ဘန်ကောက်မြို့လယ်မှာ အမျိုးသားတစ်ဦးက ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွား

ဘန်ကောက်မြို့လယ်မှာ အမျိုးသားတစ်ဦးက ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွား

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၉-၂၀၂၀
မျိုးဆက် (VOM)

ဘန်ကောက်အလယ်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုမှာ အမျိုးသားတစ်ဦးက သူ့ရဲ့ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်မှုတစ်ခု ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ အခြားဈေးဝယ်စင်တာတစ်ခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုပြီးနောက် ၁၀ ရက်အတွင်း ဒီပစ်ခတ်မှုအပါအဝင် သေနတ်ကိုင်အကြမ်းဖက်မှု သုံးကြိမ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားဟာ သူ့ရဲ့ဇနီးဟောင်းဖြစ်သူ အလုပ်လုပ်ကိုင်နေတဲ့ စင်ကျူရီပလာဇာရှိ အလှပြင်ဆိုင်တစ်ခုကို သွားရောက်ခဲ့ပြီး ဇနီးဟောင်းကို သေနတ်နဲ့ပစ်သတ်ခဲ့ကာ အနီးနားရှိ အခြားသူတစ်ဦး ဒါဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သေနတ်သမားဟာ အခြားပြည်နယ်တစ်ခုကို ထွက်ပြေးဖို့ကြိုးစားချိန်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းမှာ ပြောပါတယ်။

သေနတ်သမားဟာ လူသတ်ရန်ကြိုတင်ကြံစီမှု၊ တရားမဝင် သေနတ်ကိုင်ဆောင်မှုအပြင် အခြားစွဲချက်သုံးခုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာ နာခွန်ရာရှာဆီမာမြို့လယ်ရှိ တာမီနယ်-၂၁ ဈေးဝယ်စင်တာမှာ ထိုင်းစစ်သားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း ကိုယ်ပိုင်သေနတ်ကိုင်ဆောင်သူဦးရေ ၁၀ သန်းရှိပြီး အဲဒီနှစ်ထဲမှာ သေနတ်ကိုင်အကြမ်းဖက်မှုကြောင့် လူပေါင်း (၁၇၀၀)ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Ref: Reuters Photo: AP
#VOM #voiceofmyanmar #ဘန်ကောက် #အမျိုးသားတစ်ဦး #ဇနီးဟောင်း #သေနတ်နဲ့ပစ်

Zawgyi

ဘန္ေကာက္ၿမိဳ႕လယ္မွာ အမ်ိဳးသားတစ္ဦးက ဇနီးေဟာင္းကို ေသနတ္နဲ႔ပစ္သတ္မႈျဖစ္ပြား

ဘန္ေကာက္၊ ေဖေဖာ္၀ါရီ-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘန္ေကာက္အလယ္ပိုင္းရိွ ေစ်း၀ယ္စင္တာတစ္ခုမွာ အမ်ိဳးသားတစ္ဦးက သူ႔ရဲ႕ဇနီးေဟာင္းကို ေသနတ္နဲ႔ပစ္သတ္မႈတစ္ခု ေဖေဖာ္၀ါရီ ၁၈ ရက္မွာ ျဖစ္ပြားခဲ႔ပါတယ္။

ထိုင္းနုိင္ငံအေရွ႕ေျမာက္ပိုင္းရိွ အျခားေစ်း၀ယ္စင္တာတစ္ခုမွာ အစုလိုက္အျပံဳလိုက္ပစ္ခတ္မႈျပီးေနာက္ ၁၀ ရက္အတြင္း ဒီပစ္ခတ္မႈအပါအ၀င္ ေသနတ္ကိုင္အၾကမ္းဖက္မႈ သံုးၾကိမ္ျဖစ္ပြားခဲ႔တာ ျဖစ္ပါတယ္။

အဲဒီအမ်ိဳးသားဟာ သူ႔ရဲ႕ဇနီးေဟာင္းျဖစ္သူ အလုပ္လုပ္ကိုင္ေနတဲ႔ စင္က်ဴရီပလာဇာရိွ အလွျပင္ဆုိင္တစ္ခုကို သြားေရာက္ခ႔ဲျပီး ဇနီးေဟာင္းကို ေသနတ္နဲ႔ပစ္သတ္ခဲ႔ကာ အနီးနားရိွ အျခားသူတစ္ဦး ဒါဏ္ရာရရိွသြားတယ္လို႔ ရဲတပ္ဖြဲ႔တာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

ေသနတ္သမားဟာ အျခားျပည္နယ္တစ္ခုကို ထြက္ေျပးဖို႔ၾကိဳးစားခ်ိန္မွာ ဖမ္းဆီးနုိင္ခဲ့တယ္လို႔ ရဲတပ္ဖဲြ႔က ေဖေဖာ္၀ါရီ ၁၈ ရက္နံနက္ပိုင္းမွာ ေျပာပါတယ္။

ေသနတ္သမားဟာ လူသတ္ရန္ႀကိဳတင္ၾကံစီမႈ၊ တရားမ၀င္ ေသနတ္ကိုင္ေဆာင္မႈအျပင္ အျခားစြဲခ်က္သံုးခုနဲ႔ ရင္ဆိုင္ေနရတာလည္း ျဖစ္ပါတယ္။

ေဖေဖာ္၀ါရီ ၈ ရက္ေန႔မွာ နာခြန္ရာရွာဆီမာျမိဳ႕လယ္ရိွ တာမီနယ္-၂၁ ေစ်း၀ယ္စင္တာမွာ ထိုင္းစစ္သားတစ္ဦးရဲ႕ ပစ္ခတ္မႈေၾကာင္႔ လူေပါင္း ဒါဇင္နဲ႔ခ်ီျပီး ေသဆံုးခဲ႔ရပါတယ္။

ထိုင္းနိုင္ငံမွာ ၂၀၁၆ ခုနွစ္အတြင္း ကိုယ္ပိုင္ေသနတ္ကိုင္ေဆာင္သူဦးေရ ၁၀ သန္းရိွျပီး အဲဒီနွစ္ထဲမွာ ေသနတ္ကိုင္အၾကမ္းဖက္မႈေၾကာင္႔ လူေပါင္း (၁၇၀၀)ေက်ာ္ ေသဆံုးခဲ႔ရတယ္လုိ႔ သိရပါတယ္။

Ref: Reuters Photo: AP
#VOM #voiceofmyanmar #ဘန္ေကာက္ #အမ်ိဳးသားတစ္ဦး #ဇနီးေဟာင္း #ေသနတ္နဲ႔ပစ္

Related posts

Leave a Comment

VOM News

FREE
VIEW