VOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ

VOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာက ရွာသားတစ်ဦး ဒီကနေ့မနက် ၈ နာရီခွဲလောက်က နွားကျောင်းသွားရင်း မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်ဆိုတဲ့သတင်းနဲ့ စစ်ရှောင်ပြည်သူတွေသတင်း နောက်တစ်ပုဒ်ကတော့ အေအေနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့်ပဲ ရေလမ်း ကုန်းလမ်းအသွားအလာ ပြတ်တောက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝမြို့မှာ ဆန်နဲ့ဆီတွေပြတ်လပ်နေလို့ နောက်တပတ်ကျော်ရင် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောတဲ့သတင်း။ တတိယ တစ်ပုဒ်ကတော့ ကိုရိုနာဗိုင်းရပ်မဖြစ်ခင်တည်းက ပိတ်ထားတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ကြောင့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ်က ကျေးရွာတွေမှာ ဆိတ်ကုန်သည်နဲ့ မွေးမြူရေး သမားတွေ အရှုံးပေါ်နေတယ်လို့ ဆိတ်မွေးတဲ့သူတွေက ပြောတဲ့ ရုပ်သံသတင်း။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြရွာနားက အင်ခိုင်ဘွမ် တောင်မှာ လိပ်ကျောက်တူးတဲ့သူ ၃၅၀ ကျော်ကို…

Read More

ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း

ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း ၁။ ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြတဲ့သတင်း။ ၂။ မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာစျေးမြေနေရာမှာ အသစ်ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေကို လပိုင်းအတွင်းစတင်ဖို့ရှိတယ်လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် ပြောပြတဲ့သတင်း။ ၃။ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့၀င် (၇) ဦးထဲမှ (၃) ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) နဲ့ ဗိုလ်တထာင်မြို့နယ် တရားရုံးက ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လထပ်ပြီးတော့ချမှတ်ခဲ့တဲ့သတင်း။ ၄။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကား ၃၀၀ကျော်…

Read More

ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်တော့မည်

ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်တော့မည် ဖေဖေါ်ဝါရီ ၁၈-၂၀၂၀ နေလင်း (VOM) အေအေနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် ရေလမ်းကုန်းလမ်းအသွားအလာပြတ်တောက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝမြို့မှာ ဆန်နဲ့ဆီတွေပြတ်လပ်နေလို့ နောက်တပတ်ကျော်ရင် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝဒေသခံတယောက်ပြောပြတာကတော့ “ ကျနော်တို့ ဈေးတွေထဲမှာလည်း ဆန်၊ဆီ ဝယ်ရရှားနေပြီ အရင်ထက်လည်း ၂ဆက်ကျော်တက်တာပါ။ ဒီဇယ်တဂါလံ တသောင်းနဲ့ ဓါတ်ဆီတဂါလံက ၁၂၀၀၀ ပေးဝယ်နေရတယ်။ အိမ်မှာတော့ စားစရာ နောက် ၄ရက်စာလောက်ပဲရှိလို့ ရှာနေရတယ်” လို့ ဆိုပါတယ်။ ဒီကနေ့မှာတော့ ပလက်ဝ အုပ်ချုပ်ရေးအဖွဲ့က ပြည်နယ်အစိုးရကို အကူညီတောင်းနေတယ်လို့လည်း သိရပါတယ်။ ပလက်ဝဒေသခံ မြို့မိမြို့ဖ တဦးက “ ပြတ်တာတော့ ဟုတ်တယ်ဗျ။ ဒီတိုင်းရေရှည်သွားရင် မလွယ်ဘူး၊ ဗိုက်မဝရင် လူတွေဒေါသဖြစ်လာနိုင်တယ်၊ လုမှာယက်မှာကိုစိုးရိမ်နေရပြီ ၊ ဒါ့ကြောင့် သက်ဆိုင်ရာအနေနဲ့ အမြန်ကူညီပေးရင် ဒီပြဿနာ ဖြေရှင်းနိုင်မှာပါ” လို့…

Read More

ဂျပန်မှာ မြန်မာအချင်းချင်း နောက်ကျောဓါးနဲ့ထိုးသတ်သူ အဖမ်းခံရ

ဂျပန်မှာ မြန်မာအချင်းချင်း နောက်ကျောဓါးနဲ့ထိုးသတ်သူ အဖမ်းခံရ တိုကျို၊ ဖေဖော်ဝါရီ-၁၈-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ နည်းပညာအလုပ်သင် သင်တန်းသားတွေအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဓါးနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ ဂျပန်နိုင်ငံအလယ်ပိုင်းရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၈ အရွယ် ကောင်းကျော်ထက်ဆိုသူဟာ ရဲထက်ဇော် အသက် ၂၅ နှစ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီစွန်းစွန်းမှာ နောက်ကျောကိုဓါးနဲ့ထိုးသတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီ မြန်မာနိုင်ငံသားနှစ်ဦးစလုံး ဂျပန်အစိုးရ၏ နည်းပညာဆိုင်ရာ အလုပ်သင်အစီအစဉ်အရ မီအဲစီရင်စု ယော့ကိုင်ချီ မှာရှိတဲ့ သင်္ဘောဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။ တရားခံဖြစ်သူ ကောင်းကျော်ထက်ကို အခင်းဖြစ်ရာနေရာမှ ကီလိုမီတာ ၇၅၀ အကွာရှိ ကုမ္ပဏီရဲ့အဆောင်အနီးမှာ ဖေဖော်ဝါရီ ၁၈ ရက်နံနံပိုင်းက…

Read More

ကိုရိုနာဗိုင်းရပ်စဖြစ်ကတည်းက နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် မွေးမြူရေးသမားတွေ အရှုံးပေါ်

ကိုရိုနာဗိုင်းရပ်စဖြစ်ကတည်းက နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် မွေးမြူရေးသမားတွေ အရှုံးပေါ် ရေစကြို၊ ဖေဖော်ဝါရီ ၁၈-၂၀၂၀ မိုးယံ(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ်အတွင်းက ကျေးရွာတွေမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုရိုနာဗိုင်းရပ်မဖြစ်ခင်တည်းက ပိတ်ထားတဲ့အတွက် ဆိတ်ကုန်သည်နဲ့ မွေးမြူရေးသမားတွေ အရှုံးပေါ်နေတယ်လို့ ရေစကြိုမြို့နယ် ဆိတ်မွေးမြူသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ‟ ဈေးကျတာတော့ ဒီနှစ်မှမဟုတ်ဘူး၊ ၂နှစ်လောက်ရှိနေပြီ။ မြန်မာဆိတ်ကို တရုတ်ကမဝယ်တော့ဘူးဖြစ်နေတယ်၊ ဒီကဆိတ်တွေကို ကုမ္မဏီတွေကဆင်းဝယ်တယ်၊ ဝယ်ပြီးတော့ မူဆယ်ဂိတ်ကပိတ်ထားတော့ လာအိုဂိတ်ဘက်သွားပြီး အဲဒီကနေတစ်ဆင့် လာအိုဆိတ်ဆိုပြီး တရုတ်ဘက်ကို သွင်းရတယ်၊ ဒါကြောင့် ဆိတ်ဈေးကျနေတာ ၂နှစ်လောက်ရှိပြီ”လို့ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာအုပ်စု မြေခဲတောင်ကျေးရွာသား ကိုကျော်မြင့်ကပြောပါတယ်။ လတ်တလောရေစကြိုမြို့နယ်မှာ ဆိတ်တစ်ပေါင်ဝယ်ဈေး (၁၇၀၀)ကျပ်လောက်သာရှိနေပြီး အရင်က တစ်ပါင်ကို (၂၇၀၀)ကျပ်နဲ့ ဆိတ်တစ်ကောင် ပေါင်၈၀ခန့် အချိန်ရမှသာ ပိုင်ရှင်တွေက ရောင်းလေ့ရှိတယ်လို့ သိရပါတယ်။ ‟ဒီနှစ်ရှုံးကြပါတယ် တရုတ်နိုင်ငံကလမ်းပိတ်လို့ပါ ဒီရောဂါတွေဖြစ်မှပိတ်တာမဟုတ်ပါဘူး၊…

Read More

ဘူးသီးတောင်မြို့နယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ဆင်သေပြင်ရွာက ဒေသခံတစ်ဦးသေဆုံး

ဘူးသီးတောင်မြို့နယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ဆင်သေပြင်ရွာက ဒေသခံတစ်ဦးသေဆုံး ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁၈- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ ဘူးသီးတောင်မြို့နယ်မှာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ဆင်သေပြင်ကျေးရွာက ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ ဆင်သေပြင်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် မာမတ်အီနူစ် ဖြစ်ပြီး နွားတွေနဲ့အတူ သွားချိန် လယ်ကွင်းမှာ မိုင်းထိသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” ဘယ်လိုမျိုး ဖြစ်တာလည်းဆိုတော့ မိုင်းဗုံးပေါက်ပြီးတော့ မိုင်းထိသွားတာ။ နွားကျောင်းဖို့သွားတာမှာ မိုင်းထိပြီး သေသွားတာ။ မနက် ၈ နာရီခွဲလောက်မှာ ဖြစ်တာ။ မိုင်းဗုံးပေါက်တော့အသံကြားတယ်။ ဒါကြောင့် ရွာသားတွေက သူ့ကိုသွားယူကြတယ်။ မိုင်းပေါက်တာက လယ်ကွင်းမှာ ပေါက်တာပါ။ ” လို့ အဲ့ဒီဆင်သေပြင်ကျေးရွာမှ ရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီ ဆင်သေပြင်ကျေးရွာသား မာမတ်အီနူစ်ကို ဘူးသီးတောင်မြို့ကို ကျေးရွာသားတွေက…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရစဉ်းစားနေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရစဉ်းစားနေ ပေကျင်း၊ ဖေဖော်ဝါရီ-၁၈-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် မတ်လ ၅ ရက်မှာ စတင်ဖို့စီစဉ်ထားတဲ့ တရုတ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရက စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ညီလာခံအမြဲတမ်းကော်မတီဝင်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆွေးနွေးကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ အမြဲတမ်းကော်မတီဟာ တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှုနဲ့ စားသုံးမှုကိုတားမြစ်ခြင်းအပါအဝင် လူတွေအပေါ် သေစေနိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုကိုဖြစ်ပေါ်စေတဲ့ အလေ့အထတွေကို တားဆီးဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လာမယ့်နှစ်အတွက် မူဝါဒတွေချမှတ်ဖို့အတွက် နှစ်စဉ်ပြုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တရုတ်နိုင်ငံတစ်ဝန်းမှ ကိုယ်စားလှယ် ၃၀၀၀ နီးပါး တက်ရောက်လေ့ရှိပါတယ်။ ၁၉၉၈ ခုနှစ်မှစပြီး ညီလာခံကို မတ်လ ၅ ရက်မှာ ဖွင့်လှစ်လေ့ရှိပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၆၈…

Read More

လေထုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ အစိုးရဘက်က ထုတ်ပြန်မှုအားနည်းလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပါဝင်နေရခြင်းဖြစ်

လေထုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ အစိုးရဘက်က ထုတ်ပြန်မှုအားနည်းလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပါဝင်နေရခြင်းဖြစ် ရန်ကုန် ၊ဖေဖော်ဝါရီ ၁၈-၂၀၂၀ သိင်္ဂီ (VOM) လေထုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ အစိုးရဖက်က အချိန်နှင့်တပြေးညီထုတ်ပြန်ဖို့ အားနည်းနေတဲ့အတွက် သဘာဝပတ်ဝန်းကျင်အရေးလုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ လေထုညစ်ညမ်းမှုကို ပြည်သူတွေသိအောင် ထုတ်ပြန်ပြောဆိုနေရတာဖြစ်တယ်လို့ လေထုတိုင်းတာရေးအဖွဲ့အချို့ရဲ့ပြောပြချက်အရ သိရပါတယ်။ “ အစိုးရကဦးဆောင်ပြီး ထုတ်ပြန်ပေးရတာမှန်တယ်။ နိုင်ငံတကာမှာဆိုလည်း ဒိအတိုင်းပဲ၊ အစိုးရ ကပဲထုတ်ပြန်တယ်။ ကျွန်တော်တို့အိမ်နီးနားခြင်း တရုတ် ၊ ထိုင်းဆိုလည်း မြို့နယ်တိုင်းက ထုတ်ပြန်တယ်။ အစိုးရကဦးဆောင်တာဖြစ်လို့ အစိုးရဒေတာအမှန်ဆိုတာလည်း လက်ခံတယ်။ ၂၄ နာရီလုံး အများပြည်သူသိနိုင်မယ့် ထုတ်ပြန်တာမျိုးဖြစ်ရမယ်။ သူက စက္ကန့်တိုင်းမှာ ပြောင်းလဲနေတယ်။ ပတ်ဝန်းကျင် ဆိုးကျိုးကောင်းကျိုးကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးရမယ်။ အစိုးရအနေနဲ့ ဒီထက်ပိုကြပ်ကြပ်မတ်မတ်နဲ့ စနစ်တကျ ထုတ်ပြန်ပေးစေချင်တယ်။ အစိုးရကဖက်က ထုတ်ပြန်မှုအားနည်းလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြည်သူတွေ လေထုကောင်းကျိုးဆိုးကျိုးကို သတိပြုမိလာအောင် ထုတ်ပြန်ပြောဆိုနေတာဖြစ်တယ်။”လို့ ရန်ကုန်လေထုနဲ့ပတ်သက်ပြီး…

Read More

ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးလို့ အဖမ်းခံရသူတွေကို ခံဝန်ထိုးခိုင်းပြီးပြန်လွှတ်

ငွေပျော်စံပြကျေးရွာအနီး လိပ်ကျောက်တူးလို့ အဖမ်းခံရသူတွေကို ခံဝန်ထိုးခိုင်းပြီးပြန်လွှတ် မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈-၂၀၂၀ ရန်အောင်ထွန်း(VOM) မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာအနီး၊ အင်ခိုင်ဘွမ်တောင်ကနေ လိပ်ကျောက်တူးလို့ အဖမ်းခံရသူ ၃၅၀ ကျော်ကို ခံဝန်ကတိအထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ကချင်ပြည်နယ် သစ်တောဦးစီးဌာနကနေ သိရပါတယ်။ ပြည်နယ်အစိုးရရဲ့ညွှန်ကြားမှုနဲ့ စောင့်ဖမ်းခဲ့တာဖြစ်တဲ့အတွက် တူးယူထားတဲ့ ကျောက်တွေကိုလည်း သိမ်းဆည်းရမိတာမျိုး မရှိဘူးလို့ သိရပါတယ်။ ” ကျွန်တော်တို့က ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို တောင်းခံပါတယ်။ ဝန်ကြီးချုပ်ကြီးက ပညာပေးဆွေးနွေး၊ ဝန်ခံကတိအထိုးခိုင်းပြီး ပြန်လွှတ်လိုက်ပါဆိုလို့ လွှတ်လိုက်ပါပြီဗျ။ နောက်ထပ် ဆက်တူးမယ်ဆိုရင်တော့ ဥပဒေအတိုင်း တင်းတင်းကြပ်ကြပ်လုပ်ရမှာဘဲ ။ ဒီကြားထဲမှာ ပညာပေး ဟောပြောတာတွေ လုပ်အုန်းမှာပါ ။ ဒီနေရာက မြစ်ကြီးနားဘက်ကိုဆင်းတဲ့ ရေထွက်နေရာလည်းဖြစ်တယ် မြေသားလည်းဖြစ်တယ်ဆိုတော့ အခုလို တူးမယ်ဆွမယ်ဆို မိုးရွာရင်မြေသားတွေဟာ အနီးကရွာထဲကို ရေနဲ့အတူ စီးဝင်တာတွေဖြစ်နိုင်တယ်လေ ကျ‌နော်တို့ကတော့ မတူးစေချင်ပါဘူး။ ”…

Read More
VOM News

FREE
VIEW