ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း

၁။ ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြတဲ့သတင်း။

၂။ မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာစျေးမြေနေရာမှာ အသစ်ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေကို လပိုင်းအတွင်းစတင်ဖို့ရှိတယ်လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် ပြောပြတဲ့သတင်း။

၃။ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့၀င် (၇) ဦးထဲမှ (၃) ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) နဲ့ ဗိုလ်တထာင်မြို့နယ် တရားရုံးက ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လထပ်ပြီးတော့ချမှတ်ခဲ့တဲ့သတင်း။

၄။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကား ၃၀၀ကျော် ပိတ်မိနေတာ လေးရက်ခန့်ရှိပြီး ကျောက်တော်မှာ ပလက်ဝက ဒေသခံ ၁၀၀ ကျော် ဘယ်မှသွားမရပဲ ပိတ်မိတဲ့သတင်း။

၅။ ဖေဖော်ဝါရီလ ၁၃ရက် နေ့မနက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမီချောင်းရွာက မူလွန်ကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၂၁ ယောက်ကို ဘယ်နေရာပဲ ရောက်ရောက် အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောတဲ့သတင်း

၆။ မော်တော်ယာဉ်အပိုပစ္စည်း ရောင်းအားတက်လာမှုနဲ့အတူ တဖက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စက်ကနေ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းနေပြီး ပစ္စည်းလိုအပ်ချက်တွေလည်း ရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်အပိုပစ္စည်း လုပ်ငန်းရှင်းများအသင်းက ပြောတဲ့သတင်း။

၇။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ သဇင်ရပ်ကွက် ၊ နယ်မြေ(၂)ထဲက လူနေအိမ်တစ်လုံးကို ဖေဖော်ဝါရီ(၁၅)ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့က သတင်းအရ၀င်ရောက်ရှာဖွေရာကနေ သေနတ်လေးလက် နဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိခဲ့တဲ့သတင်းအပါအဝင် ဗီအိုအမ်ရဲ့ ကိုယ်ပိုင်သတင်းတွေကို ညနေခင်းသတင်းအဖြစ်တင်ဆက်ထားပါတယ်။

#VOM #voiceofmyanmar #ညနေခင်းသတင်း

Zawgyi

ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း

၁။ ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြတဲ့သတင်း။

၂။ မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာစျေးမြေနေရာမှာ အသစ်ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေကို လပိုင်းအတွင်းစတင်ဖို့ရှိတယ်လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်ရဲ့ပြောပြတဲ့သတင်း။

၃။ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့၀င် (၇) ဦးထဲမှ (၃) ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) နဲ့ ဗိုလ်တထာင်မြို့နယ် တရားရုံးက ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လထပ်ပြီးတော့ချမှတ်ခဲ့တဲ့သတင်း။

၄။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကား ၃၀၀ကျော် ပိတ်မိနေတာ လေးရက်ခန့်ရှိပြီး ကျောက်တော်မှာ ပလက်ဝက ဒေသခံ ၁၀၀ ကျော် ဘယ်မှသွားမရပဲ ပိတ်မိတဲ့သတင်း။

၅။ ဖေဖော်ဝါရီလ ၁၃ရက် နေ့မနက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမီချောင်းရွာက မူလွန်ကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၂၁ ယောက်ကို ဘယ်နေရာပဲ ရောက်ရောက် အခက်အခဲ မရှိဘဲ စာမေးပွဲ ဖြေဆိုနိုင်ဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောတဲ့သတင်း

၆။ မော်တော်ယာဉ်အပိုပစ္စည်း ရောင်းအားတက်လာမှုနဲ့အတူ တဖက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စက်ကနေ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းနေပြီး ပစ္စည်းလိုအပ်ချက်တွေလည်း ရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်အပိုပစ္စည်း လုပ်ငန်းရှင်းများအသင်းက ပြောတဲ့သတင်း။

၇။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ သဇင်ရပ်ကွက် ၊ နယ်မြေ(၂)ထဲက လူနေအိမ်တစ်လုံးကို ဖေဖော်ဝါရီ(၁၅)ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့က သတင်းအရ၀င်ရောက်ရှာဖွေရာကနေ သေနတ်လေးလက် နဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိခဲ့တဲ့သတင်းအပါအဝင် ဗီအိုအမ်ရဲ့ ကိုယ်ပိုင်သတင်းတွေကို ညနေခင်းသတင်းအဖြစ်တင်ဆက်ထားပါတယ်။

#VOM #voiceofmyanmar #ညနေခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW