ဘူးသီးတောင်မြို့နယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ဆင်သေပြင်ရွာက ဒေသခံတစ်ဦးသေဆုံး

ဘူးသီးတောင်မြို့နယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ဆင်သေပြင်ရွာက ဒေသခံတစ်ဦးသေဆုံး

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁၈- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ ဘူးသီးတောင်မြို့နယ်မှာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ဆင်သေပြင်ကျေးရွာက ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ ဆင်သေပြင်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် မာမတ်အီနူစ် ဖြစ်ပြီး နွားတွေနဲ့အတူ သွားချိန် လယ်ကွင်းမှာ မိုင်းထိသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” ဘယ်လိုမျိုး ဖြစ်တာလည်းဆိုတော့ မိုင်းဗုံးပေါက်ပြီးတော့ မိုင်းထိသွားတာ။ နွားကျောင်းဖို့သွားတာမှာ မိုင်းထိပြီး သေသွားတာ။ မနက် ၈ နာရီခွဲလောက်မှာ ဖြစ်တာ။ မိုင်းဗုံးပေါက်တော့အသံကြားတယ်။ ဒါကြောင့် ရွာသားတွေက သူ့ကိုသွားယူကြတယ်။ မိုင်းပေါက်တာက လယ်ကွင်းမှာ ပေါက်တာပါ။ ” လို့ အဲ့ဒီဆင်သေပြင်ကျေးရွာမှ ရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီ ဆင်သေပြင်ကျေးရွာသား မာမတ်အီနူစ်ကို ဘူးသီးတောင်မြို့ကို ကျေးရွာသားတွေက သယ်ဆောင်သွားတဲ့အချိန် လမ်းတစ်ဝက်လောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

” ဒဏ်ရာက နှစ်နေရာရသွားတာ။ ခြေထောက်မှာ ဒဏ်ရာရသွားတာ။ ဘူးသီးတောင်ကိုပို့တော့ သွေးထွက်လွန်ပြီး လမ်းတစ်ဝက်လောက်မှာ ဆုံးသွားတယ်။ အခုသူ့ကို မြေမြုပ်ဖို့လုပ်နေကြတယ်။” ဆင်သေပြင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ လယ်ကွင်းနေရာနဲ့ ဆင်သေပြင်ရွာဟာ အကွာအဝေးအားဖြင့် ၅၀ ကီလိုမီတာလောက် ရှိတယ်လို့ သိရပြီး အခုလိုမျိုး မိုင်းပေါက်ကွဲမှုဖြစ်တဲ့အတွက် ကျေးရွာဒေသခံတွေအနေနဲ့ စိုရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ခမွီချောင်းကျေးရွာ မူလတန်းလွန်စာသင်ကျောင်းမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကျောင်းသား (၂၁)ဦး ဒဏ်ရာရရှိကာ ၊ ကျောင်းသား(၄) ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားမှုဟာ အချိန်အားဖြင့် တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့အတွက် တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ မြင့်တက်နေပြီး၊ စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော်နေပြီဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့စာရင်းပြုစုချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #ပေါက်ကွဲမှုဖြစ် #လူတစ်ဦးသေဆုံး

Zawgyi

ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ေပါက္ကြဲမႈတစ္ခုေၾကာင့္ ဆင္ေသျပင္ရြာက ေဒသခံတစ္ဦးေသဆံုး

ဘူးသီးေတာင္၊ ေဖေဖာ္ဝါရီ ၁၈- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသ၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၈ နာရီခြဲေလာက္က မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ၿပီး ဆင္ေသျပင္ေက်းရြာက ေဒသခံတစ္ဦး ေသဆံုးသြားတယ္လုိ႔ သိရပါတယ္။

ေသဆံုးသြားသူဟာ ဆင္ေသျပင္ေက်းရြာသား အသက္ ၆၅ ႏွစ္အရြယ္ မာမတ္အီႏူစ္ ျဖစ္ၿပီး ႏြားေတြနဲ႔အတူ သြားခ်ိန္ လယ္ကြင္းမွာ မိုင္းထိေသဆံုးသြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

” ဘယ္လိုမ်ိဳး ျဖစ္တာလည္းဆိုေတာ့ မိုင္းဗံုးေပါက္ၿပီးေတာ့ မိုင္းထိသြားတာ။ ႏြားေက်ာင္းဖို႔သြားတာမွာ မိုင္းထိၿပီး ေသသြားတာ။ မနက္ ၈ နာရီခြဲေလာက္မွာ ျဖစ္တာ။ မိုင္းဗံုးေပါက္ေတာ့အသံၾကားတယ္။ ဒါေၾကာင့္ ရြာသားေတြက သူ႔ကိုသြားယူၾကတယ္။ မိုင္းေပါက္တာက လယ္ကြင္းမွာ ေပါက္တာပါ။ ” လို႔ အဲ႔ဒီဆင္ေသျပင္ေက်းရြာမွ ရြာသားတစ္ဦးကေျပာပါတယ္။

အဲ႔ဒီ ဆင္ေသျပင္ေက်းရြာသား မာမတ္အီႏူစ္ကို ဘူးသီးေတာင္ျမိဳ႕ကို ေက်းရြာသားေတြက သယ္ေဆာင္သြားတဲ့အခ်ိန္ လမ္းတစ္ဝက္ေလာက္မွာ ေသဆံုးသြားတယ္လုိ႔ သိရပါတယ္။

” ဒဏ္ရာက ႏွစ္ေနရာရသြားတာ။ ေျခေထာက္မွာ ဒဏ္ရာရသြားတာ။ ဘူးသီးေတာင္ကိုပို႔ေတာ့ ေသြးထြက္လြန္ၿပီး လမ္းတစ္ဝက္ေလာက္မွာ ဆံုးသြားတယ္။ အခုသူ႔ကို ေျမျမဳပ္ဖို႔လုပ္ေနၾကတယ္။” ဆင္ေသျပင္ေက်းရြာမွ ေဒသခံတစ္ဦးကေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ႔တဲ႔ လယ္ကြင္းေနရာနဲ႔ ဆင္ေသျပင္ရြာဟာ အကြာအေဝးအားျဖင့္ ၅၀ ကီလိုမီတာေလာက္ ႐ွိတယ္လုိ႔ သိရၿပီး အခုလိုမ်ိဳး မိုင္းေပါက္ကြဲမႈျဖစ္တဲ့အတြက္ ေက်းရြာေဒသခံေတြအေနနဲ႔ စိုရိမ္မႈေတြ႐ွိေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္၊ ခမီြေခ်ာင္းေက်းရြာ မူလတန္းလြန္စာသင္ေက်ာင္းမွာ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီး ေက်ာင္းသား (၂၁)ဦး ဒဏ္ရာရ႐ွိကာ ၊ ေက်ာင္းသား(၄) ေယာက္ ဒဏ္ရာျပင္းထန္ခဲ့တယ္လုိ႔ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္ပြားမႈဟာ အခ်ိန္အားျဖင့္ တစ္ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့အတြက္ တိုက္ပြဲေတြေၾကာင့္ ထိခိုက္ဒဏ္ရာရေသဆံုးမႈေတြ ျမင့္တက္ေနၿပီး၊ စစ္ေဘးေ႐ွာင္ဦးေရ ၁ သိန္းေက်ာ္ေနၿပီျဖစ္တယ္လို႔ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕စာရင္းျပဳစုခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #ေပါက္ကြဲမွဳျဖစ္ #လူတစ္ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW