လွတ်လပ်ရေး ရပြီးချိန်ကနေ ဒီနေ့ထိ ညီညွတ်ရေး မတည်ဆောက်နိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

လွတ်လပ်ရေး ရပြီးချိန်ကနေ ဒီနေ့ထိ ညီညွတ်ရေး မတည်ဆောက်နိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော ထန်တလန်- ဖေဖော်ဝါရီ ၁၉-၂၀၂၀ ငြိမ်းသူမင်း(VOM) လွတ်လပ်ရေးရပြီးချိန်ကစပြီး ဒီနေ့ထိ ညီညွတ်ရေးကို မတည်ဆောက်နိုင်ကြောင်း နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ ထန်တလန်မြို့မှာကျင်းပမယ့် ချင်းအမျိုးသားနေ့ပွဲကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက ထန်တလန်မြို့တော် ခန်းမ မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲ မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ “လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ ကျွန်မတို့ ညီညွတ်ရေးကို အခုထက်ထိ မတည်ဆောက်နိုင်သေးဘူး။အပြည့်အ၀ မတည်ဆောက်နိုင်သေးဘူး။အတိုင်းအတာ တစ်ခုအထိ တည်ဆောက်လို့ ရတယ်။အပြည့်အ၀ တည်ဆောက်လို့မရဘူး။ဒီလို ညီညွတ်ရေးကို တည်ဆောက်လို့ မရတဲ့ အကြောင်းအရင်းက ဘာလဲ ဆိုတာ တစ်ဦး ခြင်း တစ်ဦး ခြင်း စဉ်းစားစေချင်ပါတယ်” လို့ ပြောပါတယ်။ နိုင်ငံရဲ့ ညီညွတ်ရေး တည်ဆောက်ရတာနဲ့ပတ်သက်လို့…

Read More

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ ဗီအိုအမ်ဆက်သွယ်မေးမြန်းချက်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ ဗီအိုအမ်ဆက်သွယ်မေးမြန်းချက် နေပြည်တော်-ဖေဖေါ်ဝါရီ ၁၉-၂၀၂၀ ကိုထွန်း(VOM) လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲကပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ စစ်တွေကနေ ဘူးသီးတောင်ကို ရဟတ်ယာဉ်နဲ့အသွာားမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတယ်ဆိုတဲ့ ကိစ္စ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို နေပြည်တော်က ဗီအိုအမ်သတင်းထောက် ဦးထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း— ကျနော်တခါတည်း ဒေါက်တာဝင်းမြတ်အေးစီးတဲ့ရဟတ်ယဉ်ရခိုင်မှာ ပစ်ခံရတယ်။ ဒေါက်တာဝင်းမြတ်အေးက စစ်တွေကနေ ဘူးသီးတောင်အသွား ခရီးစဉ်မှာ ပစ်ခံရတာဖြစ်ပါတယ်။ မနက် ၁၀နာရီ ၄၅လောက်မှာပစ်ခံရတာဖြစ်ပါတယ်။ ရဟတ်ယာဉ်ရဲ့ ဝမ်းဗိုက်မှာတချက်ထိပါတယ်။ ဘူးသီးတောင်အောင်မြင်စွာဆင်းသက်နိုင်ပါတယ်။ ပြီးတော့ ဘူးသီးတောင်ကနေ စစ်တွေကို ညနေ ၃နာရီကျော်မှာ ပြန်ရောက် ။ အပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာမရှိပါဘူး။ အေအေကတော့ ပျံသန်းနေတဲ့ရဟတ်ယာဉ်တွေကို မှီမှီမမှီမှီရွာထဲကနေ အမြဲလှမ်းပစ်တတ်ပါတယ်။ တချို့အချိန်တွေဆို ထိတဲ့ခါလည်းရှိသလို မထိတာများပါတယ် ၊အဓိကရွာထဲကနေ လှမ်းလှမ်းပစ်တာပါ။ ဒေါက်တာဝင်းမြတ်အေးဝန်ကြီးချုပ်လည်းပါတယ်လို့သိရပါတယ်။ နောက်တပုဒ်လည်း တဆက်တည်းပြောလိုက်မယ်။ မနေ့ည ၈နာရီခွဲမှာ…

Read More

အိန္ဒိယနိုင်ငံ အင်ဖာမြို့နဲ့ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်းပြေးဆွဲမှု ဧပြီလမှာစတင်တော့မယ်

အိန္ဒိယနိုင်ငံ အင်ဖာမြို့နဲ့ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်းပြေးဆွဲမှု ဧပြီလမှာစတင်တော့မယ် ဒေလီ၊ ဖေဖော်ဝါရီ-၁၉-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ အင်ဖာမြို့နဲ့ မန္တလေးမြို့အကြား အသွားအပြန်ဘတ်စ်ကားပြေးဆွဲမှုကို ဧပြီလမှာ စတင်သွားမယ်လို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အင်န်ဘိုင်ရန်ဆင်းက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်မှာ ဆွေးနွေးမှုအတွင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မန္တလေးနဲ့ အင်ဖာ ဘတ်စ်ကားပြေးဆွဲမှုကို ကနဦးမှာ တစ်ပတ်သုံးကြိမ်သာဖြစ်ပေမယ့် လိုက်ပါစီးနှင်းသူအရေအတွက်ပေါ်မူတည်ပြီး နေ့စဉ်ပြေးဆွဲမှုလည်း ဖြစ်လာနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှုဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။ မန္တလေး-အင်ဖာ ဘတ်စ်ကားလိုင်းပြေးဆွဲမှုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ စမ်းသပ်ပြေးဆွဲခဲ့ဖူးပြီး ပြည်နယ်နဲ့ ဗဟိုအစိုးရ တာဝန်ရှိသူ ၂၇ ဦးပါတဲ့အဖွဲ့ဟာ တမူး၊ ကလေး နဲ့ မုံရွာကနေတစ်ဆင့် မန္တလေးကို ဆက်သွယ်ထားတဲ့…

Read More

မြောက်ဦးမှာ မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီး ရခိုင်လူငယ်တစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံရ မြောက်ဦး၊ ဖေဖော်ဝါရီ ၁၉- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းလောက်က မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီး ဒီကနေ့မနက်ပိုင်းက ရခိုင်လူငယ်တစ်ဦးကို ပေါင်းတုတ်ကျေးရွာသားတွေက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ မနေ့ညက ပေါင်းတုတ်ရွာမှာနေတဲ့ မူဆလင်လူငယ်နှစ်ဦးဟာ အင်တာနက်လိုင်းသုံးဖို့အတွက် ရွာမြောက်ဖက် လိုင်းရတဲ့နေရာကိုသွားတဲ့အချိန် ရခိုင်စကားပြောတဲ့ လူနှစ်ဦးက ဆိုင်ကယ်နှစ်စီးနဲ့ လူငယ်နှစ်ဦးကိုဖမ်းဆီးရာ တစ်ယောက်မှာလွှတ်သွားကာ နောက်တစ်ယောက်ကို ဖမ်းခေါ်သွားခဲ့ပြီး ဒီကနေ့မနက်မှာ အလောင်းကို တွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကို ဆက်သွယ်မေးမြန်းရာမှာတော့” လူနှစ်ယောက်က သူတို့နှစ်ယောက်ကို သတ်တယ်။ တစ်ယောက်က ထွက်ပြေးလို့လွှတ်သွားတယ်။ တစ်ယောက်က ကျန်လိုက်တယ် လို့ကြားတယ်။ ကျန်တဲ့တစ်ယောက်ကို ရွားသားတွေက…

Read More

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းခံရတဲ့ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘယ်ကိစ္စနဲ့ဖမ်းခံရတာလဲ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းခံရတဲ့ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘယ်ကိစ္စနဲ့ဖမ်းခံရတာလဲ ပဲခူး ဖေဖော်ဝါရီ၁၉-၂၀၂၀ မိုးယံ(VOM) လယ်သိမ်းယာသိမ်းမှုတွေ အင်းကိစ္စ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ပဲခူးထောင်မှာ ဖမ်းဆီးခံထားရပါတယ်။ မနေ့ဖေဖော်ဝါရီလ ၁၈ရက် မနက်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အမှတ်(၂) တရားရုံးမှာရုံးထုတ်စစ်ဆေးတဲ့အချိန်မှာတော့ ဦးကျော်မျိုးမင်းက သူဟာ ငွေကြေးယူဆောင်ခဲ့ခြင်းမရှိဘဲ ထောင်ချောက်ဆင်ဖမ်းဆီးခံရတာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောပါတယ်။ ‟ဒီအမှုက ၂၀၁၇ခုနှစ်က ပထမအကြိမ်တိုင်ကြားခဲ့စဉ်က အထမမြောက်လို့ ပိတ်သိမ်းထားပြီးသား အမှုတွဲဖြစ်ပါတယ်။ အဲ့ဒါကို ဦးထွန်းမြင့်ဆိုတဲ့သူက နောက်တစ်ကြိမ်ပြန်လည် တိုင်ကြားတဲ့အမှုကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က စစ်ဆေးပြီးသားအမှုကို ပြန်လည်စစ်ဆေးတာပါ လို့” ရုံးထုတ်မှာပြောခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဦးဆောင်တိုင်ကြားသူ ဦးထွန်းမြင့် (မှုခင်းသတင်းမီဒီယာ)က အခုလိုပြောပါတယ် ‟ကျနော်က သတင်းသမားပါ သတင်းသမားဆိုတော့ အဂတိဆိုတာ ကျော်ဇော် သတင်းဆိုရင်တောင် တိုင်လို့ရပါတယ်။ ၂၀၁၇ခုနှစ်မှာ…

Read More

AAဖမ်းစီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေက ရဲချုပ်ရုံးကိုသွားပြီး တောင်းဆိုမှုပြုလုပ်ခဲ့

AAဖမ်းစီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေက ရဲချုပ်ရုံးကိုသွားပြီး တောင်းဆိုမှုပြုလုပ်ခဲ့ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉-၂၀၂၀ ရှိုင်းအောင် (VOM) နေပြည်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးတာဝန်ရှိသူနဲ့ AAဖမ်းစီးခြင်းခံခဲ့ရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံပြီး တိကျမှန်ကန်တဲ့ သတင်းထုတ်ပြန်ပေးရေးနဲ့ မိသားစုဝင်လစာ ခံစားခွင့်ရရှိရေး စတဲ့အချက်(၂)ချက်ကို တောင်းဆိုခဲ့ပါတယ်။ “ ရွှေနဒီအမြန်ရေယာဉ်ပေါ်မှာ ရဲတပ်ဖွဲ့တွေ ဖမ်းဆီးခြင်းခံရတဲ့ နေ့ကစပြီး ဒီနေ့အချိန်ထိ မိသားစုဝင်တွေကို သတင်းအကျိုးအကြောင်း မရရှိခြင်း၊ ဖမ်းဆီခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ အကျိုးခံစားခွင့်ကိုလည်း ကျန်ရှိနေတဲ့ မိသားစုဝင်တွေ ရှရှိခံစားခွင့်မရှိတဲ့အတွက် နေပြည်တော်ရဲတပ်ဖွဲ့ချုပ်က ရဲချုပ်နဲ့ အခုလို တွေ့ဆုံဆွေးနွေးရတာပါ”လို့ သွားရောက်တွေ့ဆုံတဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေက ပြောပါတယ်။ သွားရောက်တွေ့ဆုံရာမှာ တာဝန်ယူပြောကြားပေးတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကတော့ “ကျွန်တော်တို့ ဌာနဆိုင်ရာအားလုံး အပူတပြင်း အလုပ်လုပ်ပြီး စုံစမ်းညှိနှိုင်းနေတယ်၊ ဖမ်းဆီးခံရတဲ့ ရဲဘော်မပြောနဲ့ ပြင်ပမှာ ပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေကိုတောင် လစာအရင်ဖြတ်တယ်။…

Read More

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန် ဆေးရုံမှမျက်နှာဖုံး ၆၀၀၀ ခိုးယူခံရ

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန် ဆေးရုံမှမျက်နှာဖုံး ၆၀၀၀ ခိုးယူခံရ တိုကျို၊ ဖေဖော်ဝါရီ-၁၉-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ရုံမှ ခွဲစိတ်ခန်းမှာ အသုံးပြုတဲ့ မျက်နှာဖုံး ၆၀၀၀ ကို သူခိုးတွေက ခိုးယူသွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် နိုင်ငံအတွင်း မျက်နှာဖုံးရှားပါးပြတ်လပ်မှုနဲ့ ဈေးကြီးမြင့်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘေးမြို့ရှိ ကြက်ခြေနီဆေးရုံ စတိုခန်းက မျက်နှာဖုံးတွေထည့်ထားတဲ့ သေတ္တာလေးခု ပျောက်ဆုံးသွားတယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ မိမိတို့မှာ မျက်နှာဖုံးအများအပြားရှိနေဆဲဖြစ်ပြီး ဆေးရုံမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုဖို့ လုံလောက်ပေမယ့် ဒီလိုခိုးယူခံရတဲ့ဖြစ်စဉ်ဟာ ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူကပြောပါတယ်။ မျက်နှာဖုံးတွေခိုးယူခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကာ သူခိုးတွေဟာ မျက်နှာဖုံးတွေကို ပြန်လည်ရောင်းချဖို့ရွယ်ထားဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိနေတဲ့ တရုတ်နိုင်ငံပြီးရင် ရောဂါကူးစက်မှုအများဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှာ…

Read More

ဘန်ကောက်မြို့လယ်မှာ အမျိုးသားတစ်ဦးက ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွား

ဘန်ကောက်မြို့လယ်မှာ အမျိုးသားတစ်ဦးက ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွား ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၀ မျိုးဆက် (VOM) ဘန်ကောက်အလယ်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုမှာ အမျိုးသားတစ်ဦးက သူ့ရဲ့ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်မှုတစ်ခု ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ အခြားဈေးဝယ်စင်တာတစ်ခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုပြီးနောက် ၁၀ ရက်အတွင်း ဒီပစ်ခတ်မှုအပါအဝင် သေနတ်ကိုင်အကြမ်းဖက်မှု သုံးကြိမ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ သူ့ရဲ့ဇနီးဟောင်းဖြစ်သူ အလုပ်လုပ်ကိုင်နေတဲ့ စင်ကျူရီပလာဇာရှိ အလှပြင်ဆိုင်တစ်ခုကို သွားရောက်ခဲ့ပြီး ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်ခဲ့ကာ အနီးနားရှိ အခြားသူတစ်ဦး ဒါဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သေနတ်သမားဟာ အခြားပြည်နယ်တစ်ခုကို ထွက်ပြေးဖို့ကြိုးစားချိန်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းမှာ ပြောပါတယ်။ သေနတ်သမားဟာ လူသတ်ရန်ကြိုတင်ကြံစီမှု၊ တရားမဝင် သေနတ်ကိုင်ဆောင်မှုအပြင် အခြားစွဲချက်သုံးခုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ နာခွန်ရာရှာဆီမာမြို့လယ်ရှိ တာမီနယ်-၂၁ ဈေးဝယ်စင်တာမှာ…

Read More

မျိုးသုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေ

မျိုးသုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေ စစ်ကိုင်း ဖေဖော်ဝါရီ ၁၉ -၂၀၂၀ ရှိုင်းအောင် (VOM) ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ အဆိပ်ချ ၊ လျှော့တိုက် ငါးဖမ်းသူတွေကြောင့် ဧရာဝတီလင်းပိုင်တွေ နှစ်စဉ်သေဆုံးမှု မြင့်တက်လာတဲ့အတွက် အစိုးရအဖွဲ့က ထိထိရောက်ရောက် ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သဘာဝစိမ်း/စိမ်းရောင်စိုအဖွဲ့ကနေ သိရပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာ မန္တလေးနဲ့ ဗန်းမော်ကြားမှာ ကျက်စားကြပြီးတော့ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှာ ၁၂ ကီလိုမီတာရှိတဲ့ မန္တလေးနဲ့ ကျောက်မြောင်းကြားကို လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ” လင်းပိုင်တွေ အစာရှာတဲ့နေရာတွေမှာ ငါးတွေတအားပေါတော့ အဲ့ဒီနေရာတွေကို ဘတ်ထရီလျှော့တိုက် ငါးဖမ်းကြတော့ လင်းပိုင်တွေ အစာရှာတဲ့အချိန်မှာ လျှပ်စီးအားကြောင့် ရုန်းမထွက်နိုင်ပဲ သေဆုံးနေကြရတာပါ၊ ငါးဖမ်းသူတွေကို နောင်မလုပ်အောင် နောင်ကျဉ်နိုင်တဲ့ ဥပဒေမျိုးတွေကို တိုင်းဒေသကြီးအစိုးရဖြစ်ဖြစ်၊ ပြည်ထောင်စုကပဲဖြစ်ဖြစ် ထုတ်ပြန်နိုင်ရင်ကောင်းမယ် “လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။…

Read More

ဧပြီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အနှစ်သာရှိတဲ့ သဘောတူညီချက်တွေ ရရှိဖို့ အစိုးရကိုယ်စားလှယ်တွေ ကြိုးစားနေ

ဧပြီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အနှစ်သာရှိတဲ့ သဘောတူညီချက်တွေ ရရှိဖို့ အစိုးရကိုယ်စားလှယ်တွေ ကြိုးစားနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို စတုတ္ထအကြိမ် ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြပြီး ဒီတစ်ခေါက်ညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းတွေကို အနှစ်သာရရှိဖို့ ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေသူ ဦးလှမောင်ရွှေက ပြောပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၇) ရက်မှ (၁၈) နေ့အထိ နှစ်ရက်တာ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ကြပြီး အစည်းအဝေးအပြီး သတင်းမီဒီယာနဲ့တွေ့ဆုံရာမှာ အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောဆိုခဲ့တာဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW