အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို လာမယ့်ညီလာခံမှာ ဖိတ်ကြားဖို့ဆွေးနွေးနေ

အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို လာမယ့်ညီလာခံမှာ ဖိတ်ကြားဖို့ဆွေးနွေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅-၂၀၂၀
အောင်ထူးနိုင်(VOM)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို မကြာခင်ပြုလုပ်မယ့် ညီလာခံမှာ ဖိတ်ကြားသွားဖို့ ဆွေးနွေးနေတာရှိတယ်လို့ အစိုးရဘက်ကနေ သိရပါတယ်။

“လာမယ့်အစည်းအဝေးတွေမှာ၊ Framework review လိုဟာမျိုးတွေမှာ ကျွန်တော်တို့ ဖိတ်ဖို့ စဉ်းစားထားပါတယ်။ ညီလာခံလိုဟာမျိုးကြရင်လည်း UPWC မှာဆွေးနွေးပြီး သဘောတူညီချက်တွေနဲ့ ဖိတ်ကြားသွားဖို့ ရှိပါတယ်”လို့ အစိုးရရဲ့ပြောရေးဆိုခွင့်ရှိ ဦးဇော်ဌေးက ပြောပါတယ်။

အရင်က Framework review (မူဘောင်ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး) အစည်းအဝေးတွေမှာ အပစ်ရပ်လက်မှတ်(NCA) မထိုးရသေးတဲ့အဖွဲ့တွေကို Review မှာပါဝင်ပြီး သူတို့ရဲ့Ownnership (ပိုင်ဆိုင်မှု) ရအောင် ဖိတ်ကြားခဲ့တာတွေရှိတယ်လို့ ဦးဇော်ဌေးရဲ့ပြောပြချက်အရ သိရပါတယ်။

“တချို့လည်း တက်တယ်၊ တချို့လည်း မတက်ဘူး၊ ဒါတွေဖိတ်တော့ သူတို့လာတက်တဲ့အတွက် ဒီဘက်က လုပ်ကိုင်နေတဲ့အပေါ်မှာ သူတို့ရဲ့ Ownnership တစ်စုံတစ်ရာရပါစေဆိုပြီး ကျွန်တော်တို့အထဲကို ပူးပေါင်းပါဝင်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဖိတ်တာဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်ရေးအတွက် ညီလာခံတိုင်းဖိတ်ကြားခဲ့ပေမယ့် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့တော့ အခွင့်အရေးက တန်းတူရရှိမှာ မဟုတ်ဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

“တချို့ဟာတွေမှာ သူတို့လေ့လာလို့ရတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုတွေ Debet လုပ်နေလဲ၊ သူတို့မြင်တယ်၊ တွေ့တယ်၊ တချို့လည်း လေ့လာပါတယ်။ တချို့လည်း မလေ့လာဘူး”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံကို သုံးကြိမ်ကျင်းပပြီးဖြစ်ကာ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းအဖြစ် အချက်(၅၁) ချက်ရရှိပြီး ဖြစ်ပါတယ်။ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံကို ဒီနှစ် ဧပြီလမတိုင်ခင်ကျင်းပဖို့ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #တိုင်းရင်းသားလက်နက်ကိုင် #NCA #အစိုးရ

Zawgyi

အပစ္ရပ္စာခ်ဳပ္ လက္မွတ္မထိုးရေသးတဲ့အဖြဲ႕ေတြကို လာမယ့္ညီလာခံမွာ ဖိတ္ၾကားဖို႔ေဆြးေႏြးေန

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၅-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္မထိုးရေသးတဲ့အဖြဲ႕ေတြကို မၾကာခင္ျပဳလုပ္မယ့္ ညီလာခံမွာ ဖိတ္ၾကားသြားဖို႔ ေဆြးေႏြးေနတာရွိတယ္လို႔ အစိုးရဘက္ကေန သိရပါတယ္။

“လာမယ့္အစည္းအေဝးေတြမွာ၊ Framework review လိုဟာမ်ိဳးေတြမွာ ကြၽန္ေတာ္တို႔ ဖိတ္ဖို႔ စဥ္းစားထားပါတယ္။ ညီလာခံလိုဟာမ်ိဳးၾကရင္လည္း UPWC မွာေဆြးေႏြးၿပီး သေဘာတူညီခ်က္ေတြနဲ႔ ဖိတ္ၾကားသြားဖို႔ ရွိပါတယ္”လို႔ အစိုးရရဲ႕ေျပာေရးဆိုခြင့္ရွိ ဦးေဇာ္ေဌးက ေျပာပါတယ္။

အရင္က Framework review (မူေဘာင္ျပန္လည္သုံးသပ္တဲ့ အစည္းအေဝး) အစည္းအေဝးေတြမွာ အပစ္ရပ္လက္မွတ္(NCA) မထိုးရေသးတဲ့အဖြဲ႕ေတြကို Review မွာပါဝင္ၿပီး သူတို႔ရဲ႕Ownnership (ပိုင္ဆိုင္မႈ) ရေအာင္ ဖိတ္ၾကားခဲ့တာေတြရွိတယ္လို႔ ဦးေဇာ္ေဌးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“တခ်ိဳ႕လည္း တက္တယ္၊ တခ်ိဳ႕လည္း မတက္ဘူး၊ ဒါေတြဖိတ္ေတာ့ သူတို႔လာတက္တဲ့အတြက္ ဒီဘက္က လုပ္ကိုင္ေနတဲ့အေပၚမွာ သူတို႔ရဲ႕ Ownnership တစ္စုံတစ္ရာရပါေစဆိုၿပီး ကြၽန္ေတာ္တို႔အထဲကို ပူးေပါင္းပါဝင္လာဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔ ဖိတ္တာျဖစ္ပါတယ္”လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

လက္မွတ္မထိုးရေသးတဲ့အဖြဲ႕ေတြ ပါဝင္ေရးအတြက္ ညီလာခံတိုင္းဖိတ္ၾကားခဲ့ေပမယ့္ NCA လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ေတြနဲ႔ေတာ့ အခြင့္အေရးက တန္းတူရရွိမွာ မဟုတ္ဘူးလို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

“တခ်ိဳ႕ဟာေတြမွာ သူတို႔ေလ့လာလို႔ရတယ္။ ႏိုင္ငံေရးေဆြးေႏြးပြဲေတြမွာ ဘယ္လိုေတြ Debet လုပ္ေနလဲ၊ သူတို႔ျမင္တယ္၊ ေတြ႕တယ္၊ တခ်ိဳ႕လည္း ေလ့လာပါတယ္။ တခ်ိဳ႕လည္း မေလ့လာဘူး”လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ -၂၁ ရာစုပင္လုံကို သုံးႀကိမ္က်င္းပၿပီးျဖစ္ကာ ျပည္ေထာင္စုသေဘာတူညီခ်က္ အစိတ္အပိုင္းအျဖစ္ အခ်က္(၅၁) ခ်က္ရရွိၿပီး ျဖစ္ပါတယ္။ စတုတၳအႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ – ၂၁ ရာစုပင္လုံကို ဒီႏွစ္ ဧၿပီလမတိုင္ခင္က်င္းပဖို႔ ေဆြးေႏြးေနၾကတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #တိုင္းရင္းသားလက္နက္ကိုင္ #NCA #အစိုးရ

Related posts

Leave a Comment

VOM News

FREE
VIEW