ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာ အလုပ်သမားတွေကို လစာပေးဖို့ တရုတ်ကုမ္ပဏီတွေ အခက်အခဲဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာ အလုပ်သမားတွေကို လစာပေးဖို့ တရုတ်ကုမ္ပဏီတွေ အခက်အခဲဖြစ်နေ

ပေကျင်း၊ ဖေဖော်ဝါရီ-၂၄-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ တရုတ်ကုမ္ပဏီတွေဟာ ကြွေးမြီများပြားလာနေတာကြောင့် အလုပ်သမားတွေနဲ့ ကုန်ပစ္စည်းပေးသွင်းသူတွေကို ငွေပေးချေဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု လျှင်မြန်စွာဖြစ်ပေါ်နေစဉ်မှာ စီးပွားရေးနာလန်ပြန်ထူစေဖို့အတွက် ဘဏ်တွေအနေနဲ့ စီးပွားရေးုလုပ်ငန်းတွေကို ချေးငွေပိုမိုပေးဖို့ တရုတ်အစိုးရကတိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံရှိ အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေဟာ အထူးသဖြင့်အာရုံစိုက်နေရပြီး အဲဒီလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေးရဲ့ ၆၀ ရာခိုင်နှုန်းရှိပြီး အလုပ်အကိုင်ရရှိမှု ၈၀ ရာခိုင်နှုန်းရှိတယ်လို့ တရုတ်ပြည်သူ့ဘဏ် အဆိုအရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဖေဖော်ဝါရီလလယ်အထိ တရုတ်နှစ်သစ်ကူးကာလကို တိုးမြင့်ခြင်း၊ နိုင်ငံအတွင်း ခရီးသွားလာတာတွေကို လျှော့ချလိုက်တဲ့ ဇန်နဝါရီနှောင်းပိုင်းမှစလို့ အဲဒီကုမ္ပဏီအများစု နဲ့ သူတို့ရဲ့ အလုပ်သမားတွေဟာ များသောအားဖြင့် လုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးတရုတ်နိုင်ငံရဲ့ စီးပွားရေဟာ ပထမသုံးလပတ်ကာလမှာ သိသိသာသာကျဆင်းသွားလိမ့်မယ်လို့ ကမ္ဘာ့တစ်ဝန်းမှ ဗဟိုဘဏ်တွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးက ဂျီ-၂၀ အစည်းအဝေးမှာ သတိပေးပြောကြားခဲ့ပါတယ်။

ဗိုင်းရပ်စ်နှိမ်နှင်းရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ သမ္မတရှီကျင်းပင်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ကိုရိုနာဗိုင်းရပ်စ်

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားေနခ်ိန္မွာ အလုပ္သမားေတြကို လစာေပးဖို႔ တရုတ္ကုမၸဏီေတြ အခက္အခဲျဖစ္ေန

ေပက်င္း၊ ေဖေဖာ္၀ါရီ-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ျဖစ္ေပၚေနတဲ႔အခ်ိန္မွာ တရုတ္ကုမၸဏီေတြဟာ ေၾကြးျမီမ်ားျပားလာေနတာေၾကာင္႔ အလုပ္သမားေတြနဲ႔ ကုန္ပစၥည္းေပးသြင္းသူေတြကို ေငြေပးေခ်ဖို႔ အခက္အခဲေတြျဖစ္ေပၚေနပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈ လွ်င္ျမန္စြာျဖစ္ေပၚေနစဥ္မွာ စီးပြားေရးနာလန္ျပန္ထူေစဖို႔အတြက္ ဘဏ္ေတြအေနနဲ႔ စီးပြားေရးုလုပ္ငန္းေတြကို ေခ်းေငြပိုမိုေပးဖို႔ တရုတ္အစိုးရကတိုက္တြန္းထားပါတယ္။

တရုတ္နိုင္ငံရိွ အေသးစားနဲ႔ အလတ္စားကုမၸဏီေတြဟာ အထူးသျဖင္႔အာရံုစိုက္ေနရျပီး အဲဒီလုပ္ငန္းေတြဟာ တိုင္းျပည္စီးပြားေရးရဲ႕ ၆၀ ရာခိုင္နႈန္းရိွျပီး အလုပ္အကိုင္ရရိွမႈ ၈၀ ရာခိုင္နႈန္းရိွတယ္လို႔ တရုတ္ျပည္သူ႔ဘဏ္ အဆိုအရ သိရပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ ေဖေဖာ္၀ါရီလလယ္အထိ တရုတ္နွစ္သစ္ကူးကာလကို တုိုးျမင္႔ျခင္း၊ နုိင္ငံအတြင္း ခရီးသြားလာတာေတြကို ေလွ်ာ႔ခ်လိုက္တဲ႔ ဇန္န၀ါရီေနွာင္းပိုင္းမွစလို႔ အဲဒီကုမၸဏီအမ်ားစု နဲ႔ သူတို႔ရဲ႕ အလုပ္သမားေတြဟာ မ်ားေသာအားျဖင္႔ လုပ္ငန္းေတြ ရပ္နားခဲ႔ရပါတယ္။

ဒီလိုအေျခအေနေတြေၾကာင္႔ ကမၻာ႔ဒုတိယစီးပြားေရးအင္အားၾကီးတရုတ္နုိင္ငံရဲ႕ စီးပြားေရဟာ ပထမသံုးလပတ္ကာလမွာ သိသိသာသာက်ဆင္းသြားလိမ္႔မယ္လို႔ ကမၻာ႔တစ္၀န္းမွ ဗဟိုဘဏ္ေတြကို နို္င္ငံတကာေငြေၾကးရန္ပံုေငြအဖြဲ႔ ညႊန္ၾကားေရးမွဴးက ဂ်ီ-၂၀ အစည္းအေ၀းမွာ သတိေပးေျပာၾကားခဲ႔ပါတယ္။

ဗိုင္းရပ္စ္နွိမ္နွင္းေရးနဲ႔ပတ္သက္ျပီး တရုတ္နုိင္ငံဟာ ၾကီးမားတဲ႔ စမ္းသပ္မႈနဲ႔ ၾကံဳေတြ႔ေနရတယ္လို႔ သမၼတရိွီက်င္းပင္က ေဖေဖာ္၀ါရီ ၂၄ ရက္မွာ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW