ကိုရိုနာဗိုင်းရပ်စဖြစ်ကတည်းက နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် မွေးမြူရေးသမားတွေ အရှုံးပေါ်

ကိုရိုနာဗိုင်းရပ်စဖြစ်ကတည်းက နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် မွေးမြူရေးသမားတွေ အရှုံးပေါ်

ရေစကြို၊ ဖေဖော်ဝါရီ ၁၈-၂၀၂၀
မိုးယံ(VOM)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ်အတွင်းက ကျေးရွာတွေမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုရိုနာဗိုင်းရပ်မဖြစ်ခင်တည်းက ပိတ်ထားတဲ့အတွက် ဆိတ်ကုန်သည်နဲ့ မွေးမြူရေးသမားတွေ အရှုံးပေါ်နေတယ်လို့ ရေစကြိုမြို့နယ် ဆိတ်မွေးမြူသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‟ ဈေးကျတာတော့ ဒီနှစ်မှမဟုတ်ဘူး၊ ၂နှစ်လောက်ရှိနေပြီ။ မြန်မာဆိတ်ကို တရုတ်ကမဝယ်တော့ဘူးဖြစ်နေတယ်၊ ဒီကဆိတ်တွေကို ကုမ္မဏီတွေကဆင်းဝယ်တယ်၊ ဝယ်ပြီးတော့ မူဆယ်ဂိတ်ကပိတ်ထားတော့ လာအိုဂိတ်ဘက်သွားပြီး အဲဒီကနေတစ်ဆင့် လာအိုဆိတ်ဆိုပြီး တရုတ်ဘက်ကို သွင်းရတယ်၊ ဒါကြောင့် ဆိတ်ဈေးကျနေတာ ၂နှစ်လောက်ရှိပြီ”လို့ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာအုပ်စု မြေခဲတောင်ကျေးရွာသား ကိုကျော်မြင့်ကပြောပါတယ်။

လတ်တလောရေစကြိုမြို့နယ်မှာ ဆိတ်တစ်ပေါင်ဝယ်ဈေး (၁၇၀၀)ကျပ်လောက်သာရှိနေပြီး အရင်က တစ်ပါင်ကို (၂၇၀၀)ကျပ်နဲ့ ဆိတ်တစ်ကောင် ပေါင်၈၀ခန့် အချိန်ရမှသာ ပိုင်ရှင်တွေက ရောင်းလေ့ရှိတယ်လို့ သိရပါတယ်။

‟ဒီနှစ်ရှုံးကြပါတယ် တရုတ်နိုင်ငံကလမ်းပိတ်လို့ပါ ဒီရောဂါတွေဖြစ်မှပိတ်တာမဟုတ်ပါဘူး၊ ဒီ့အရင်တည်းကပိတ်တာပါ၊ တရုတ်တွေက မြန်မာနိုင်ငံမှာ အရင်က(၁၀)ကျပ်တန်တာကို (၁)ကျပ်နဲ့ရတယ် အခုနိုင်ငံတော်အစိုးရလက်ထက်မှာ အဲဒီလိုမရတော့ ညစ်ပတ်တာပေါ့၊ အရင်က ကုမ္ပဏီကိုချမပေးဘူး၊ ခိုးသွားရတဲ့အခါ ၁၀၅မိုင်ဂိတ် ၊ ၁၆မိုင်ဂိတ်၊ ရေပူစခန်းဂိတ်တွေကိုပေးသွားရပါတယ်။ အခု ကုမ္ပဏီတွေချပေးတဲ့အခါ သွားရလာရတာ အဆင်ပြေလာတယ်၊ အဖမ်းအဆီးမရှိတော့ဘူး၊ အရင်တုန်းကလောက် မပေးရတော့ဘူး၊ တရုတ်ပြည်က မူဆယ်လမ်းပိတ်လိုက်တော့ ဆိတ်တွေနွားတွေသောင်တင်နေရော၊ အခုတော့ လာအိုနိုင်ငံလှည့်သွင်းရတယ်၊ မူဆယ်မှာလာဝယ်တဲ့တရုတ်တွေဘဲ လာအိုမှာလာဝယ်ကြတာပါ”လို့ မြေခဲတောင်ကျေးရွာသား ကိုကျော်မြင့်ကဆက်ပြီးပြောပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဆိတ်ကုန်သည်ဖြစ်တဲ့ ကိုအားရီမိုမိုကို ဆက်သွယ်မေးမြန်းရာမှာတော့ ‟တရုတ်တွေက ဗမာပြည်အထိဆင်းဝယ်တာရှိတယ်၊ ကျွန်တော်တို့က သူတို့ဘက်သွားရောင်းမယ်ဆိုရင် ဖမ်းတာဆီးတာရှိတယ်၊ ဥပမာ တိရစ္ဆာန်မပြောနဲ့ လူတောင်မှဖမ်းတယ် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘိန်း၊ မူးယစ်ဆေးဝါးမိတယ်ဆိုရင် ဖမ်းပါ၊ အခုဟာက လူကိုဆီးစစ်တယ် ဘာမှမမိဘဲ လူကိုပါဖမ်းတယ်၊ ကျွန်တော်တို့ ဗမာနိုင်ငံသားတွေအတွက် တအား အားနည်းပါတယ်၊ သူတို့ဘက်ကတော့ တရားဝင်လုပ်တယ်၊ ကျွန်တော်တို့က သူတို့ဘက်ဝင်ပြီဆိုရင် တရားဝင်မဟုတ်ဘူး၊ အဲလိုဖြစ်နေတာ တစ်နှစ်နီးပါးလောက်ရှိပါပြီ”လို့ ပြောပြပါတယ်။

တရုတ်နိုင်ငံကနေ မြန်မာဆိတ်တွေကိုဝယ်ယူစေဖို့နဲ့ မူဆယ်ဂိတ်ကို ပြန်ဖွင့်ပေးတာကို ဆိတ်မွေးမြူရေးသမားတွေက လိုလားနေကြတာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရေစကြို #ဆိတ်မွေးမြူရေး #မူဆယ်ဂိတ်ပိတ် #အရံှုးပေါ်

Zawgyi

ကို႐ိုနာဗိုင္းရပ္စျဖစ္ကတည္းက နယ္စပ္ဂိတ္ ပိတ္ထားတဲ့အတြက္ ေမြးျမဴေရးသမားေတြ အရႈံးေပၚ

ေရစႀကိဳ၊ ေဖေဖာ္ဝါရီ ၁၈-၂၀၂၀
မိုးယံ(VOM)

မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳနယ္အတြင္းက ေက်း႐ြာေတြမွာ မူဆယ္နယ္စပ္ကုန္သြယ္ေရးဂိတ္ကို ကို႐ိုနာဗိုင္းရပ္မျဖစ္ခင္တည္းက ပိတ္ထားတဲ့အတြက္ ဆိတ္ကုန္သည္နဲ႔ ေမြးျမဴေရးသမားေတြ အရႈံးေပၚေနတယ္လုိ႔ ေရစႀကိဳၿမိဳ႕နယ္ ဆိတ္ေမြးျမဴသူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

‟ ေစ်းက်တာေတာ့ ဒီႏွစ္မွမဟုတ္ဘူး၊ ၂ႏွစ္ေလာက္ရွိေနၿပီ။ ျမန္မာဆိတ္ကို တ႐ုတ္ကမဝယ္ေတာ့ဘူးျဖစ္ေနတယ္၊ ဒီကဆိတ္ေတြကို ကုမၼဏီေတြကဆင္းဝယ္တယ္၊ ဝယ္ၿပီးေတာ့ မူဆယ္ဂိတ္ကပိတ္ထားေတာ့ လာအိုဂိတ္ဘက္သြားၿပီး အဲဒီကေနတစ္ဆင့္ လာအိုဆိတ္ဆိုၿပီး တ႐ုတ္ဘက္ကို သြင္းရတယ္၊ ဒါေၾကာင့္ ဆိတ္ေစ်းက်ေနတာ ၂ႏွစ္ေလာက္ရွိၿပီ”လို႔ ေရစႀကိဳၿမိဳ႕နယ္၊ ကိုင္းမႀကီးေက်း႐ြာအုပ္စု ေျမခဲေတာင္ေက်း႐ြာသား ကိုေက်ာ္ျမင့္ကေျပာပါတယ္။

လတ္တေလာေရစႀကိဳၿမိဳ႕နယ္မွာ ဆိတ္တစ္ေပါင္ဝယ္ေစ်း (၁၇၀၀)က်ပ္ေလာက္သာရွိေနၿပီး အရင္က တစ္ပါင္ကို (၂၇၀၀)က်ပ္နဲ႔ ဆိတ္တစ္ေကာင္ ေပါင္၈၀ခန္႔ အခ်ိန္ရမွသာ ပိုင္ရွင္ေတြက ေရာင္းေလ့ရွိတယ္လုိ႔ သိရပါတယ္။

‟ဒီႏွစ္ရႈံးၾကပါတယ္ တ႐ုတ္ႏိုင္ငံကလမ္းပိတ္လို႔ပါ ဒီေရာဂါေတြျဖစ္မွပိတ္တာမဟုတ္ပါဘူး၊ ဒီ့အရင္တည္းကပိတ္တာပါ၊ တ႐ုတ္ေတြက ျမန္မာႏိုင္ငံမွာ အရင္က(၁၀)က်ပ္တန္တာကို (၁)က်ပ္နဲ႔ရတယ္ အခုႏိုင္ငံေတာ္အစိုးရလက္ထက္မွာ အဲဒီလိုမရေတာ့ ညစ္ပတ္တာေပါ့၊ အရင္က ကုမၸဏီကိုခ်မေပးဘူး၊ ခိုးသြားရတဲ့အခါ ၁၀၅မိုင္ဂိတ္ ၊ ၁၆မိုင္ဂိတ္၊ ေရပူစခန္းဂိတ္ေတြကိုေပးသြားရပါတယ္။ အခု ကုမၸဏီေတြခ်ေပးတဲ့အခါ သြားရလာရတာ အဆင္ေျပလာတယ္၊ အဖမ္းအဆီးမရွိေတာ့ဘူး၊ အရင္တုန္းကေလာက္ မေပးရေတာ့ဘူး၊ တ႐ုတ္ျပည္က မူဆယ္လမ္းပိတ္လိုက္ေတာ့ ဆိတ္ေတြႏြားေတြေသာင္တင္ေနေရာ၊ အခုေတာ့ လာအိုႏိုင္ငံလွည့္သြင္းရတယ္၊ မူဆယ္မွာလာဝယ္တဲ့တ႐ုတ္ေတြဘဲ လာအိုမွာလာဝယ္ၾကတာပါ”လို႔ ေျမခဲေတာင္ေက်း႐ြာသား ကိုေက်ာ္ျမင့္ကဆက္ၿပီးေျပာပါတယ္။

မူဆယ္နယ္စပ္ကုန္သြယ္ေရးဂိတ္မွ ဆိတ္ကုန္သည္ျဖစ္တဲ့ ကိုအားရီမိုမိုကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ‟တ႐ုတ္ေတြက ဗမာျပည္အထိဆင္းဝယ္တာရွိတယ္၊ ကၽြန္ေတာ္တို႔က သူတို႔ဘက္သြားေရာင္းမယ္ဆိုရင္ ဖမ္းတာဆီးတာရွိတယ္၊ ဥပမာ တိရစာၦန္မေျပာနဲ႔ လူေတာင္မွဖမ္းတယ္ ကၽြန္ေတာ္တို႔ကိုယ္ေပၚမွာ ဘိန္း၊ မူးယစ္ေဆးဝါးမိတယ္ဆိုရင္ ဖမ္းပါ၊ အခုဟာက လူကိုဆီးစစ္တယ္ ဘာမွမမိဘဲ လူကိုပါဖမ္းတယ္၊ ကၽြန္ေတာ္တို႔ ဗမာႏိုင္ငံသားေတြအတြက္ တအား အားနည္းပါတယ္၊ သူတို႔ဘက္ကေတာ့ တရားဝင္လုပ္တယ္၊ ကၽြန္ေတာ္တို႔က သူတို႔ဘက္ဝင္ၿပီဆိုရင္ တရားဝင္မဟုတ္ဘူး၊ အဲလိုျဖစ္ေနတာ တစ္ႏွစ္နီးပါးေလာက္ရွိပါၿပီ”လုိ႔ ေျပာျပပါတယ္။

တ႐ုတ္ႏိုင္ငံကေန ျမန္မာဆိတ္ေတြကိုဝယ္ယူေစဖို႔နဲ႔ မူဆယ္ဂိတ္ကို ျပန္ဖြင့္ေပးတာကုိ ဆိတ္ေမြးျမဴေရးသမားေတြက လိုလားေနၾကတာလည္း ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေရစႀကိဳ #ဆိတ္ေမြးျမဴေရး #မူဆယ္ဂိတ္ပိတ္ #အရံွဳးေပၚ

Related posts

Leave a Comment

VOM News

FREE
VIEW