လွတ်လပ်ရေး ရပြီးချိန်ကနေ ဒီနေ့ထိ ညီညွတ်ရေး မတည်ဆောက်နိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

လွတ်လပ်ရေး ရပြီးချိန်ကနေ ဒီနေ့ထိ ညီညွတ်ရေး မတည်ဆောက်နိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ထန်တလန်- ဖေဖော်ဝါရီ ၁၉-၂၀၂၀
ငြိမ်းသူမင်း(VOM)

လွတ်လပ်ရေးရပြီးချိန်ကစပြီး ဒီနေ့ထိ ညီညွတ်ရေးကို မတည်ဆောက်နိုင်ကြောင်း နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ထန်တလန်မြို့မှာကျင်းပမယ့် ချင်းအမျိုးသားနေ့ပွဲကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက ထန်တလန်မြို့တော် ခန်းမ မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲ မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

“လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ ကျွန်မတို့ ညီညွတ်ရေးကို အခုထက်ထိ မတည်ဆောက်နိုင်သေးဘူး။အပြည့်အ၀ မတည်ဆောက်နိုင်သေးဘူး။အတိုင်းအတာ တစ်ခုအထိ တည်ဆောက်လို့ ရတယ်။အပြည့်အ၀ တည်ဆောက်လို့မရဘူး။ဒီလို ညီညွတ်ရေးကို တည်ဆောက်လို့ မရတဲ့ အကြောင်းအရင်းက ဘာလဲ ဆိုတာ တစ်ဦး ခြင်း တစ်ဦး ခြင်း စဉ်းစားစေချင်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံရဲ့ ညီညွတ်ရေး တည်ဆောက်ရတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာဆိုရင် တိုင်းရင်းသားအမျိုးမျိုး လူမျိုး အမျိုးမျိုး ဘာသာစကား အမျိုးမျိုး ကိုးကွယ်တဲ့ ဘာသာ အမျိုးမျိုး ရှိနေသော်လည်း ညီညွတ်စွာ နေထိုင်နိုင်ကြောင်း မြန်မာနိုင်ငံတွင် ကိုးကွယ်နေကြသည့် ဘာသာများဖြစ်သည့် ခရစ်ယာန်ဘာသာ ၊ ဗုဒ္ဓဘာသာ တို့သည် မြန်မာနိုင်ငံမှ ပေါက်ဖွားလာခြင်း မဟုတ်ကြောင်း ယင်းအတွက်ကြောင့် ကိုးကွယ်သည့် ဘာသာအရ
စိတ်ဝမ်းကွဲစရာ ဘာမှမရှိကြောင်း ယုံကြည်ချက် အရ ကိုးကွယ်ကြခြင်း ဖြစ်ကြောင်း ဘာသာတရားများသည် နောင်ဘဝအတွက် အဓိက ရည်ရွယ်ကြခြင်းဖြစ်ကြောင်း နိုင်ငံရေး အတွက် နိုင်ငံရေး တာဝန်ယူရာတွင်မိမိ နှင့် မိမိ၏ ပတ်ဝန်းကျင် အတွက် ဒီဘ၀ တွင် တာဝန်ယူရခြင်း ဖြစ်ကြောင်း လက်ရှိဘ၀ အတွက် တာဝန်ယူရာတွင် လက်ရှိဘ၀ အတွက် ညီညွတ်ရေးကို ဦးတည် ကြစေလိုကြောင်း မေတ္တာရပ်ခံ ချင် ပါတယ်လို့ နိုင်ငံ
တော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တွန်းဇံကို ရဟတ်ယာဉ်နဲ့သွားရောက်ခဲ့သလို လူထုတွေ့ဆုံပွဲလုပ်ပြီးနောက် ထန်တလန်ကို ရဟတ်ယာဉ်နဲ့ ရောက်ခဲ့ပြီး ညအိပ်နားပြီးတော့ မနက်ဖြန်ကျရောက်မယ့် ချင်းအမျိုးသားနေ့ပွဲကိုတက်ရောက်ဦးမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ထန်တလန် #ဒေါ်အောင်ဆန်းစုကြည်

Zawgyi

လြတ္လပ္ေရး ရျပီးခ်ိန္ကေန ဒီေန႕ထိ ညီညြတ္ေရး မတည္ေဆာက္ႏုိင္ေသးေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ထန္တလန္- ေဖေဖာ္၀ါရီ ၁၉-၂၀၂၀
ျငိမ္းသူမင္း(VOM)

လြတ္လပ္ေရးရျပီးခ်ိန္ကစျပီး ဒီေန႕ထိ ညီညြတ္ေရးကုိ မတည္ေဆာက္ႏုိင္ေၾကာင္း ႏုိင္ငံေတာ္ ရဲ႕ အတုိင္ပင္ခံ ပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားလုိက္ပါတယ္။

ထန္တလန္ျမိဳ႕မွာက်င္းပမယ့္ ခ်င္းအမ်ိဳးသားေန႕ပြဲကိုုေရာက္ေနတဲ႕ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔ ညေနပုိင္းက ထန္တလန္ျမိဳ႕ေတာ္ ခန္းမ မွာ ျပဳလုပ္တဲ့ လူထုေတြ႕ဆုံပဲြ မွာ ေျပာၾကားလုိက္တာျဖစ္ပါတယ္။

“လြတ္လပ္ေရး ရျပီးတဲ့ ေနာက္ပုိင္းမွာ ကၽြန္မတုိ႕ ညီညြတ္ေရးကုိ အခုထက္ထိ မတည္ေဆာက္ႏုိင္ေသးဘူး။အျပည္႔အ၀ မတည္ေဆာက္ႏုိင္ေသးဘူး။အတုိင္းအတာ တစ္ခုအထိ တည္ေဆာက္လို႕ ရတယ္။အျပည္႔အ၀ တည္ေဆာက္လို႕မရဘူး။ဒီလုိ ညီညြတ္ေရးကုိ တည္ေဆာက္လို႕ မရတဲ့ အေၾကာင္းအရင္းက ဘာလဲ ဆုိတာ တစ္ဦး ျခင္း တစ္ဦး ျခင္း စဥ္းစားေစခ်င္ပါတယ္” လုိ႕ ေျပာပါတယ္။

ႏုိင္ငံရဲ႕ ညီညြတ္ေရး တည္ေဆာက္ရတာနဲ႕ပတ္သက္လို႕ ျမန္မာႏုိင္ငံမွာဆုိရင္ တုိင္းရင္းသားအမ်ဳိးမ်ဳိး လူမ်ဳိး အမ်ဳိးမ်ဳိး ဘာသာစကား အမ်ဳိးမ်ဳိး ကုိးကြယ္တဲ့ ဘာသာ အမ်ဳိးမ်ဳိး ရွိေနေသာ္လည္း ညီညြတ္စြာ ေနထုိင္ႏုိင္ေၾကာင္း ျမန္မာႏုိင္ငံတြင္ ကုိးကြယ္ေနၾကသည္႔ ဘာသာမ်ားျဖစ္သည္႔ ခရစ္ယာန္ဘာသာ ၊ ဗုဒၶဘာသာ တုိ႕သည္ ျမန္မာႏုိင္ငံမွ ေပါက္ဖြားလာျခင္း မဟုတ္ေၾကာင္း ယင္းအတြက္ေၾကာင့္ ကုိးကြယ္သည္႔ ဘာသာအရ
စိတ္၀မ္းကဲြစရာ ဘာမွမရွိေၾကာင္း ယုံၾကည္ခ်က္ အရ ကုိးကြယ္ၾကျခင္း ျဖစ္ေၾကာင္း ဘာသာတရားမ်ားသည္ ေနာင္ဘ၀အတြက္ အဓိက ရည္ရြယ္ၾကျခင္းျဖစ္ေၾကာင္း ႏုိင္ငံေရး အတြက္ ႏုိင္ငံေရး တာ၀န္ယူရာတြင္မိမိ ႏွင့္ မိမိ၏ ပတ္၀န္းက်င္ အတြက္ ဒီဘ၀ တြင္ တာ၀န္ယူရျခင္း ျဖစ္ေၾကာင္း လက္ရွိဘ၀ အတြက္ တာ၀န္ယူရာတြင္ လက္ရွိဘ၀ အတြက္ ညီညြတ္ေရးကုိ ဦးတည္ ၾကေစလုိေၾကာင္း ေမတၱာရပ္ခံ ခ်င္ ပါတယ္လုိ႕ ႏုိင္ငံ
ေတာ္ ရဲ႕ အတုိင္ပင္ခံ ပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ က မိန္႔ခြန္း ေျပာၾကားရာမွာ ထည္႔သြင္း ေျပာၾကားခဲ့တာပါ။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႕မွာ တြန္းဇံကို ရဟတ္ယာဥ္နဲ႕သြားေရာက္ခဲ႕သလို လူထုေတြ႕ဆံုပြဲလုပ္ျပီးေနာက္ ထန္တလန္ကို ရဟတ္ယာဥ္နဲ႕ ေရာက္ခဲ႕ျပီး ညအိပ္နားျပီးေတာ့ မနက္ျဖန္က်ေရာက္မယ့္ ခ်င္းအမ်ိဳးသားေန႕ပြဲကိုတက္ေရာက္ဦးမွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ထန္တလန္ #ေဒၚေအာင္ဆန္းစုၾကည္

Related posts

Leave a Comment

VOM News

FREE
VIEW