ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးကျည်ထိပြီး မြောက်ဦးမြို့နယ်က ဒေသခံ ၄ ဦးဒဏ်ရာရ

ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးကျည်ထိပြီး မြောက်ဦးမြို့နယ်က ဒေသခံ ၄ ဦးဒဏ်ရာရ

မြောက်ဦး၊ မတ် ၈- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက၊ မြောက်ဦးမြို့နယ် မြောင်းဘွေတံတားအနီး ဒီကနေ့မနက် ၃ နာရီ ခွဲလောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဘူးတလုံးကျေးရွာက ဒေသခံ ၄ ဦးဒဏ်ရာရရှိသွားတာ ဖြစ်ပါတယ်။

လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသူတွေမှာ မြောက်ဦးမြို့နယ်၊ ဘူးတလုံးကျေးရွာက ၃ ဦးနဲ့ ပေါက်တောပြင် မူဆလင်ကျေးရွာသား မြောက်ဦးမြို့နယ် မြောင်းဘွေတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဦးထွန်းလှိုင်တို့ဖြစ်ပြီး ဦးထွန်းလှိုင်မှာ ခါးနဲ့ လက်ကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

” ကျနော်တို့က မနက်မိုးမလင်းမီ ၃ နာရီ မိနစ် ၄၀ လောက်ကတည်းက ပေါက်ကွဲသံတွေကြားပါတယ်။ ပေါက်ကွဲသံတွေက တဆက်တည်းဆိုသလို လက်နက်ကြီးလက်နက်ငယ်သံတွေ ကြားရတယ်။ ကျနော့်ကို ဘူးတလုံးရွာက မူဆလင်တွေ ဖုန်းဆက်လာတယ်။ ပထမဆုံးတစ်ယောက်ဖုန်းဆက်တာက အသက် ၃၀ လောက် အမျိုးသမီးတစ်ယောက်မှာ ဦးခေါင်းကို လက်နက်ကြီးကျည်စမှန်သွားတယ်လို့ ပြောတယ်။ သူ့ကိုတော့ မြောင်းဘွေဆေးရုံကိုပို့ထားတယ်။ ခဏလေးနေတော့ နောက်တစ်ယောက်ဖုန်းဆက်လာတယ်။ ၁၇ နှစ်သားနဲ့ ၅ နှစ်သားတွေ နှစ်ယောက်ထပ်ပြီး ဒဏ်ရာရတယ်။ အဲဒီလိုဘဲ ပစ်ခတ်သံတွေ ဆက်လက်ကြားတော့ မြောင်းဘွေတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတစ်ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။” လို့ ဘူးတလုံးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာညွှန့်က ပြောပြပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဘူးတလုံးကျေးရွာက ဒဏ်ရာရရှိသူ ၃ ဦးရှိပြီး အသက် (၁၇) နှစ်အရွယ် လော်တီထက် ခြေထောက်ဒဏ်ရာနဲ့ ချာချီအာလောင် အသက် (၅) နှစ်အရွယ်ကလေးမှာ ဦးခေါင်းဒဏ်ရာတို့ဖြစ်ပြီး သူတို့ဟာ ညီအစ်ကိုဖြစ်ကာ ဒေါ်အာချောင် အသက် (၃၀) နှစ်မှာ ဦးခေါင်းဒဏ်ရာ စတဲ့ဒဏ်ရာအသီးသီး ဒဏ်ရာရရှိသွားကြပါတယ်။

ဘူးတလုံးကျေးရွာ အုပ်ချုပ်ရေးမှူးပြောတာက ” မြောင်းဘွေတံတားမှာ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေတာရှိတယ်။ လုပ်ငန်းရပ်နားထားရင် တံတားအောက်က ဟိုဖက်ဒီဖက် တစ်ဖက်တစ်ချက်မှာ တပ်မတော်က နေရာယူထားတယ်။ အခုကတော့ ပစ်ခတ်သံတွေရပ်နေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရွာတွေက စိုးရိမ်မှုနဲ့ နေထိုင်နေရတယ်။” လို့ ပြောပါတယ်။

ယခုလို မြောက်ဦးမြို့နယ်က ဒေသခံ ၄ ယောက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး အေအေဖက်ကိုဆက်သွယ်ခဲ့ရာ တစုံတရာမှတ်ချက်ပေးပြောဆိုတာမရှိပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကိုဆက်သွယ်ခဲ့ပြီး သူက” အဲသတင်းတွေကျနော်မကြားမိသေးဘူးခင်ဗျား။ အဲဖက်က သတင်းတွေ ရောက်လာတာမရှိသေးဘူး။” လို့ ပြောပါတယ်။

အခုလိုမျိုး ပစ်ခတ်သံတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ရပြီး ဘူးတလုံးမူဆလင်ကျေးရွာက ဒေသခံတွေဟာ မြောက်ဦးမြို့နယ် ရှမ်းတောင်မူဆလင်ရွာသို့ ထွက်ပြေးကြကြောင်းနဲ့ မြောင်းဘွေချေကျေးရွာမှာ ဒေသခံတွေထွက်ပြေးသွားတာကြောင့် ကျေးရွာတွင်း လူတွေမရှိတော့တာကို ကြားသိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားတဲ့ ကာလတလျှောက် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးတာတွေ မြင့်တက်နေပြီး ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရရှိသူတွေရှိရင် ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတဲ့ အဖြေထွက်မလာဘဲ တစ်ဖက်နဲ့တဖက် အပြစ်ပုံချတာတွေ ရှိနေဆဲဖြစ်ပါတယ်။

#VOM #voiceofmyanmar #မြောက်ဦး #လက်နက်ကြီးကျည်ထိ #ဒေသခံလေးဦးဒဏ်ရာရ

Zawgyi

ပစ္ခတ္မႈေတြေၾကာင့္ လက္နက္ႀကီးက်ည္ထိၿပီး ေျမာက္ဦးၿမိဳ႕နယ္က ေဒသခံ ၄ ဦးဒဏ္ရာရ

ေျမာက္ဦး၊ မတ္ ၈- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက၊ ေျမာက္ဦးၿမိဳ႕နယ္ ေျမာင္းေဘြတံတားအနီး ဒီကေန႔မနက္ ၃ နာရီ ခြဲေလာက္က ပစ္ခတ္မႈေတြျဖစ္ပြားၿပီး ဘူးတလံုးေက်းရြာက ေဒသခံ ၄ ဦးဒဏ္ရာရ႐ွိသြားတာ ျဖစ္ပါတယ္။

လက္နက္ႀကီးက်ည္ထိမွန္ ဒဏ္ရာရ႐ွိသူေတြမွာ ေျမာက္ဦးၿမိဳ႕နယ္၊ ဘူးတလံုးေက်းရြာက ၃ ဦးနဲ႔ ေပါက္ေတာျပင္ မူဆလင္ေက်းရြာသား ေျမာက္ဦးၿမိဳ႕နယ္ ေျမာင္းေဘြတံတား ေဆာက္လုပ္ေရးလုပ္ငန္းခြင္က ဦးထြန္းလိႈင္တို႔ျဖစ္ၿပီး ဦးထြန္းလႈိင္မွာ ခါးနဲ႔ လက္ကို လက္နက္ႀကီးက်ည္စ ထိမွန္ဒဏ္ရာရ႐ွိသြားတယ္လုိ႔ သတင္းရ႐ွိပါတယ္။

” က်ေနာ္တို႔က မနက္မိုးမလင္းမီ ၃ နာရီ မိနစ္ ၄၀ ေလာက္ကတည္းက ေပါက္ကြဲသံေတြၾကားပါတယ္။ ေပါက္ကြဲသံေတြက တဆက္တည္းဆိုသလို လက္နက္ႀကီးလက္နက္ငယ္သံေတြ ၾကားရတယ္။ က်ေနာ့္ကို ဘူးတလံုးရြာက မူဆလင္ေတြ ဖုန္းဆက္လာတယ္။ ပထမဆံုးတစ္ေယာက္ဖုန္းဆက္တာက အသက္ ၃၀ ေလာက္ အမ်ိဳးသမီးတစ္ေယာက္မွာ ဦးေခါင္းကို လက္နက္ႀကီးက်ည္စမွန္သြားတယ္လို႔ ေျပာတယ္။ သူ႔ကိုေတာ့ ေျမာင္းေဘြေဆးရံုကိုပို႔ထားတယ္။ ခဏေလးေနေတာ့ ေနာက္တစ္ေယာက္ဖုန္းဆက္လာတယ္။ ၁၇ ႏွစ္သားနဲ႔ ၅ ႏွစ္သားေတြ ႏွစ္ေယာက္ထပ္ၿပီး ဒဏ္ရာရတယ္။ အဲဒီလိုဘဲ ပစ္ခတ္သံေတြ ဆက္လက္ၾကားေတာ့ ေျမာင္းေဘြတံတားေဆာက္လုပ္ေရးလုပ္ငန္းခြင္က အလုပ္သမားတစ္ေယာက္ ဒဏ္ရာရတယ္လို႔ ေျပာတယ္။” လို႔ ဘူးတလံုးေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္သာၫႊန္႔က ေျပာျပပါတယ္။

ပစ္ခတ္မႈေတြေၾကာင့္ ဘူးတလံုးေက်းရြာက ဒဏ္ရာရ႐ွိသူ ၃ ဦး႐ွိၿပီး အသက္ (၁၇) ႏွစ္အရြယ္ ေလာ္တီထက္ ေျခေထာက္ဒဏ္ရာနဲ႔ ခ်ာခ်ီအာေလာင္ အသက္ (၅) ႏွစ္အရြယ္ကေလးမွာ ဦးေခါင္းဒဏ္ရာတို႔ျဖစ္ၿပီး သူတို႔ဟာ ညီအစ္ကိုျဖစ္ကာ ေဒၚအာေခ်ာင္ အသက္ (၃၀) ႏွစ္မွာ ဦးေခါင္းဒဏ္ရာ စတဲ့ဒဏ္ရာအသီးသီး ဒဏ္ရာရ႐ွိသြားၾကပါတယ္။

ဘူးတလံုးေက်းရြာ အုပ္ခ်ဳပ္ေရးမႉးေျပာတာက ” ေျမာင္းေဘြတံတားမွာ ေဆာက္လုပ္ေရးလုပ္ငန္းေဆာင္ရြက္ေနတာ႐ွိတယ္။ လုပ္ငန္းရပ္နားထားရင္ တံတားေအာက္က ဟိုဖက္ဒီဖက္ တစ္ဖက္တစ္ခ်က္မွာ တပ္မေတာ္က ေနရာယူထားတယ္။ အခုကေတာ့ ပစ္ခတ္သံေတြရပ္ေနတယ္။ ဒါေပမယ့္ ပတ္ဝန္းက်င္ရြာေတြက စိုးရိမ္မႈနဲ႔ ေနထိုင္ေနရတယ္။” လို႔ ေျပာပါတယ္။

ယခုလို ေျမာက္ဦးၿမိဳ႕နယ္က ေဒသခံ ၄ ေယာက္ဒဏ္ရာရတာနဲ႔ ပတ္သက္ၿပီး ေအေအဖက္ကိုဆက္သြယ္ခဲ့ရာ တစံုတရာမွတ္ခ်က္ေပးေျပာဆိုတာမ႐ွိပါဘူး။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔အတြင္းေရးမႉးဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကိုဆက္သြယ္ခဲ့ၿပီး သူက” အဲသတင္းေတြက်ေနာ္မၾကားမိေသးဘူးခင္ဗ်ား။ အဲဖက္က သတင္းေတြ ေရာက္လာတာမ႐ွိေသးဘူး။” လို႔ ေျပာပါတယ္။

အခုလိုမ်ိဳး ပစ္ခတ္သံေတြေၾကာင့္ ေဒသခံေတြထြက္ေျပးတိမ္းေ႐ွာင္ရၿပီး ဘူးတလံုးမူဆလင္ေက်းရြာက ေဒသခံေတြဟာ ေျမာက္ဦးၿမိဳ႕နယ္ ႐ွမ္းေတာင္မူဆလင္ရြာသို႔ ထြက္ေျပးၾကေၾကာင္းနဲ႔ ေျမာင္းေဘြေခ်ေက်းရြာမွာ ေဒသခံေတြထြက္ေျပးသြားတာေၾကာင့္ ေက်းရြာတြင္း လူေတြမ႐ွိေတာ့တာကို ၾကားသိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္ပြားတဲ့ ကာလတေလ်ွာက္ အရပ္သားထိခိုက္ေသဆံုးမႈေတြနဲ႔ ေနရပ္စြန္႔ခြာထြက္ေျပးတာေတြ ျမင့္တက္ေနၿပီး ပစ္ခတ္မႈေတြေၾကာင့္ ဒဏ္ရာရ႐ွိသူေတြ႐ွိရင္ ဘယ္အဖြဲ႔က ပစ္ခတ္တယ္ဆိုတဲ႔ အေျဖထြက္မလာဘဲ တစ္ဖက္နဲ႔တဖက္ အျပစ္ပံုခ်တာေတြ ႐ွိေနဆဲျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေျမာက္ဦး #လက္နက္ႀကီးက်ည္ထိ #ေဒသခံေလးဦးဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW