တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ ဗီအိုအမ်ဆက်သွယ်မေးမြန်းချက်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ ဗီအိုအမ်ဆက်သွယ်မေးမြန်းချက်

နေပြည်တော်-ဖေဖေါ်ဝါရီ ၁၉-၂၀၂၀
ကိုထွန်း(VOM)

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲကပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ စစ်တွေကနေ ဘူးသီးတောင်ကို ရဟတ်ယာဉ်နဲ့အသွာားမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတယ်ဆိုတဲ့ ကိစ္စ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို နေပြည်တော်က ဗီအိုအမ်သတင်းထောက် ဦးထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း— ကျနော်တခါတည်း ဒေါက်တာဝင်းမြတ်အေးစီးတဲ့ရဟတ်ယဉ်ရခိုင်မှာ ပစ်ခံရတယ်။ ဒေါက်တာဝင်းမြတ်အေးက စစ်တွေကနေ ဘူးသီးတောင်အသွား ခရီးစဉ်မှာ ပစ်ခံရတာဖြစ်ပါတယ်။ မနက် ၁၀နာရီ ၄၅လောက်မှာပစ်ခံရတာဖြစ်ပါတယ်။ ရဟတ်ယာဉ်ရဲ့ ဝမ်းဗိုက်မှာတချက်ထိပါတယ်။ ဘူးသီးတောင်အောင်မြင်စွာဆင်းသက်နိုင်ပါတယ်။ ပြီးတော့ ဘူးသီးတောင်ကနေ စစ်တွေကို ညနေ ၃နာရီကျော်မှာ ပြန်ရောက် ။ အပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာမရှိပါဘူး။ အေအေကတော့ ပျံသန်းနေတဲ့ရဟတ်ယာဉ်တွေကို မှီမှီမမှီမှီရွာထဲကနေ အမြဲလှမ်းပစ်တတ်ပါတယ်။ တချို့အချိန်တွေဆို ထိတဲ့ခါလည်းရှိသလို မထိတာများပါတယ် ၊အဓိကရွာထဲကနေ လှမ်းလှမ်းပစ်တာပါ။ ဒေါက်တာဝင်းမြတ်အေးဝန်ကြီးချုပ်လည်းပါတယ်လို့သိရပါတယ်။

နောက်တပုဒ်လည်း တဆက်တည်းပြောလိုက်မယ်။

မနေ့ည ၈နာရီခွဲမှာ မြောက်ဦးမြို့နယ်မှာ ပေါင်းတုတ် အေအေကတယောက်ကနေ ဘင်္ဂလီတဦးက ဓါးနဲ့ထိုးသွားတာရှိတယ်။ နောက်ပြီးတော့ မောင်းထုတ်ရွာအထွက်ကားလမ်းမှာ ဘင်္ဂလီလူ၂ဦးဟာ ဖုန်းသုံးနေချိန် အေအေက ၄ယောက်လာပြီး တပ်ကိုသတင်းပေးတာမလား ၂ယောက်ကိုဖမ်းခေါ်ပြီး စောထူး ၁၇ နှစ်ကတော့ လွတ်လာတယ်။ ဖမ်းခေါ်သွားတဲ့ တယောက်က လည်ပင်းမှာ ဒဏ်ရာတချက် နောက်ကျောမှာဒဏ်ရာတချက်နဲ့ သေဆုံးတာတွေ့ရပါတယ်။
ဒီမနက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မြောက်ဦးမြို့နယ်ရဲမှူးက သွားရောက်စစ်ဆေးထားပါတယ်။ သွားစစ်တဲ့အခါမှာတော့တင်းမာမှုတွေရှိနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM # တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

zawgyi

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းနဲ႕ ဗီအိုုအမ္ဆက္သြယ္ေမးျမန္းခ်က္

ေနျပည္ေတာ္-ေဖေဖၚဝါရီ ၁၉-၂၀၂၀
ကိုုထြန္း(VOM)

လူမွဳဝန္ထမ္းကယ္ဆယ္ေရးနဲကျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးဟာ စစ္ေတြကေန ဘူးသီးေတာင္ကိုု ရဟတ္ယာဥ္နဲ႕အသြာားမွာ လက္နက္ငယ္နဲ႕ ပစ္ခတ္ခံရတယ္ဆိုုတဲ႕ ကိစၥ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကုုိ ေနျပည္ေတာ္က ဗီအိုုအမ္သတင္းေထာက္ ဦးထြန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း— က်ေနာ္တခါတည္း ေဒါက္တာဝင္းျမတ္ေအးစီးတဲ႕ရဟတ္ယဥ္ရခုုိင္မွာ ပစ္ခံရတယ္။ ေဒါက္တာဝင္းျမတ္ေအးက စစ္ေတြကေန ဘူးသီးေတာင္အသြား ခရီးစဥ္မွာ ပစ္ခံရတာျဖစ္ပါတယ္။ မနက္ ၁၀နာရီ ၄၅ေလာက္မွာပစ္ခံရတာျဖစ္ပါတယ္။ ရဟတ္ယာဥ္ရဲ႕ ဝမ္းဗိုုက္မွာတခ်က္ထိပါတယ္။ ဘူးသီးေတာင္ေအာင္ျမင္စြာဆင္းသက္နုုိင္ပါတယ္။ ျပီးေတာ့ ဘူးသီးေတာင္ကေန စစ္ေတြကိုု ညေန ၃နာရီေက်ာ္မွာ ျပန္ေရာက္ ။ အေပၚပါသူေတြ ထိခိုုက္ဒဏ္ရာမရွိပါဘူး။ ေအေအကေတာ့ ပ်ံသန္းေနတဲ႕ရဟတ္ယာဥ္ေတြကိုု မွီမွီမမွီမွီရြာထဲကေန အျမဲလွမ္းပစ္တတ္ပါတယ္။ တခ်ိဳ႕အခ်ိန္ေတြဆိုု ထိတဲ႕ခါလည္းရွိသလိုု မထိတာမ်ားပါတယ္ ၊အဓိကရြာထဲကေန လွမ္းလွမး္ပစ္တာပါ။ ေဒါက္တာဝင္းျမတ္ေအးဝန္ၾကီးခ်ဳပ္လည္းပါတယ္လိုု႕သိရပါတယ္။

ေနာက္တပုုဒ္လည္း တဆက္တည္းေျပာလိုုက္မယ္။

မေန႕ည ၈နာရီခြဲမွာ ေျမာက္ဦးျမိဳ႕နယ္မွာ ေပါင္းတုုတ္ ေအေအကတေယာက္ကေန ဘဂၤလီတဦးက ဓါးနဲ႕ထိုုးသြားတာရွိတယ္။ ေနာက္ျပီးေတာ့ ေမာင္းထုုတ္ရြာအထြက္ကားလမ္းမွာ ဘဂၤလီလူ၂ဦးဟာ ဖုုန္းသံုုးေနခ်ိန္ ေအေအက ၄ေယာက္လာျပီး တပ္ကိုုသတင္းေပးတာမလား ၂ေယာက္ကိုုဖမ္းေခၚျပီး ေစာထူး ၁၇ ႏွစ္ကေတာ့ လြတ္လာတယ္။ ဖမ္းေခၚသြားတဲ႕ တေယာက္က လည္ပင္းမွာ ဒဏ္ရာတခ်က္ ေနာက္ေက်ာမွာဒဏ္ရာတခ်က္နဲ႕ ေသဆံုုးတာေတြ႕ရပါတယ္။
ဒီမနက္မွာ ျမန္မာနုုိင္ငံရဲတပ္ဖြဲ႕က ေျမာက္ဦးျမိဳ႕နယ္ရဲမွဴးက သြားေရာက္စစ္ေဆးထားပါတယ္။ သြားစစ္တဲ႕အခါမွာေတာ့တင္းမာမွဳေတြရွိေနတယ္လိုု႕သိရပါတယ္။

#voiceofmyanmar #VOM # တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း

Related posts

Leave a Comment

VOM News

FREE
VIEW