ရမ်းဗြဲမြို့နယ် NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူးကို အေအေဖမ်းဆီး

ရမ်းဗြဲမြို့နယ် NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူးကို အေအေဖမ်းဆီး

ရမ်းဗြဲ၊ ဖေဖော်ဝါရီ ၉ – ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင် ဘဏ္ဍာရေးမှူ း ဦးဇေယျာမင်းကို အေအေအဖွဲ့ဝင်တချို့က မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီလောက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါတယ်။

အေအေအဖွဲ့ရဲ့ ဖမ်းဆီခေါ်ဆောင်ခံရသူ ဦးဇေယျာမင်းဟာ ညီအစ်ကို ဝမ်းကွဲတော်စပ်သူနဲ့အတူ သစ်စက်လုပ်ပြီး ပြန်အလာမှာ ရမ်းဗြဲမြို့နဲ့ ၁၀ မိုင်လောက်ကွာဝေးတဲ့ ကျောက်ဆောက်ရွာနဲ့ ကုလားပုန်းရွာကြားမှာ အဖမ်းခံရတာဖြစ်ကြောင်း ရမ်းဗြဲမြို့နယ် NLD အတွင်းရေးမှူ း ဦးခင်ရီ ကပြောပါတယ်။

” သတင်းက မနေ့က ညနေ ၈ နာရီလောက်မှ သတင်းရတာ။ ၆ နာရီလောက်မှာ ဖမ်းသွားတာ။ ကျောက်ဆောက်ရွာနဲ့ ကုလားပုန်းရွာကြား သူကသစ်စက်လုပ်နေတယ်။ ညီကိုနှစ်ယောက်ပြန်လာကြတာ ညီကိုဝမ်းကွဲနဲ့လာတာ။ ယင်းကြားမှာ လက်နက်နဲ့ လူ ၈ ယောက်က လက်နက်နဲ့ တည်ပြီးခေါ်သွားတယ်။ သူ့အစ်ကိုဝမ်းကွဲ ကိုတော့ထားခဲ့တယ်။ ကိုဇောယျာမင်းတစ်ယောက်ကိုပဲ ခေါ်သွာတယ်။” လို့ ဦးခင်ရီ ကပြောပါတယ်။

ရမ်းဗြဲမြို့နယ်ဟာ လက်နက်ကိုင်အဖွဲ့တွေမရှိသလောက်နည်းပြီး ဒေသအေးချမ်းတည်ငြိမ်မှုရှိတဲ့ မြို့နယ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။

ရမ်းဗြဲမြို့နယ် NLD အတွင်းရေးမှူ း ဦးခင်ရီက ” ကျနော်တို့ ရမ်းဗြဲမြို့နယ်ဟာ အင်မတန်မအေးချမ်းတဲ့ နယ်မြေဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့ဆိုလို့ အစိုးရကို ဆန့်ကျင်တာ အေအေတစ်ဖွဲ့ပဲ ရှိတယ်။ အေအေက ဖမ်းသွာတယ်လို့ယူဆတယ်။ “လို့ ပြောပါတယ်။

အခုလိုမျိုး အေအေက ဖမ်းဆီးတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ အမှု သွားရောက်ဖြေရှင်းမည့်အပေါ်ထောက်ခံပွဲလုပ်ခဲ့တာကြောင်း ဖြစ်တယ်လို့သိရပါတယ်။

” ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲလုပ်ကတည်းက သူ့ကို ဖုန်းနဲ့ခြိမ်းခြောက် နေတယ်လို့ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ NLD ကပါတီခေါင်းဆောင်ကို ကျနော်တို့ ပါတီခေါင်းဆောင်ကို ထောက်ခံတာကို အပြစ်မြင်ရင်လည်းဘဲ နည်းနည်းနားလည်ခွင့်လွှတ်ပေပြီး စစ်ဆေးမေးမြန်းစရာ ရှိတာစစ်ဆေးပြီး မြန်မြန်ဆန်ဆန်နဲ့ ပြန်လွှတ်ပေးဖို့ တောင်ဆိုချင်တယ်။ ” လို့ ဦးခင်ရီက ပြောပါတယ်။

အခုလိုမျိုး အေအေက ဖမ်းခေါ်သွားတဲ့အပေါ် ဦးဇေယျာမင်းအတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး အေအေပြောရေးဆိုခွင်ရှိသူ ခိုင်သူခကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ICJ မှာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုတာကို သွားရောက်ဖြေရှင်းမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲလုပ်ရန် ပြုလုပ်ခဲ့သူ ဘူးသီးတောင်မြို့နယ် NLD ဥက္ကဌ ဦးရဲသိန်းကို အေအေအဖွဲ့က ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ တပ်မတော်နဲ့တိုက်ပွဲမှာ လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့ပါတယ်။

#voiceofmyanmar #VOM #AA #ရမ်းဗြဲအန်အယ်လ်ဒီဘဏ္ဍာရေးမှူး

Zawgyi

ရမ္းျဗဲၿမိဳ႕နယ္ NLD ပါတီ ဗဟိုအလုပ္မႈေဆာင္အဖြဲ႔ဝင္ ဘ႑ာေရးမွဴးကို ေအေအဖမ္းဆီး

ရမ္းျဗဲ၊ ေဖေဖာ္ဝါရီ ၉ – ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေတာင္ပိုင္း၊ ရမ္းျဗဲၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီအဖြဲ႔ဝင္ ဘ႑ာေရးမွဴ း ဦးေဇယ်ာမင္းကို ေအေအအဖြဲ႔ဝင္တခ်ိဳ႕က မေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ညေန ၆ နာရီေလာက္က ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သတင္းရ႐ွိပါတယ္။

ေအေအအဖြဲ႔ရဲ႕ ဖမ္းဆီေခၚေဆာင္ခံရသူ ဦးေဇယ်ာမင္းဟာ ညီအစ္ကို ဝမ္းကြဲေတာ္စပ္သူနဲ႔အတူ သစ္စက္လုပ္ၿပီး ျပန္အလာမွာ ရမ္းျဗဲၿမိဳ႕နဲ႔ ၁၀ မိုင္ေလာက္ကြာေဝးတဲ့ ေက်ာက္ေဆာက္ရြာနဲ႔ ကုလားပုန္းရြာၾကားမွာ အဖမ္းခံရတာျဖစ္ေၾကာင္း ရမ္းျဗဲၿမိဳ႕နယ္ NLD အတြင္းေရးမွဴ း ဦးခင္ရီ ကေျပာပါတယ္။

” သတင္းက မေန႔က ညေန ၈ နာရီေလာက္မွ သတင္းရတာ။ ၆ နာရီေလာက္မွာ ဖမ္းသြားတာ။ ေက်ာက္ေဆာက္ရြာနဲ႔ ကုလားပုန္းရြာၾကား သူကသစ္စက္လုပ္ေနတယ္။ ညီကိုႏွစ္ေယာက္ျပန္လာၾကတာ ညီကိုဝမ္းကြဲနဲ႔လာတာ။ ယင္းၾကားမွာ လက္နက္နဲ႔ လူ ၈ ေယာက္က လက္နက္နဲ႔ တည္ျပီးေခၚသြားတယ္။ သူ႔အစ္ကိုဝမ္းကြဲ ကိုေတာ့ထားခဲ့တယ္။ ကိုေဇာယ်ာမင္းတစ္ေယာက္ကိုပဲ ေခၚသြာတယ္။” လို႔ ဦးခင္ရီ ကေျပာပါတယ္။

ရမ္းျဗဲၿမိဳ႕နယ္ဟာ လက္နက္ကိုင္အဖြဲ႔ေတြမ႐ွိသေလာက္နည္းၿပီး ေဒသေအးခ်မ္းတည္ၿငိမ္မႈ႐ွိတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္ေၾကာင္း သိရပါတယ္။

ရမ္းျဗဲၿမိဳ႕နယ္ NLD အတြင္းေရးမွဴ း ဦးခင္ရီက ” က်ေနာ္တို႔ ရမ္းျဗဲၿမိဳ႕နယ္ဟာ အင္မတန္မေအးခ်မ္းတဲ့ နယ္ေျမျဖစ္တယ္။ ရခိုင္ျပည္နယ္မွာ လက္နက္ကိုင္အဖြဲ႔ဆိုလို႔ အစိုးရကို ဆန္႔က်င္တာ ေအေအတစ္ဖြဲ႔ပဲ ႐ွိတယ္။ ေအေအက ဖမ္းသြာတယ္လို႔ယူဆတယ္။ “လို႔ ေျပာပါတယ္။

အခုလိုမ်ိဳး ေအေအက ဖမ္းဆီးတာဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ICJ အမႈ သြားေရာက္ေျဖ႐ွင္းမည့္အေပၚေထာက္ခံပြဲလုပ္ခဲ့တာေၾကာင္း ျဖစ္တယ္လို႔သိရပါတယ္။

” ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံပြဲလုပ္ကတည္းက သူ႔ကို ဖုန္းနဲ႔ၿခိမ္းေျခာက္ ေနတယ္လို႔ေျပာတယ္။ ေဒၚေအာင္ဆန္းစုၾကည္က က်ေနာ္တို႔ NLD ကပါတီေခါင္းေဆာင္ကို က်ေနာ္တို႔ ပါတီေခါင္းေဆာင္ကို ေထာက္ခံတာကို အျပစ္ျမင္ရင္လည္းဘဲ နည္းနည္းနားလည္ခြင့္လႊတ္ေပၿပီး စစ္ေဆးေမးျမန္းစရာ ႐ွိတာစစ္ေဆးၿပီး ျမန္ျမန္ဆန္ဆန္နဲ႔ ျပန္လႊတ္ေပးဖို႔ ေတာင္ဆိုခ်င္တယ္။ ” လို႔ ဦးခင္ရီက ေျပာပါတယ္။

အခုလိုမ်ိဳး ေအေအက ဖမ္းေခၚသြားတဲ့အေပၚ ဦးေဇယ်ာမင္းအတြက္ စိုးရိမ္မႈေတြလည္း ႐ွိေနပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ေအေအေျပာေရးဆိုခြင္႐ွိသူ ခိုင္သူခကို ဆက္သြယ္ေနဆဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကလည္း ICJ မွာလူမ်ိဳးတုံးသတ္ျဖတ္မွုနဲ႔ ဂမ္ဘီယာႏိုင္ငံကတရားစြဲဆိုတာကို သြားေရာက္ေျဖရွင္းမဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံပြဲလုပ္ရန္ ျပဳလုပ္ခဲ႔သူ ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ဥကၠဌ ဦးရဲသိန္းကို ေအေအအဖြဲ႔က ဖမ္းဆီးသြားျပီး ေနာက္ပိုင္းမွာ တပ္မေတာ္နဲ႕တိုက္ပြဲမွာ လက္နက္ၾကီးထိမွန္လို႕ ေသဆံုးခဲ႕တယ္လို႕ ေအေအက ထုတ္ျပန္ခဲ႕ပါတယ္။

#voiceofmyanmar #VOM #AA #ရမ္းျဗဲအန္အယ္လ္ဒီဘ႑ာေရးမွဴး

Related posts

Leave a Comment

VOM News

FREE
VIEW