ကျောက်စိမ်းဘုရားဈေးဆိုင်ခန်းတွေကို စည်ပင်သာယာဈေးအဖြစ် ဆောင်ရွက်ပေးဖို့ ဆန္ဒပြ

ကျောက်စိမ်းဘုရားဈေးဆိုင်ခန်းတွေကို စည်ပင်သာယာဈေးအဖြစ် ဆောင်ရွက်ပေးဖို့ ဆန္ဒပြ

အမရပူရ၊ဖေဖော်ဝါရီ ၆-၂၀၂၀
မောင်တာရာ(VOM)

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဆင်ရွာ/မြင်းမှူးကျေးရွာအနီးရှိ ဝေရောစန ကျောက်စိမ်းစေတီတော် ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်ခန်းတွေကို နိုင်ငံတော်ပိုင် စည်ပင်သာယာဈေးအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့နေ့လယ်ပိုင်းက ဈေးသူ၊ဈေးသားတွေအပါအဝင် လူ ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။

”ခရိုနီသူဌေးတစ်ဦးက စနစ်တကျ စီမံပြီးတော့မှ ဥပဒေမဲ့နိုင်ငံတော်ကို အခွန်မဆောင်၊ နိုင်ငံတော်ကို ခွင့်ပြုချက်မတင်ဘဲနဲ့ ပြည်သူတွေကို ဆိုင်ခန်းတွေဆောက်ပြီးတော့မှ၊ ဘုရားကိုအမှီပြုပြီးတော့မှ စီးပွားရှာနေတဲ့ဟာက နိုင်ငံတော်အတွက် အကျိုးမရှိတဲ့ရလာဘ်တွေ မြင်တဲ့အတွက် ပြည်သူတွေလည်း အဆင်ပြေအောင်၊ သာသနာလည်းမညိုးနွမ်းအောင်၊ ဒီဈေးကြီးကိုလည်း စည်ပင်ပိုင်၊နိုင်ငံတော်ပိုင် အခွန်ရတဲ့ ဈေးကြီးဖြစ်အောင်၊ ဒီဘုရားကို နိုင်ငံတော်ကနေ စီမံကွပ်ကဲအုပ်ချုပ်ပြီးတော့မှ တိကျမှန်ကန်တဲ့ ဈေးတန်းဖြစ်ရေးကို ကျွန်တော်တို့က တောင်းဆိုခြင်းဖြစ်ပါတယ်”လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးလေးနိုင်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာလမ်းတစ်လျှောက်မှာတော့ ဘုရားကြီးဈေးဆိုင်ခန်းတွေအား တရားဥပဒေစိုးမိုးရေး -ဒို့ အရေး၊ နိုင်ငံတော်စည်ပင်သာယာဈေး အမြန်ဆုံးဆောင်ရွက်ပေးရေး -ဒို့အရေး ၊နိုင်ငံတော်ပိုင်လျှပ်စစ်မီးကို ဥပဒေမဲ့ ရောင်းချနေမှုအား ဥပဒေအရထိထိရောက်ရောက် အရေးယူပေးရေး-ဒို့အရေး စတဲ့ ဗီနိုင်းပိုစတာတွေကိုင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

”အခုက ကျောက်စိမ်းဘုရား ဂေါပကအဖွဲ့ကို ပြတာလည်းမဟုတ်ပါဘူး။ သူတို့က တက်လမ်းကုမ္ပဏီဈေးကိုပြတာ။ ဒီဈေးက ဘုရားနားမှာရှိတဲ့ဈေးမို့ ကျောက်စိမ်းဘုရားဈေးလို့ ခေါ်နေကြတာပါ “ဟု ကျောက်စိမ်းဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီဆန္ဒပြမှုကို ဝေရောစန ကျောက်စိမ်းစေတီတော် အဝင်ပေါက်နေရာမှာ စုရပ်ပြုလုပ်ပြီး ဝေရောစန ကျောက်စိမ်းစေတီကို တပတ်ပတ်ကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #အမရပူရ #ကျောက်စိမ်းစေတီဈေးဆိုင်ခန်း #နိုင်ငံတော်ပိုင်ဈေးဖြစ်ရေး #ဆန္ဒပြ

Zawgyi

ေက်ာက္စိမ္းဘုရားေစ်းဆုိင္ခန္းေတြကို စည္ပင္သာယာေစ်းအၿဖစ္ ေဆာင္ရြက္ေပးဖို႔ ဆႏၵျပ

အမရပူရ၊ေဖေဖာ္ဝါရီ ၆-၂၀၂၀
ေမာင္တာရာ(VOM)

မႏၲေလးၿမဳိ႕၊ အမရပူရၿမဳိ႕နယ္၊ ဆင္ရြာ/ျမင္းမွဴးေက်းရြာအနီးရိွ ေဝေရာစန ေက်ာက္စိမ္းေစတီေတာ္ ပတ္ဝန္းက်င္မွာ ဖြင့္လွစ္ေရာင္းခ်ေနတဲ့ ေစ်းဆုိင္ခန္းေတြကုိ ႏုိင္ငံေတာ္ပုိင္ စည္ပင္သာယာေစ်းအၿဖစ္ အျမန္ဆုံးေဆာင္ရြက္ေပးဖို႔အတြက္ ဒီကေန႔ေန႔လယ္ပိုင္းက ေစ်းသူ၊ေစ်းသားေတြအပါအဝင္ လူ ၂၀ ေက်ာ္က ဆႏၵျပခဲ့ၾကပါတယ္။

”ခရုိနီသူေဌးတစ္ဦးက စနစ္တက် စီမံၿပီးေတာ့မွ ဥပေဒမဲ့ႏုိင္ငံေတာ္ကုိ အခြန္မေဆာင္၊ ႏုိင္ငံေတာ္ကုိ ခြင့္ျပဳခ်က္မတင္ဘဲနဲ႕ ျပည္သူေတြကုိ ဆုိင္ခန္းေတြေဆာက္ၿပီးေတာ့မွ၊ ဘုရားကုိအမီွျပဳျပီးေတာ့မွ စီးပြားရွာေနတဲ့ဟာက ႏုိင္ငံေတာ္အတြက္ အက်ဳိးမရွိတဲ့ရလာဘ္ေတြ ျမင္တဲ့အတြက္ ျပည္သူေတြလည္း အဆင္ေျပေအာင္၊ သာသနာလည္းမညဳိးႏြမ္းေအာင္၊ ဒီေစ်းႀကီးကုိလည္း စည္ပင္ပုိင္၊ႏုိင္ငံေတာ္ပုိင္ အခြန္ရတဲ့ ေစ်းႀကီးျဖစ္ေအာင္၊ ဒီဘုရားကုိ ႏုိင္ငံေတာ္ကေန စီမံကြပ္ကဲအုပ္ခ်ဳပ္ျပီးေတာ့မွ တိက်မွန္ကန္တဲ့ ေစ်းတန္းျဖစ္ေရးကုိ ကြ်န္ေတာ္တုိ႔က ေတာင္းဆုိျခင္းျဖစ္ပါတယ္”လို႔ ဦးေဆာင္ဆႏၵထုတ္ေဖာ္သူ ဦးေလးႏုိင္က ေျပာပါတယ္။

ဆႏၵထုတ္ေဖာ္ရာလမ္းတစ္ေလွ်ာက္မွာေတာ့ ဘုရားႀကီးေစ်းဆုိင္ခန္းေတြအား တရားဥပေဒစုိးမုိးေရး -ဒုိ႕ အေရး၊ ႏုိင္ငံေတာ္စည္ပင္သာယာေစ်း အျမန္ဆုံးေဆာင္ရြက္ေပးေရး -ဒုိ႕အေရး ၊ႏုိင္ငံေတာ္ပုိင္လွ်ပ္စစ္မီးကုိ ဥပေဒမဲ့ ေရာင္းခ်ေနမႈအား ဥပေဒအရထိထိေရာက္ေရာက္ အေရးယူေပးေရး-ဒုိ႕အေရး စတဲ့ ဗီႏုိင္းပုိစတာေတြကုိင္ၿပီး ေႀကြးေႀကာ္ဆႏၵျပခဲ့ၾကတာ ၿဖစ္ပါတယ္။

”အခုက ေက်ာက္စိမ္းဘုရား ေဂါပကအဖြဲ႕ကုိ ျပတာလည္းမဟုတ္ပါဘူး။ သူတုိ႕က တက္လမ္းကုမၸဏီေစ်းကုိျပတာ။ ဒီေစ်းက ဘုရားနားမွာရွိတဲ့ေစ်းမုိ႔ ေက်ာက္စိမ္းဘုရားေစ်းလုိ႔ ေခၚေနႀကတာပါ “ဟု ေက်ာက္စိမ္းဘုရားေဂါပကအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

အဲဒီဆႏၵျပမႈကုိ ေဝေရာစန ေက်ာက္စိမ္းေစတီေတာ္ အဝင္ေပါက္ေနရာမွာ စုရပ္ျပဳလုပ္ၿပီး ေဝေရာစန ေက်ာက္စိမ္းေစတီကုိ တပတ္ပတ္ကာ စီတန္းလွည့္လည္ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #အမရပူရ #ေက်ာက္စိမ္းေစတီေစ်းဆိုင္ခန္း #နိုင္ငံေတာ္ပိုင္ေစ်းျဖစ္ေရး #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW