လေထုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ အစိုးရဘက်က ထုတ်ပြန်မှုအားနည်းလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပါဝင်နေရခြင်းဖြစ်

လေထုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ အစိုးရဘက်က ထုတ်ပြန်မှုအားနည်းလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပါဝင်နေရခြင်းဖြစ်

ရန်ကုန် ၊ဖေဖော်ဝါရီ ၁၈-၂၀၂၀
သိင်္ဂီ (VOM)

လေထုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ အစိုးရဖက်က အချိန်နှင့်တပြေးညီထုတ်ပြန်ဖို့ အားနည်းနေတဲ့အတွက် သဘာဝပတ်ဝန်းကျင်အရေးလုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ လေထုညစ်ညမ်းမှုကို ပြည်သူတွေသိအောင် ထုတ်ပြန်ပြောဆိုနေရတာဖြစ်တယ်လို့ လေထုတိုင်းတာရေးအဖွဲ့အချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

“ အစိုးရကဦးဆောင်ပြီး ထုတ်ပြန်ပေးရတာမှန်တယ်။ နိုင်ငံတကာမှာဆိုလည်း ဒိအတိုင်းပဲ၊ အစိုးရ ကပဲထုတ်ပြန်တယ်။ ကျွန်တော်တို့အိမ်နီးနားခြင်း တရုတ် ၊ ထိုင်းဆိုလည်း မြို့နယ်တိုင်းက ထုတ်ပြန်တယ်။ အစိုးရကဦးဆောင်တာဖြစ်လို့ အစိုးရဒေတာအမှန်ဆိုတာလည်း လက်ခံတယ်။ ၂၄ နာရီလုံး အများပြည်သူသိနိုင်မယ့် ထုတ်ပြန်တာမျိုးဖြစ်ရမယ်။ သူက စက္ကန့်တိုင်းမှာ ပြောင်းလဲနေတယ်။ ပတ်ဝန်းကျင် ဆိုးကျိုးကောင်းကျိုးကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးရမယ်။ အစိုးရအနေနဲ့ ဒီထက်ပိုကြပ်ကြပ်မတ်မတ်နဲ့ စနစ်တကျ ထုတ်ပြန်ပေးစေချင်တယ်။ အစိုးရကဖက်က ထုတ်ပြန်မှုအားနည်းလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြည်သူတွေ လေထုကောင်းကျိုးဆိုးကျိုးကို သတိပြုမိလာအောင် ထုတ်ပြန်ပြောဆိုနေတာဖြစ်တယ်။”လို့ ရန်ကုန်လေထုနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ Yangon Air Myanmar ကတွဲဖက်ဦးဆောင်သူ ကိုသက်ပိုင်မျိုးကပြောပါတယ်။

မနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ YCDC တာဝန်ရှိသူတွေက လေထုနဲ့ပတ်သက်ရင် နိုင်ငံတော်က တရားဝင် ဝန်ကြီးဌာနဖြစ်တဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်ကိုသာ အမှန်လို့ ယူဆသင့်ကြောင်း ပြောဆိုမှုအပေါ် အရပ်ဖက်အဖွဲ့အစည်းအချို့ အခုလိုပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

“အရပ်ဖက်အဖွဲ့အစည်းတွေထုတ်ပြန်ချက်ကို အမှားလို့မပြောဘူး၊ ဒါပေမယ့် တရားဝင်နိုင်ငံတော်ကနေ သတ်မှတ်ထားတဲ့ ဝန်ကြီးဌာနကထုတ်ပြန်တာသာ အမှန်လို့ယူဆရတယ် တရားဝင်ကြေငြာထားတာဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကိုတိုင်းတယ်ဆိုတာ ဘယ်အချိန်မှာတိုင်းလဲ ဘယ်လိုဟာတိုင်းလဲ၊ ဘယ်လိုနေရာတိုင်းလဲ။ နေရာတစ်နေရာထဲကို တိုင်းလို့မရပါဘူး။ နေရာအားလုံးကို ဖြန့်ကျက်တိုင်းရပါတယ်။ နေရာတစ်နေရာမှာ အနည်းဆုံး စက်တစ်လုံးဆို ၂၄ နာရီအချိန်ယူပြီးမှ ဒေတာရပါတယ်။ အချိန်တစ်ခုတည်းကိုပြောလို့မရဘူး။ အကုန်လုံးဒေတာယူရမယ်။ ပုံမှန်တိုင်းနေရမယ်။ အဲ့ဒါကိုမှခြုံငုံပြီးမှ ပြောနိုင်မယ်။ မိုးလေဝသက ရာသီဥတုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ပါတယ်။”လို့ YCDC မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှူး ဦးချိုထွန်းအောင်ကပြောပါတယ်။

လေထုညစ်ညမ်းမှုဟာ နှစ်စဉ် မတ်လလောက်မှာ စတင်ဖြစ်ပွားလေ့ရှိပြီး အဲ့ဒီအချိန်ဟာ ပူပြင်းတဲ့ ကာလတွေဖြစ်တဲ့အတွက် လေထဲမှာ အမှုန်အမွှားတွေပိုများလာကာ တချို့ကာလတွေမှာတော့ ဖေဖော်ဝါရီ လလောက်ကတည်းက လေထုညစ်ညမ်းမှုဖြစ်ပေါ်တာလည်းရှိတယ်လို့ သိရပါတယ်။

သစ်ရွက်သစ်ခြောက်တွေကို မီးရှှို့ခြင်း ၊ ပတ်ဝန်းကျင်က အရာဝတ္တုတွေကိုမီးရှို့ခြင်း ၊ စက်ရုံကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ၊ ကားတွေကထွက်တဲ့မီးခိုးငွေ့အပါအဝင် လမ်းပေါ်က ဖုန်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ထွက်ရှိတာတွေဟာ လေထုညစ်ညမ်းမှုကိုဖြစ်စေတယ်လို့သိရပါတယ်။

ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာနတို့ပူးပေါင်းပြီး ရန်ကုန်မြိုတွင်းရှိ နေရာ ၄၀ ကျော်က ပြည်သူတွေကို လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အပြုအမူတွေမလုပ်ဖို့ အသိပညာပေးတာတွေ လုပ်သွားဖို့ရှီတယ်လို့လည်း သိရပါတယ်။

လက်ရှိ ရန်ကုန်လေထုနဲ့ပတ်သက်ပြီး နေ့စဉ်မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လေထုတိုင်းတာမှု ရလဒ်တွေကို လူမှုကွန်ယက်စာမျက်နာကနေ ပြည်သူလူထုသိရှိဖို့ ထုတ်ပြန်ပေးနေတဲ့ Air Quality Yangon အဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလောမှာ မီဒီယာတွေနဲ့တွေ့ဆုံဖြေကြားမှုကို ရပ်ထားတယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ပိုးမွှားတွေပါဝင်နေတဲ့လေထုကို ရှုရှိုက်မိမယ်ဆိုရင်တော့ ကိုယ်ခံအားနည်းတဲ့ နာတာရှည်ရောဂါသည်တွေ၊ ကလေးငယ်တွေ၊ အဆုတ် ၊နှလုံး ၊အသည်း စတဲ့ရောဂါသည်တွေအတွက် စိုးရိမ်ရပြီး ကျန်းမာရေးကောင်းမွန်မှုမရှိဘဲ ကိုယ်ခံအားကောင်းသူတွေအနေနဲ့လည်း ကျန်းမာရေးအရ ထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Photo -မေငယ်
#VOM #voiceeofmyanmar #ရန်ကုန် #လေထုဆိုင်ရာကိစ္စ #အစိုးရ #အရပ်ဖက်အဖွဲ့

Zawgyi

ေလထုနဲ႔ဆိုင္တဲ့ကိစၥရပ္ေတြမွာ အစိုးရဘက္က ထုတ္ျပန္မႈအားနည္းလို႔ အရပ္ဖက္အဖြဲ႔အစည္းေတြက ပါဝင္ေနရျခင္းျဖစ္

ရန္ကုန္ ၊ေဖေဖာ္၀ါရီ ၁၈-၂၀၂၀
သိဂႌ (VOM)

ေလထုနဲ႔ဆုိင္တဲ့ကိစၥရပ္ေတြမွာ အစိုးရဖက္က အခ်ိန္ႏွင့္တေျပးညီထုတ္ျပန္ဖို႔ အားနည္းေနတဲ့အတြက္ သဘာ၀ပတ္၀န္းက်င္အေရးလုပ္ေဆာင္ေနတဲ့ အရပ္ဖက္အဖြဲ႔အစည္းေတြဟာ ေလထုညစ္ညမ္းမႈကို ျပည္သူေတြသိေအာင္ ထုတ္ျပန္ေျပာဆုိေနရတာျဖစ္တယ္လုိ႔ ေလထုတုိင္းတာေရးအဖြဲ႔အခ်ိဳ႕ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“ အစိုးရကဦးေဆာင္ၿပီး ထုတ္ျပန္ေပးရတာမွန္တယ္။ ႏုိင္ငံတကာမွာဆုိလည္း ဒိအတုိင္းပဲ၊ အစိုးရ ကပဲထုတ္ျပန္တယ္။ ကၽြန္ေတာ္တုိ႔အိမ္နီးနားျခင္း တရုတ္ ၊ ထုိင္းဆိုလည္း ၿမိဳ႕နယ္တုိင္းက ထုတ္ျပန္တယ္။ အစိုးရကဦးေဆာင္တာျဖစ္လုိ႔ အစိုးရေဒတာအမွန္ဆိုတာလည္း လက္ခံတယ္။ ၂၄ နာရီလုံး အမ်ားျပည္သူသိႏုိင္မယ့္ ထုတ္ျပန္တာမ်ိဳးျဖစ္ရမယ္။ သူက စကၠန္႔တုိင္းမွာ ေျပာင္းလဲေနတယ္။ ပတ္၀န္းက်င္ ဆုိးက်ိဳးေကာင္းက်ိဳးကို အခ်ိန္နဲ႔တေျပးညီ ထုတ္ျပန္ေပးရမယ္။ အစိုးရအေနနဲ႔ ဒီထက္ပုိၾကပ္ၾကပ္မတ္မတ္နဲ႔ စနစ္တက် ထုတ္ျပန္ေပးေစခ်င္တယ္။ အစိုးရကဖက္က ထုတ္ျပန္မႈအားနည္းလို႔ အရပ္ဖက္အဖြဲ႔အစည္းေတြက ျပည္သူေတြ ေလထုေကာင္းက်ိဳးဆိုးက်ိဳးကို သတိျပဳမိလာေအာင္ ထုတ္ျပန္ေျပာဆိုေနတာျဖစ္တယ္။”လုိ႔ ရန္ကုန္ေလထုနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ေနတဲ့ Yangon Air Myanmar ကတြဲဖက္ဦးေဆာင္သူ ကုိသက္ပုိင္မ်ိဳးကေျပာပါတယ္။

မေန႔ေဖေဖာ္၀ါရီ ၁၈ ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနဲ႔ သတင္းမီဒီယာေတြ႔ဆုံပြဲမွာ YCDC တာ၀န္ရွိသူေတြက ေလထုနဲ႔ပတ္သက္ရင္ ႏုိင္ငံေတာ္က တရား၀င္ ၀န္ႀကီးဌာနျဖစ္တဲ့ မုိးေလ၀သႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ခ်က္ကုိသာ အမွန္လုိ႔ ယူဆသင့္ေၾကာင္း ေျပာဆိုမႈအေပၚ အရပ္ဖက္အဖြဲ႔အစည္းအခ်ို႔႕ အခုလိုေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

“အရပ္ဖက္အဖြဲ႔အစည္းေတြထုတ္ျပန္ခ်က္ကုိ အမွားလို႔မေျပာဘူး၊ ဒါေပမယ့္ တရား၀င္ႏုိင္ငံေတာ္ကေန သတ္မွတ္ထားတဲ့ ၀န္ႀကီးဌာနကထုတ္ျပန္တာသာ အမွန္လို႔ယူဆရတယ္ တရား၀င္ေၾကျငာထားတာျဖစ္ပါတယ္။ ေလထုညစ္ညမ္းမႈကိုတုိင္းတယ္ဆုိတာ ဘယ္အခ်ိန္မွာတုိင္းလဲ ဘယ္လိုဟာတုိင္းလဲ၊ ဘယ္လုိေနရာတုိင္းလဲ။ ေနရာတစ္ေနရာထဲကုိ တုိင္းလို႔မရပါဘူး။ ေနရာအားလုံးကုိ ျဖန္႔က်က္တုိင္းရပါတယ္။ ေနရာတစ္ေနရာမွာ အနည္းဆုံး စက္တစ္လုံးဆို ၂၄ နာရီအခ်ိန္ယူၿပီးမွ ေဒတာရပါတယ္။ အခ်ိန္တစ္ခုတည္းကိုေျပာလုိ႔မရဘူး။ အကုန္လုံးေဒတာယူရမယ္။ ပုံမွန္တုိင္းေနရမယ္။ အဲ့ဒါကုိမွၿခဳံငုံၿပီးမွ ေျပာနုိင္မယ္။ မိုးေလ၀သက ရာသီဥတုနဲ႔ပတ္သက္ၿပီး တရား၀င္ထုတ္ျပန္ပါတယ္။”လို႔ YCDC မွ ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္သန္႔ရွင္းေရးဌာနမွဴး ဦးခ်ိဳထြန္းေအာင္ကေျပာပါတယ္။

ေလထုညစ္ညမ္းမႈဟာ နွစ္စဥ္ မတ္လေလာက္မွာ စတင္ျဖစ္ပြားေလ့ရွိၿပီး အဲ့ဒီအခ်ိန္ဟာ ပူျပင္းတဲ့ ကာလေတြျဖစ္တဲ့အတြက္ ေလထဲမွာ အမွဳန္အမႊားေတြပုိမ်ားလာကာ တခ်ိဳ႕ကာလေတြမွာေတာ့ ေဖေဖာ္၀ါရီ လေလာက္ကတည္းက ေလထုညစ္ညမ္းမႈျဖစ္ေပၚတာလည္းရွိတယ္လုိ႔ သိရပါတယ္။

သစ္ရြက္သစ္ေျခာက္ေတြကို မီးရွိႈ႕ျခင္း ၊ ပတ္၀န္းက်င္က အရာ၀တၱဳေတြကုိမီးရိႈ႕ျခင္း ၊ စက္ရုံကထြက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆုိက္ေတြ၊ ကားေတြကထြက္တဲ့မီးခိုးေငြ႕အပါအ၀င္ လမ္းေပၚက ဖုန္ေတြနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းက ထြက္ရွိတာေတြဟာ ေလထုညစ္ညမ္းမႈကိုျဖစ္ေစတယ္လုိ႔သိရပါတယ္။

ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ သက္ဆုိင္တဲ့၀န္ႀကီးဌာနတို႔ပူးေပါင္းၿပီး ရန္ကုန္ၿမိဳတြင္းရိွ ေနရာ ၄၀ ေက်ာ္က ျပည္သူေတြကို ေလထုညစ္ညမ္းမႈျဖစ္ေစတဲ့ အျပဳအမူေတြမလုပ္ဖို႔ အသိပညာေပးတာေတြ လုပ္သြားဖုိ႔ရွီတယ္လုိ႔လည္း သိရပါတယ္။

လက္ရွိ ရန္ကုန္ေလထုနဲ႔ပတ္သက္ၿပီး ေန႔စဥ္မနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ ေလထုတုိင္းတာမႈ ရလဒ္ေတြကို လူမႈကြန္ယက္စာမ်က္နာကေန ျပည္သူလူထုသိရွိဖို႔ ထုတ္ျပန္ေပးေနတဲ့ Air Quality Yangon အဖြဲ႔ကုိ ဆက္သြယ္ေမးျမန္းရာမွာေတာ့ လတ္တေလာမွာ မီဒီယာေတြနဲ႔ေတြ႔ဆုံေျဖၾကားမႈကို ရပ္ထားတယ္လုိ႔ ျပန္လည္ေျပာဆုိခဲ့ပါတယ္။

ပိုးမႊားေတြပါဝင္ေနတဲ့ေလထုကို ႐ႈ႐ိႈက္မိမယ္ဆိုရင္ေတာ့ ကိုယ္ခံအားနည္းတဲ့ နာတာ႐ွည္ေရာဂါသည္ေတြ၊ ကေလးငယ္ေတြ၊ အဆုတ္ ၊ႏွလုံး ၊အသည္း စတဲ့ေရာဂါသည္ေတြအတြက္ စိုးရိမ္ရၿပီး က်န္းမာေရးေကာင္းမြန္မွဳမရိွဘဲ ကိုယ္ခံအားေကာင္းသူေတြအေနနဲ႔လည္း က်န္းမာေရးအရ ထိခိုက္မႈေတြျဖစ္လာႏိုင္တယ္လုိ႔ သိရပါတယ္။

Photo -ေမငယ္
#VOM #voiceeofmyanmar #ရန္ကုန္ #ေလထုဆိုင္ရာကိစၥ #အစိုးရ #အရပ္ဖက္အဖြဲ႔

Related posts

Leave a Comment

VOM News

FREE
VIEW