ဘူးသီးတောင်မှာ လက်နက်ကြီကျည်ကြောင့် ဒဏ်ရာရတဲ့ ကျောင်းသား(၂၁)ဦးကို စကခ ၁၅ ကခေါ်ဆောင်ထား

ဘူးသီးတောင်မှာ လက်နက်ကြီကျည်ကြောင့် ဒဏ်ရာရတဲ့ ကျောင်းသား(၂၁)ဦးကို စကခ ၁၅ ကခေါ်ဆောင်ထား

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁၃ – ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ကာ ခမွီချောင်းကျေးရွာက ကျောင်းသား ၁၁ မူလတန်းကျောင်းသား (၂၁)ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ ဒဏ်ရာရရှိသွားတဲ့ ကျောင်းသား ၂၁ ယောက်ကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ချိန် လမ်းခုလတ်မှာ ဘူးသီးတောင် စကခ ၁၅(ဘူးသီးတောင် စစ်ဗျူဟာကွပ်ကဲရေးဌာနချုပ်)က ခေါ်ဆောင်ထားတယ်လို့ ကြားသိရပါတယ်။

” ခမွီချောင်းမှာ မနက် ၉ နာရီက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ရင်းဖြစ်ရင်း ၉ လောက်နာရီလောက်မှာ ဖြစ်တဲ့ တိုက်ပွဲက ပြီးသွားတယ်။ စာသင်ကျောင်းမှာ ကျောင်းသားတွေကျောင်းတက်နေတယ်။ ၁၀ နာရီလောက်မှာ အမြောက် လက်နက်ကြီးကျည်က ကျောင်းကို လာကျတယ်လို့ပြောတယ်။ ကလေး ၂၁ ယောက်ဒဏ်ရာရတယ်၊ အဲ့ဒီရွာ ဘူးသီးတောင်ကို သတင်းပို့တယ်။” လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

အဲ့ဒီ ခမွီချောင်းရွာက ဘူးသီးတောင်ကို ဆက်သွယ်ချက်အရ ဘူးသီးတောင်မြို့က ကူညီမယ့်သူတွေစောင့်နေပြီး ဒဏ်ရာရရှိတဲ့ ကလေး ၂၁ ယောက်ကို တပ်မတော်ဖက်က ခေါ်ဆောင်ထားတဲ့အတွက် မရောက်နိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

” ဘူးသီးတောင်ကို အဲ့ဒီရွာကသတင်းပို့တယ်၊ ၂၁ ယောက် ဒဏ်ရာရတယ်လို့ပို့တယ်။ ဒါကြောင့် ဘူးသီးတောင်ကလူတွေ ဆေးရုံကစောင့်ပြီး ကုသမှုတွေလုပ်ဖို့ အဆင်သင့် စောင့်နေကြတယ်။ အလာမှာ စကခ ၁၅ ကိုဖြတ်ရတယ်။ အဲ့ဒီလူတွေကို စကခ ၁၅ကခေါ်သွားတယ်လို့ ပြောတယ်။” လို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အတည်ပြုနိုင်ဖို့ တပ်မတော်နဲ့ အေအေပြောခွင့်ရ ပုဂ္ဂိုလ်တွေကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #ကျည်ထိကျောင်းသား #တပ်မတော်ကခေါ်သွား

Zawgyi

ဘူးသီးေတာင္မွာ လက္နက္ႀကီက်ည္ေၾကာင့္ ဒဏ္ရာရတဲ႔ ေက်ာင္းသား(၂၁)ဦးကို စကခ ၁၅ ကေခၚေဆာင္ထား

ဘူးသီးေတာင္၊ ေဖေဖာ္ဝါရီ ၁၃ – ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာခ႐ိုင္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ဒီကေန႔မနက္ပိုင္းက တိုက္ပြဲျဖစ္ၿပီး စာသင္ေက်ာင္းအတြင္း လက္နက္ႀကီးက်ည္က်ေရာက္ကာ ခမီြေခ်ာင္းေက်းရြာက ေက်ာင္းသား ၁၁ မူလတန္းေက်ာင္းသား (၂၁)ဦးဒဏ္ရာရ႐ွိသြားတယ္လုိ႔ သိရပါတယ္။

အဲ႔ဒီ ဒဏ္ရာရ႐ွိသြားတဲ႔ ေက်ာင္းသား ၂၁ ေယာက္ကို ဘူးသီးေတာင္ေဆးရံုကို ပို႔ေဆာင္ခ်ိန္ လမ္းခုလတ္မွာ ဘူးသီးေတာင္ စကခ ၁၅(ဘူးသီးေတာင္ စစ္ဗ်ဴဟာကြပ္ကဲေရးဌာနခ်ဳပ္)က ေခၚေဆာင္ထားတယ္လုိ႔ ၾကားသိရပါတယ္။

” ခမီြေခ်ာင္းမွာ မနက္ ၉ နာရီက တိုက္ပြဲျဖစ္တယ္။ တိုက္ပြဲျဖစ္ရင္းျဖစ္ရင္း ၉ ေလာက္နာရီေလာက္မွာ ျဖစ္တဲ႔ တိုက္ပြဲက ၿပီးသြားတယ္။ စာသင္ေက်ာင္းမွာ ေက်ာင္းသားေတြေက်ာင္းတက္ေနတယ္။ ၁၀ နာရီေလာက္မွာ အေျမာက္ လက္နက္ႀကီးက်ည္က ေက်ာင္းကို လာက်တယ္လို႔ေျပာတယ္။ ကေလး ၂၁ ေယာက္ဒဏ္ရာရတယ္၊ အဲ႔ဒီရြာ ဘူးသီးေတာင္ကို သတင္းပို႔တယ္။” လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

အဲ႔ဒီ ခမီြေခ်ာင္းရြာက ဘူးသီးေတာင္ကို ဆက္သြယ္ခ်က္အရ ဘူးသီးေတာင္ျမိဳ႕က ကူညီမယ့္သူေတြေစာင့္ေနၿပီး ဒဏ္ရာရ႐ွိတဲ႔ ကေလး ၂၁ ေယာက္ကို တပ္မေတာ္ဖက္က ေခၚေဆာင္ထားတဲ့အတြက္ မေရာက္ႏိုင္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။

” ဘူးသီးေတာင္ကို အဲ႔ဒီရြာကသတင္းပို႔တယ္၊ ၂၁ ေယာက္ ဒဏ္ရာရတယ္လို႔ပို႔တယ္။ ဒါေၾကာင့္ ဘူးသီးေတာင္ကလူေတြ ေဆးရံုကေစာင့္ၿပီး ကုသမႈေတြလုပ္ဖို႔ အဆင္သင့္ ေစာင့္ေနၾကတယ္။ အလာမွာ စကခ ၁၅ ကိုျဖတ္ရတယ္။ အဲ႔ဒီလူေတြကို စကခ ၁၅ကေခၚသြားတယ္လို႔ ေျပာတယ္။” လို႔ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး အတည္ျပဳႏိုင္ဖို႔ တပ္မေတာ္နဲ႔ ေအေအေျပာခြင့္ရ ပုဂၢိဳလ္ေတြကို ဆက္သြယ္ေနဆဲျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #က်ည္ထိေက်ာင္းသား #တပ္မေတာ္ကေခၚသြား

Related posts

Leave a Comment

VOM News

FREE
VIEW