ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရစဉ်းစားနေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရစဉ်းစားနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၁၈-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် မတ်လ ၅ ရက်မှာ စတင်ဖို့စီစဉ်ထားတဲ့ တရုတ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရက စဉ်းစားနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ညီလာခံအမြဲတမ်းကော်မတီဝင်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆွေးနွေးကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

အမြဲတမ်းကော်မတီဟာ တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှုနဲ့ စားသုံးမှုကိုတားမြစ်ခြင်းအပါအဝင် လူတွေအပေါ် သေစေနိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုကိုဖြစ်ပေါ်စေတဲ့ အလေ့အထတွေကို တားဆီးဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

လာမယ့်နှစ်အတွက် မူဝါဒတွေချမှတ်ဖို့အတွက် နှစ်စဉ်ပြုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တရုတ်နိုင်ငံတစ်ဝန်းမှ ကိုယ်စားလှယ် ၃၀၀၀ နီးပါး တက်ရောက်လေ့ရှိပါတယ်။ ၁၉၉၈ ခုနှစ်မှစပြီး ညီလာခံကို မတ်လ ၅ ရက်မှာ ဖွင့်လှစ်လေ့ရှိပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၆၈ ဦးထိတိုးမြင့်လာပြီး ၇၂၄၃၆ ဦး ရောဂါကူးစက်ခံထားရတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

Ref : NHK
Photo: Kyodo
#voiceofmyanmar #VOM #ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ နိုင္ငံလံုးဆိုင္ရာ ညီလာခံက်င္းပေရး ေရႊ႕ဆိုင္းဖို႔ တရုတ္အစိုးရစဥ္းစားေန

ေပက်င္း၊ ေဖေဖာ္၀ါရီ-၁၈-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာ ကုိရိုနာဗိုင္းရပ္စ္ျဖစ္ပြားေနတာေၾကာင္႔ မတ္လ ၅ ရက္မွာ စတင္ဖို႔စီစဥ္ထားတဲ႔ တရုတ္နိုင္ငံလံုးဆိုင္ရာ ညီလာခံကို ေရႊ႕ဆိုင္းဖို႔ တရုတ္အစိုးရက စဥ္းစားေနပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ျပီး ညီလာခံအျမဲတမ္းေကာ္မတီ၀င္ေတြဟာ ေဖေဖာ္၀ါရီ ၂၄ ရက္မွာ ေဆြးေႏြးၾကမွာျဖစ္တယ္လို႕ တရုတ္နိုင္ငံပိုင္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

အျမဲတမ္းေကာ္မတိီဟာ ေတာရိုင္းတိရိစာၦန္ေရာင္း၀ယ္မႈနဲ႔ စားသံုးမႈကိုတားျမစ္ျခင္းအပါအ၀င္ လူေတြအေပၚ ေသေစနိုင္တဲ႔ ဗုိင္းရပ္စ္ကူးစက္မႈကိုျဖစ္ေပၚေစတဲ႔ အေလ႔အထေတြကို တားဆီးဖို႔နည္းလမ္းေတြကိုလည္း ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

လာမယ္႔နွစ္အတြက္ မူ၀ါဒေတြခ်မွတ္ဖို႔အတြက္ နွစ္စဥ္ျပဳလုပ္တဲ႔ နိုင္ငံလံုးဆိုင္ရာ ညီလာခံကို တရုတ္နုိ္င္ငံတစ္၀န္းမွ ကိုယ္စားလွယ္ ၃၀၀၀ နီးပါး တက္ေရာက္ေလ႔ရိွပါတယ္။ ၁၉၉၈ ခုနွစ္မွစျပီး ညီလာခံကို မတ္လ ၅ ရက္မွာ ဖြင္႔လွစ္ေလ႔ရိွပါတယ္။

လက္ရိွအခ်ိန္ထိ တရုတ္နုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူ ၁၈၆၈ ဦးထိတိုးျမင္႔လာျပီး ၇၂၄၃၆ ဦး ေရာဂါကူးစက္ခံထားရတယ္လို႔ ေဖေဖာ္၀ါရီ ၁၈ ရက္က ထုတ္ျပန္တဲ႔ ကိန္းဂဏန္းေတြမွာ ေဖာ္ျပထားပါတယ္။

Ref : NHK
Photo: Kyodo
#voiceofmyanmar #VOM #ကိုရိုနာဗိုုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW