ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန် ဆေးရုံမှမျက်နှာဖုံး ၆၀၀၀ ခိုးယူခံရ

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန် ဆေးရုံမှမျက်နှာဖုံး ၆၀၀၀ ခိုးယူခံရ

တိုကျို၊ ဖေဖော်ဝါရီ-၁၉-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ရုံမှ ခွဲစိတ်ခန်းမှာ အသုံးပြုတဲ့ မျက်နှာဖုံး ၆၀၀၀ ကို သူခိုးတွေက ခိုးယူသွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် နိုင်ငံအတွင်း မျက်နှာဖုံးရှားပါးပြတ်လပ်မှုနဲ့ ဈေးကြီးမြင့်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘေးမြို့ရှိ ကြက်ခြေနီဆေးရုံ စတိုခန်းက မျက်နှာဖုံးတွေထည့်ထားတဲ့ သေတ္တာလေးခု ပျောက်ဆုံးသွားတယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

မိမိတို့မှာ မျက်နှာဖုံးအများအပြားရှိနေဆဲဖြစ်ပြီး ဆေးရုံမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုဖို့ လုံလောက်ပေမယ့် ဒီလိုခိုးယူခံရတဲ့ဖြစ်စဉ်ဟာ ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူကပြောပါတယ်။

မျက်နှာဖုံးတွေခိုးယူခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကာ သူခိုးတွေဟာ မျက်နှာဖုံးတွေကို ပြန်လည်ရောင်းချဖို့ရွယ်ထားဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိနေတဲ့ တရုတ်နိုင်ငံပြီးရင် ရောဂါကူးစက်မှုအများဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ရောဂါကူးစက်မှုများပြားလာတာနဲ့အမျှ ရောဂါကာကွယ်ရေ မျက်နှာဖုံးတွေ ဝယ်လိုအားမြင့်တက်နေပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကို အလုအယက်ဝယ်ယူနေတာကြောင့် ပစ္စည်းများပြတ်လပ်ရှားပါးမှု ဖြစ်ပေါ်နေတဲ့ ဟောင်ကောင်မှာလည်း ရာပေါင်းများစွာသော အိမ်သာသုံးစက္ကူလိပ်တွေကို လက်နက်ကိုင်ဓါးပြတွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Ref :CNA
Photo: Getty Images
#voiceofmyanmar #VOM #ဂျပန် #ကိုရိုနာဗိုင်းရပ်စ်

Zawgyi

ဂ်ပန္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈျမင္႔တက္ေနခ်ိန္ ေဆးရံုမွမ်က္နွာဖံုး ၆၀၀၀ ခိုးယူခံရ

တိုက်ိဳ၊ ေဖေဖာ္၀ါရီ-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္နိုင္ငံရိွ ေဆးရံုတစ္ရံုမွ ခြဲစိတ္ခန္းမွာ အသံုးျပဳတဲ႔ မ်က္နွာဖံုး ၆၀၀၀ ကို သူခိုးေတြက ခိုးယူသြားပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင္႔ နို္င္ငံအတြင္း မ်က္နွာဖံုးရွားပါးျပတ္လပ္မႈနဲ႔ ေစ်းၾကီးျမင္႔မႈေတြလည္း ျဖစ္ေပၚေနပါတယ္။

ဂ်ပန္နိုင္ငံအေနာက္ပိုင္း ကိုေဘးျမိဳ႕ရိွ ၾကက္ေျခနီေဆးရံု စတိုခန္းက မ်က္နွာဖံုးေတြထည္႔ထားတဲ႔ ေသတၱာေလးခု ေပ်ာက္ဆံုးသြားတယ္လုိ႔ ေဆးရံုတာ၀န္ရိွသူတစ္ဦးက ေဖေဖာ္၀ါရီ ၁၇ ရက္မွာ ေျပာပါတယ္။

မိမိတို႔မွာ မ်က္နွာဖံုးအမ်ားအျပားရိွေနဆဲျဖစ္ျပီး ေဆးရံုမွာ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြအတြက္ အသံုးျပဳဖို႔ လံုေလာက္ေပမယ္႔ ဒီလိုခိုးယူခံရတဲ႔ျဖစ္စဥ္ဟာ ၀မ္းနည္းဖြယ္ျဖစ္တယ္လို႔ ေဆးရံုတာ၀န္ရိွသူကေျပာပါတယ္။

မ်က္နွာဖံုးေတြခိုးယူခံရတာနဲ႔ ပတ္သက္ျပီး ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနကာ သူခိုးေတြဟာ မ်က္နွာဖံုးေတြကို ျပန္လည္ေရာင္းခ်ဖို႔ရြယ္ထားဟန္ရိွေၾကာင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူ ၂၀၀၀ ေက်ာ္ရိွေနတဲ႔ တရုတ္နုိင္ငံျပီးရင္ ေရာဂါကူးစက္မႈအမ်ားဆံုးျဖစ္တဲ႔ ဂ်ပန္နိုင္ငံမွာ ေရာဂါကူးစက္မႈမ်ားျပားလာတာနဲ႔အမွ် ေရာဂါကာကြယ္ေရ မ်က္နွာဖံုးေတြ ၀ယ္လိုအားျမင္႔တက္ေနပါတယ္။

ဒါ႔အျပင္ ကိုရုိနာဗိုင္းရပ္စ္ေၾကာင္႔ ေန႔စဥ္အသံုးအေဆာင္ပစၥည္းေတြကို အလုအယက္၀ယ္ယူေနတာေၾကာင္႔ ပစၥည္းမ်ားျပတ္လပ္ရွားပါးမႈ ျဖစ္ေပၚေနတဲ႔ ေဟာင္ေကာင္မွာလည္း ရာေပါင္းမ်ားစြာေသာ အိမ္သာသံုးစကၠဴလိပ္ေတြကို လက္နက္ကိုင္ဓါးျပေတြက ေဖေဖာ္၀ါရီ ၁၆ ရက္မွာ လုယက္ယူေဆာင္မႈ ျဖစ္ပြားခဲ႔ပါတယ္။

Ref :CNA
Photo: Getty Images
#voiceofmyanmar #VOM #ဂ်ပန္ #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW