခံရတယ္၊ ဦးျမင့္ေ႐ႊတို႔ ဦးဖိုးထြန္းတို႔၂ေယာက္ဆိုရင္ ေရစႀကိဳၿမိဳ႕မ ရဲစခန္းအခ်ဳပ္ထဲမွာ ရက္၂၀ ေနခဲ့ရတယ္၊ ေတာ္ေတာ္မတရားတဲ့လူေတြ၊ ယခုလက္ရွိခင္းထားတဲ့ေပ၂၀ လမ္းေတာင္ ကြၽန္ေတာ္တို႔လယ္သမားေတြက လွဴထားတဲ့ေျမေတြပါလို႔ ”ေဒသခံလယ္သမား ဦးေဌးေအာင္ကေျပာပါတယ္။

ေတာင္သူ(၃)ဦး ရဲစခန္းအခ်ဳပ္မွာ ရက္(၂၀)ၾကာေနခဲ့ရတာနဲ႔ပက္သက္ၿပီး ပခန္းႀကီးနယ္ေျမရဲစခန္းမွ စခန္းမႉးရဲအုပ္ျမစိုးကို ဆက္သြယ္ေမးျမန္းရာ ‟ေျခခ်ဳပ္ဆိုတာက သူရဲ႕ဥပေဒနဲ႔အညီပဲ အထက္ကအေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက သူတို႔ရဲ႕စီ/ခန႔္ (စီမံခန႔္ခြဲမႈေကာ္မတီ) အစည္းအေဝးဆုံးျဖတ္ခ်က္အရ သူတို႔ဆီကေန တရားဝင္ကၽြန္ေတာ္တို႔ဆီကို ဒီဟာနဲ႔အေရးယူေပးပါဆိုၿပီး ၫႊန႔္ၾကားလို႔ ကၽြန္ေတာ္တို႔ဖြင့္ရတာပါ”လုိ႔ ေျပာပါတယ္။

‟ပခန္းႀကီးၿမိဳ႕ေဟာင္းနဲ႔ ရွင္မေတာင္ေက်း႐ြာခ်င္းဆက္လမ္းကို ၁၉၉၃ခုႏွစ္က ပခုကၠဴ ေရစႀကိဳကားလမ္းေဖာက္စဥ္က ဒီနယ္ကလူေတြက ေက်ာက္ထုတ္ေပးရတယ္၊ အဲဒီမွာ ဒီေက်ာက္ထုတ္လမ္းေပၚလာတာ စၿပီးေဖာက္လာထဲက၊ လမ္းက ေပ၄၀ပါ ၊ ခုမွေပ ၄၀ မဟုတ္ဘူး၊ အဲဒီကတည္းကေပ ၄၀ပါ၊ ခုလည္းလမ္းနယ္နမိတ္ကို လမ္းခ်ဲ႕ဖို႔ နယ္နမိတ္ သတ္မွတ္တာပါ၊ သူတို႔ၿခံတိုင္ေတြကို ကြၽန္ေတာ္တို႔ေကာ္မတီေတြက ဘယ္သူမွမဖ်က္ဆီးခဲ့ပါဘူး၊ လမ္းနယ္ငုတ္႐ိုက္ထားတာကို ဦးျမင့္ေ႐ႊကႏႈတ္ပစ္တယ္၊ ဦးဖိုးထြန္းနဲ႔ ဦးေဌးေအာင္ကေတာ့ လမ္းနယ္ ငုတ္ကိုၿခံခတ္ပစ္လိုက္တယ္၊ ငုတ္ျပန္စိုက္ဖို႔ႏို႔တစ္စာ ၃ခါခ်တယ္ မရဘူး၊ ေနာက္ေတာ့ ၿမိဳ႕နယ္ကိုတင္ျပလိုက္တာပါ၊ က်န္တာေတာ့ကၽြန္ေတာ္မသိဘူးလို႔ ”ေျမခဲေတာင္ အုပ္ခ်ဳပ္ေရးမႉးဦးေအာင္ကိုဝင္းကေျပာပါတယ္။

ႏိုဝင္ဘာလ ၂၈ ရက္ေန႔က လမ္းေဘးဝဲယာ လယ္ကြင္းမ်ားအတြင္း လမ္းနယ္ငုတ္မ်ားစိုက္ျခင္း၊ ႏွစ္သုံးဆယ္နီးပါးရွိတဲ့ မယ္ဇလီပင္မ်ား ခုတ္ပစ္တာကို လယ္သမားေတြဘက္က ေက်နပ္မႈမရွိတဲ့အတြက္ ဇန္နဝါရီ ၁ရက္ေန႔က ေျမခဲေတာင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ကိုဝင္းအပါအဝင္ (၁၆)ဦးကို အေရးယူေပးဖို႔ ပခန္းႀကီးနယ္ေျမရဲစခန္းကို တုိင္ၾကားခဲ့ပါတယ္။

အဲ့ဒီလုိတိုင္ၾကားထားတဲ့အတြက္ ပခန္းႀကီးးနယ္ေျမရဲစခန္းကေန တရားလို ဦးေဌးေအာင္၊ ဦးျမင့္ေ႐ႊ၊ ဦးဖိုးထြန္းတို႔ရဲ႕ တိုင္ၾကားမႈအတြက္ ရာဇသတ္ႀကီးပုဒ္မ ၄၄၇ /၄၂၇ / ၁၁၄နဲ႔ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေရစႀကိဳ #ေတာင္သူ #အုပ္ခ်ဳပ္ေရးမွဴးကိုအမွဳဖြင့္

Related posts

Leave a Comment

VOM News

FREE
VIEW