မျိုးသုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေ

မျိုးသုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေ

စစ်ကိုင်း ဖေဖော်ဝါရီ ၁၉ -၂၀၂၀
ရှိုင်းအောင် (VOM)

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ အဆိပ်ချ ၊ လျှော့တိုက် ငါးဖမ်းသူတွေကြောင့် ဧရာဝတီလင်းပိုင်တွေ နှစ်စဉ်သေဆုံးမှု မြင့်တက်လာတဲ့အတွက် အစိုးရအဖွဲ့က ထိထိရောက်ရောက် ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သဘာဝစိမ်း/စိမ်းရောင်စိုအဖွဲ့ကနေ သိရပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ မန္တလေးနဲ့ ဗန်းမော်ကြားမှာ ကျက်စားကြပြီးတော့ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှာ ၁၂ ကီလိုမီတာရှိတဲ့ မန္တလေးနဲ့ ကျောက်မြောင်းကြားကို လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

” လင်းပိုင်တွေ အစာရှာတဲ့နေရာတွေမှာ ငါးတွေတအားပေါတော့ အဲ့ဒီနေရာတွေကို ဘတ်ထရီလျှော့တိုက် ငါးဖမ်းကြတော့ လင်းပိုင်တွေ အစာရှာတဲ့အချိန်မှာ လျှပ်စီးအားကြောင့် ရုန်းမထွက်နိုင်ပဲ သေဆုံးနေကြရတာပါ၊ ငါးဖမ်းသူတွေကို နောင်မလုပ်အောင် နောင်ကျဉ်နိုင်တဲ့ ဥပဒေမျိုးတွေကို တိုင်းဒေသကြီးအစိုးရဖြစ်ဖြစ်၊ ပြည်ထောင်စုကပဲဖြစ်ဖြစ် ထုတ်ပြန်နိုင်ရင်ကောင်းမယ် “လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

လင်းပိုင်တွေရဲ့ ကျက်စားမှုကို ကြည့်မယ်ဆိုရင် မန္တလေးနဲ့ ကျောက်မြောင်းကြားမှာ ကျက်စားမှု တစ်ခု၊ မလယ်နဲ့ ရွေးဂူကြားမှာ ကျက်စားမှုတစ်ခု၊ ဒုတိယမြစ်ကျဉ်းအထက် ဗန်းမော်ဝန်းကျင်မှာ ကျက်စားမှု တစ်ခုရှိပြီးတော့ အဓိကနေရာကြီးသုံးခုကို ပိုင်းခြားပြီး လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က သတ်မှတ်ခဲ့တဲ့ လင်းပိုင်းထိန်းသိမ်းရေးဧရိယာကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ပူးပေါင်းပြီး တစ်လတစ်ကြိမ် ထိန်းသိမ်းလျက်ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလတိုင်း တစ်နှစ်ကို တစ်ကြိမ် စစ်တမ်းကောက်ယူနေတာဖြစ်ပါတယ်။

ဒီနှစ်မှာ ထိန်းသိမ်းရေးဧရိယာအတွင်း လင်းပိုင် ၇၆ ကောင်တွေ့ရှိရပြီး ကြားကာလထဲမှာ လင်းပိုင်တစ်ကောင်သေသွားတဲ့အတွက် ၇၅ ကောင်ကျန်နေကာ အရင်နှစ်ကထက် ၅ ကောင် ပိုများလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသစ်တိုးချဲ့မယ့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာအတွင်းမှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၃ဝ ကျော် ကျက်စားနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ဧရာဝတီလင်းပိုင် #ထိန်းသိမ်းရေးလိုအပ်နေ

Zawgyi

မ်ိဳးသုန္းလုနီးပါးျဖစ္ေနတဲ့ ဧရာဝတီလင္းပုိင္ေတြကုိ ထိေရာက္စြာ ထိန္းသိမ္းေစာင့္ေရွာက္ဖုိ႔လုိအပ္ေန

စစ္ကုိင္း ေဖေဖာ္ဝါရီ ၁၉ -၂၀၂၀
ရႈိင္းေအာင္ (VOM)

ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္မွာ အဆိပ္ခ် ၊ ေလွ်ာ့တုိက္ ငါးဖမ္းသူေတြေၾကာင့္ ဧရာဝတီလင္းပုိင္ေတြ နွစ္စဥ္ေသဆုံးမႈ ျမင့္တက္လာတဲ့အတြက္ အစုိးရအဖြဲ႕က ထိထိေရာက္ေရာက္ ထိန္းသိမ္းေဆာင္ရြက္ဖုိ႔ လုိအပ္ေနတယ္လုိ႔ သဘာဝစိမ္း/စိမ္းေရာင္စုိအဖြဲ႕ကေန သိရပါတယ္။

ဧရာဝတီလင္းပိုင္ေတြဟာ မႏၲေလးနဲ႔ ဗန္းေမာ္ၾကားမွာ က်က္စားၾကၿပီးေတာ့ ၂ဝဝ၅ ခုႏွစ္ ဒီဇင္ဘာလမွာ ၁၂ ကီလုိမီတာရွိတဲ့ မႏၲေလးနဲ႔ ေက်ာက္ေျမာင္းၾကားကို လင္းပိုင္ထိန္းသိမ္းေရးဧရိယာအျဖစ္ သတ္မွတ္ထားတယ္လုိ႔ သိရပါတယ္။

” လင္းပုိင္ေတြ အစာရွာတဲ့ေနရာေတြမွာ ငါးေတြတအားေပါေတာ့ အဲ့ဒီေနရာေတြကုိ ဘတ္ထရီေလွ်ာ့တုိက္ ငါးဖမ္းၾကေတာ့ လင္းပုိင္ေတြ အစာရွာတဲ့အခ်ိန္မွာ လွ်ပ္စီးအားေၾကာင့္ ရုန္းမထြက္နုိင္ပဲ ေသဆုံးေနၾကရတာပါ၊ ငါးဖမ္းသူေတြကုိ ေနာင္မလုပ္ေအာင္ ေနာင္က်ဥ္နုိင္တဲ့ ဥပေဒမ်ိဳးေတြကုိ တုိင္းေဒသႀကီးအစုိးရျဖစ္ျဖစ္၊ ျပည္ေထာင္စုကပဲျဖစ္ျဖစ္ ထုတ္ျပန္နုိင္ရင္ေကာင္းမယ္ “လုိ႔ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

လင္းပိုင္ေတြရဲ႕ က်က္စားမွုကို ၾကည့္မယ္ဆုိရင္ မႏၲေလးနဲ႔ ေက်ာက္ေျမာင္းၾကားမွာ က်က္စားမွု တစ္ခု၊ မလယ္နဲ႔ ေရြးဂူၾကားမွာ က်က္စားမွဳတစ္ခု၊ ဒုတိယျမစ္က်ဥ္းအထက္ ဗန္းေမာ္ဝန္းက်င္မွာ က်က္စားမွု တစ္ခုရွိၿပီးေတာ့ အဓိကေနရာႀကီးသုံးခုကို ပိုင္းျခားၿပီး ေလ့လာေတြ႕ရွိရမွာ ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္က သတ္မွတ္ခဲ့တဲ့ လင္းပိုင္းထိန္းသိမ္းေရးဧရိယာကို ငါးလုပ္ငန္းဦးစီးဌာနနဲ႔ သားငွက္ထိန္းသိမ္းေရး အဖြဲ႕ (ျမန္မာနိုင္ငံအစီအစဥ္)တို႔ပူးေပါင္းၿပီး တစ္လတစ္ႀကိမ္ ထိန္းသိမ္းလ်က္ရွိတယ္လို႔ သိရပါတယ္။ ေဖေဖာ္ဝါရီလတိုင္း တစ္ႏွစ္ကုိ တစ္ႀကိမ္ စစ္တမ္းေကာက္ယူေနတာျဖစ္ပါတယ္။

ဒီနွစ္မွာ ထိန္းသိမ္းေရးဧရိယာအတြင္း လင္းပိုင္ ၇၆ ေကာင္ေတြ႕ရွိရၿပီး ၾကားကာလထဲမွာ လင္းပိုင္တစ္ေကာင္ေသသြားတဲ့အတြက္ ၇၅ ေကာင္က်န္ေနကာ အရင္နွစ္ကထက္ ၅ ေကာင္ ပုိမ်ားလာတယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ အသစ္တိုးခ်ဲ႕မယ့္ ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရးဧရိယာအတြင္းမွာ ဧရာဝတီလင္းပိုင္ေကာင္ေရ ၃ဝ ေက်ာ္ က်က္စားေနတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ဧရာဝတီလင္းပိုင္ #ထိန္းသိမ္းေရးလုိအပ္ေန

Related posts

Leave a Comment

VOM News

FREE
VIEW